မလေးရှားနိုင်ငံ၊ဆလန်ဂေါပြည်နယ်၊ရိုဟင်ဂျာအများဆုံးနေထိုင်သောဆီရီကန်ဘာကန်တွင်လူဝင်မူကြီးကြပ်ရေးဌာနမှဝင်ရောက်ဖမ်းဆီးရာတရားဝင်အထောက်အထားမရှိသူ၄၉၆ဦးဖမ်းဆီးနိုင်ခဲ့သည်။
ဇူလိုင် ၁၅ရက်နေ့ ည ၁၀နာရီခန့်တွင်စတင်ခဲ့ပြီး တိုက်ခန်းတစ်ခန်းရှိ ဒုတိယထပ် နေအိမ်သုံးထပ်နောက်တွင် ဝှက်ထားသော အွန်လိုင်းလောင်းကစားလှုပ်ရှားမှုများကိုလည်း ဖော်ထုတ်တွေ့ရှိခဲ့သည့်အပြင်လူနေအိမ်ဘလော ၄ခုကိုဝင်ရောက်ဖမ်းဆီးခဲ့ကြောင်းထုတ်ပြန်ထားသည်။
ဖမ်းဆီးခံရသူ ၄၉၆ ဦးတွင်မြန်မာနိုင်ငံသား
အမျိုးသား ၂၇၅ဦး၊အမျိုးသမီး၈၀ဦးနှင့်ကလေး ၃၀ဦး၊ အင်ဒိုနီးရှားအမျိုးသား ၃၇ ဦးနှင့် အမျိုးသမီး၂၅ ဦး၊ဘင်္ဂလားဒေ့ရှ်အမျိုးသား ၁၅ ဦး၊ ပါကစ္စတန် အမျိုးသား၁၃ ဦး၊ ပါကစ္စတန် အမျိုးသား ၁၄ ဦး၊ ထိုင်း အမျိုးသား ၃ ဦး၊ ထိုင်း အမျိုးသမီး ၁ ဦး၊ ကမ္ဘောဒီးယား အမျိုးသမီး ၁ ဦးနဲ့ ကမ္ဘောဒီးယား ကလေးငယ် ၂ ဦးတိုပါဝင်သည်။.
အဖမ်းခံရသူများအားဆက်လက်စစ်ဆေးနိုင်ရေးအတွက်စမုန်ညင်းကန့်တွင်ထိမ်းသိမ်းထားကြောင်းထုတ်ပြန်ထားသည်။
မလေးရှားနိုင်ငံနေရာစုံအော်ပါရာစီဆက်တိုက်ဖမ်းဆီးမူတွေပြုလုပ်နေတယ်၊တရက်တည်းကို လေးနေရာလောက်ဝင်ဖမ်းနေကြတယ်၊ပိုပြီးဂရုစိုက်ရန်လိုအပ်တယ်။