##အင်္ကျီချုပ်တာ ပုံမကျလို့ဆိုကာ စကားများရန်ဖြစ်ပြီး သေဆုံး (ရုပ်/သံ)

by

in

“မနေ့က တောင်ဥက္ကလာက အပ်ချုပ်ဆိုင်လူသ-တ်မှု ဖြစ်စဉ်ကိုအမိအရ ရိုက်ကူးထားတဲ့(ရုပ်\သံ) ❗️ကြည့်ရဲမှကြည့်ပါ❗️”
##အင်္ကျီချုပ်တာ ပုံမကျလို့ဆိုကာ စကားများရန်ဖြစ်ပြီး သေဆုံး (ရုပ်/သံ)
DBA (စက်တင်ဘာ) ၈
ရန်ကုန်တိုင်း တောင်ဥက္ကလာပမြို့နယ်၊(၇)ရပ်ကွက်၊ သီရိဇေယျာ (၁၈) လမ်းရှိ စက်ချုပ်ဆိုင်တစ်ဆိုင်မှာ အပ်ထားတဲ့ အင်္ကျီချုပ်တာ ပုံမကျလို့ အထည်အပ်သူအမျိုးသမီးနဲ့ စက်ချုပ် ဆိုင်ပိုင်ရှင်အမျိုးသမီးတို့ စကားများရန်ဖြစ်ကြပြီး ကိုယ်ဝန်ရှိတဲ့အင်္ကျီချုပ်သူ ဓါးထိုးခံရပြီး သေဆုံးခဲ့မှုဖြစ်ပွားခဲ့ပါတယ်။
စက်တင်ဘာ၇ရက်နေ့ နေ့လည်ပိုင်းအချိန်က အထည်အပ်သူဘက်က အဖော်ပါလာတဲ့ အမျိုးသမီးနဲ့ ‌ပေါင်းကာ အပ်ချုပ် ဆိုင်ပိုင်ရှင်အမျိုးသမီးကို ဝိုင်းဝန်းရိုက်နှက်ခဲ့တဲ့အတွက် စက်ချုပ်ဆိုင် ဖွင့်လှစ်ထားသူရဲ့ဖခင်က ဝင်ရောက်ဖြန်ဖြေတာကို အင်္ကျီအပ်သူ အမျိုးသမီးရဲ့ယောက်ျားက ဓားနဲ့ဝင်ခုတ်ခဲ့ပြီး ထွက်ပြေးသွားတာ ဖြစ်တယ်လို့ မျက်မြင်တွေ့သူတစ်ဦး ကပြောပါတယ်။
သေဆုံးသွားတဲ့ စက်ချုပ်ဆိုင်ပိုင်ရှင်ဖြစ်သူ အမျိုးသမီးတွင်( ၇)နှစ်အရွယ်ကလေးတစ်ဦးရှိသလို ဗိုက်ထဲမှာလည်း ကိုယ်ဝန်ကြီးနေတာ ဖြစ်တယ်လို့သိရပြီး ပြစ်မှုကျူးလွန်သူတွေကို တော့ဖမ်းဆီးရမိတာ မရှိသေးဘူးလို့ သိရပါတယ်။
#Crd
DBA Myanmar