စစ်ကောင်စီကမန္တလေးမှာNon CDMဝန်ထမ်းတွေကို မဲနှိုက်ပြီး ရွေးကောက်ပွဲသင်တန်းတက်ခိုင်း
ဇူလိုင်-၁၃၊၂၀၂၅။မေရီ/People’s Spring
မန္တလေးတိုင်းက မြို့နယ်တွေမှာ စစ်ကောင်စီလုပ်မယ့်ရွေးကောက်ပွဲအတွက်ဆိုပြီး Non CDM
ဝန်ထမ်းတွေမဲနှိုက်ပြီးသင်တန်းတက်ခိုင်းနေကြောင်းသတင်းရရှိပါတယ်။
ဇူလိုင် ပထမပတ်ကစပြီး မန္တလေးမြို့ပေါ်နဲ့ တိုင်းအတွင်းက မြို့နယ်တွေမှာ စစ်ကောင်စီက Non
CDM ကျောင်းဆရာ/ဆရာမတွေနဲ့ အခြားဌာနဆိုင်ရာဝန်ထမ်းတွေကိုရွေးကောက်ပွဲအတွက်ဆိုပြီးသင်တန်းတွေ ပေးနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
“ဆမရထားတဲ့( ကျန်းမာရေးဝန်ထမ်း)တွေရောမဲနှိုက်ပြီးတက်ခိုင်းနေတာ”လို့ဝန်ထမ်းတွေနဲ့ နီးစပ်သူတဦးက ပြောပါတယ်။
သင်တန်းတက်နေရတဲ့ ဌာနတွေရဲ့အမည်စာရင်းကိုတော့ လူထုနွေဦးက မသိရသေးပါဘူး။
မန္တလေးတိုင်းထဲက ဝမ်းတွင်းမြို့ အထွေထွေအုပ်
ချုပ်ရေးမှူးရုံးထဲမှာလည်းNon CDM ၇၀ ကျော်ကို ရွေးကောက်ပွဲသင်တန်းပေးနေပြီး မြို့နယ်
တခုလုံးအတွက် သင်တန်းဆယ်ကြိမ်ပြုလုပ်မယ်လို့ သတင်းရကြောင်း Voice Of Wundwin အဖွဲ့က ပြောပါတယ်။
မလှိုင်မြို့နယ်မှာတော့ စစ်ကောင်စီဝန်ထမ်းတွေကို ရွေးကောက်ပွဲသင်တန်းပေးနေတာ ၃ ရက်ရှိပြီလို့ သိရပြီး တစ်ကြိမ်ကို လူ ၆၀ ခန့် သင်တန်းပေးမယ်လို့ သိရကြောင်း မလှိုင်လူထုသတင်းကွန်ရက်က ဆိုပါတယ်။
ပြည်သူတွေအနေနဲ့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို အထောက်အကူပေးနေတဲ့Non CDM ဝန်ထမ်း
တွေကို သတင်းပေးကြဖို့ ဝမ်းတွင်းအခြေစိုက် တော်လှန်ရေးအဖွဲ့ Wundwin Township Revolution Forceအဖွဲ့ကအသိပေးထားပါတယ်။
စစ်ကောင်စီပြုလုပ်မယ့် ရွေးကောက်ပွဲကို မပူး
ပေါင်းကြဖို့ တော်လှန်ရေးအဖွဲ့အစည်းတွေက သတိပေးထားပြီး ဇူလိုင် ၁၁ ရက် ညကလည်း ရွေးကောက်ပွဲအတွက်ပြင်နေတဲ့ မြောက်ဥက္ကာလာပ ပြည်ခိုင်ဖြိုးရုံးကိုတော်လှန်ရေးနှစ်ဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့ပါသေးတယ်။
(စစ်ကောင်စီက ထုတ်ပြန်ထားတဲ့ ဝန်ထမ်းတွေကို အီလက်ထရောနစ်စနစ်နဲ့ မဲပေးပုံ သင်ပြနေတဲ့ဓာတ်ပုံ)