ရွှေပြည်သာ အမှတ် ၂ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး ထိခိုက်မှု စုံစမ်းနေဆဲ (ရုပ်/သံ)

by

in

ရွှေပြည်သာ အမှတ် ၂ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး ထိခိုက်မှု စုံစမ်းနေဆဲ (ရုပ်/သံ)
ရန်ကုန်၊ စက်တင်ဘာ ၈

ရန်ကုန်မြို့ ရွှေပြည်သာမြို့နယ် အမှတ် ၂ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
ယမန်နေ့ စက်တင်ဘာ ၇ ရက်နေ့ ည ၇ နာရီ ၅ မိနစ်အချိန် ပြည်သူများကို အမျိုးမျိုးဒုက္ခပေးနေသည့် အကြမ်းဖက်စစ်သား၊ အုပ်ချုပ်ရေးမှူးနှင့် ပျူစောထီးများ စုစည်းနေသည့် ရွှေပြည်သာမြို့နယ် အမှတ် ၂ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို အဝေးထိန်းမိုင်း ၂ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
“Vitamin for UG Campaign ထဲမှာ ပါတဲ့ အဖွဲ့တစ်ဖွဲ့လုပ်တာပါ။ ည ၇ နာရီမှာ လုပ်ပြီးတော့ ၉ နာရီမှာ ရဲဘော်တွေ ဘေးကင်းအောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။ စစ်ကောင်စီ ဘက်က အသေအဆုံးစာရင်းကိုတော့ စုံစမ်း စိစစ်နေဆဲဖြစ်ပါတယ်။ သူတို့နဲ့ ပတ်သက်တဲ့ စစ်ရေးဖော်ဆောင်မှုတွေကိုတော့ ကျနော်နဲ့ မပတ်သက်ပါဘူး။ Vitamin for UG Campaign ကနေ လစဉ်အထောက်အပံ့ မန်ဘာတွေကနေ တစ်ဆင့် ထောက်ပံ့ကူညီပေးနေတာပါ” ဟု CDM ဗိုလ်ကြီး ဇင်ယော်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့‌ ပြောကြားသည်။
အဆိုပါ စစ်ဆင်ရေး တိုက်ခိုက်မှုကို Black Tiger UG Team ၏ ရဲဘော်များနှင့် ရွှေပြည်သာ ပကဖ ရဲဘော်များ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း၊ အကြမ်း ဖက်စစ်အုပ်စုနှင့် ပူးပေါင်း၍ ပြည်သူကို ဒုက္ခပေးနေသူမှန်သမျှကို ဆက်လက်အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း Black Tiger UG Team နှင့် ရွှေပြည်သာမြို့နယ် ပကဖတို့က သတိပေး ထုတ်ပြန်ထားသည်။