မင်းလှတွင် လက်နက်ကိုင် အုပ်ချုပ်ရေးမှူး ညွှန့်မြိုင် ပစ်ခတ်ခံရပြီး သေဆုံး၊ လက်ပစ်ဗုံး ၂ လုံးနှင့် သေနတ် ၁ လက် သိမ်းဆည်းရရှိ

by

in

ရန်ကုန်၊ ဩဂုတ် ၅

ပဲခူးတိုင်း၊ မင်းလှမြို့နယ်တွင် ကျည်လွဲအဆောင်ရှိသည်ဟု နာမည်ကြီးနေသည့် ဘွတ်စိန်ဘုရွာ လက်နက်ကိုင် အုပ်ချုပ်ရေးမှူး ညွှန့်မြိုင်ကို ပစ်ခတ်တိုက်ခိုက်ရာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း မြေအောက်ပြောက်ကျား တပ်ဖွဲ့ (အုတ်ဖို) မှ တာ ဝန် ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ယနေ့ ဩဂုတ်လ ၅ ရက်နေ့ နံနက် ၉ နာရီခန့်တွင် မင်းလှမြို့နယ်၊ ဘွတ်စိန်ဘုရွာ အုပ်ချုပ်ရေးမှူး ညွှန့်မြိုင်သည် ဘွတ်စိန်ဘု ရွာထိပ် တံတားအနီးတွင် ဆိုင်ကယ်စီးလာစဉ် သာယာဝတီခရိုင် တပ်ရင်း ၃၈၀ ၂ ၊ တပ်ခွဲ ၄ မြေအောက်ပြောက် ကျားတပ်ဖွဲ့ အုတ်ဖို မှ ရဲဘော်များက သေနတ်ဖြင့် ၁၂ ချက် ပစ်ခတ် တိုက် ခိုက်ရာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရှိရသည်။
သေဆုံးသွားသော ညွှန့်မြိုင်ထံမှ သေနတ် အတို ၁ လက်၊ လက်ပစ်ဗုံး ၂ လုံး၊ ကျည် ၁၆ တောင့်၊ လေးခွဲ ၁ လက်၊ ကျည်ကာအင်္ကျီ ၁ ထည် ၊ ဆိုင်ကယ် ၁ စီး၊ မိုလ်ဘိုင်းဖုန်း ၁ လုံး၊ ငွေသား ၁၂၅၀၀၀ ကျပ်၊ မှတ်ပုံတင် ၁ ခု၊ စစ်မှုထမ်း ဟောင်း ပင်စင်ငွေထုတ် ကတ် ၁ ခုတို့ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ အုပ်ချုပ်ရေးမှူး ညွှန့်မြိုင်သည် ကျည်လွဲအဆောင်ရှိသူဟု နာမည်ကြီးနေသည့် စစ်မှုထမ်းဟောင်း အကြမ်းဖက် စစ်တပ် ထောက်တိုင် အမာခံတစ်ဦးဖြစ်ကြောင်း၊ တော်လှန်ရေးတပ်ဖွဲ့များနှင့် PDF ရဲဘော်များ၏ အချက်အလက်များကို စစ်တပ်ထံ ထောက်လှမ်း သတင်းပို့ခြင်း၊ စစ်တပ် အလိုကျ ပြည်သူများကို အတင်းအကြပ် ခြိမ်းခြောက်၍ စစ်မှုထမ်းရန် လူစုပေးခြင်းနှင့် ငွေကြေးကောက်ခံခြင်း ၊ ပြည်သူများကို စစ်တပ်အားကိုးဖြင့် အမျိုးမျိုး ဒုက္ခပေးနေ၍ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၉ ရက်နေ့က တော်လှန်ရေး တပ်ဖွဲ့များက သတိပေး ပစ်ခတ်ခဲ့မှုကြောင့် တာဝန်မှ နုတ်ထွက်သည်ဟု သတင်းလွှင့်၍ ယခင်ကထက် ပြည်သူများ အပေါ် ပိုမိုဖိနှိပ်လာခြင်း၊ လက်နက်ကိုင် ရမ်းကားလာသော ကြောင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း မြေအောက်ပြောက်ကျား တပ်ဖွဲ့ (အုတ်ဖို) မှ တာဝန်ရှိသူ တစ်ဦးက ရှင်းပြသည်။
ထို့ပြင် ပြည်သူများနှင့် တော်လှန်ရေးတပ်ဖွဲ့များကို ဒုက္ခပေးနေသူများ၊ စစ်မှုထမ်းရန် အတင်းအကျပ် လူစုခြင်းနှင့် ခြိမ်း ခြောက်ငွေတောင်းနေသည့် အကြမ်းဖက် စစ်တပ် ထောက်တိုင်များကို ပြင်းပြင်းထန်ထန် အရေးယူသွားမည်ဖြစ်၍ အဆိုပါထောက်တိုင်များအနီး ပြည်သူများအနေဖြင့် သွားလာနေထိုင်ခြင်း မပြုလုပ်ကြရန် မြေအောက်ပြောက်ကျား တပ်ဖွဲ့ (အုတ်ဖို) မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက်ပြောဆိုသည်။