မတ္တရာမြို့နယ် အ​ရှေ့ခြမ်းမှာတိုက်ပွဲပြင်းထန်နေ ■လပခ က မန္တလေး-မတ္တရာကားလမ်းပိုင်းကို ပြန်မရရင်တပ်ပြန်ဆုတ်ခွင့်မပြုပဲ မရမချင်းတိုက်ရမယ်လို့အမိန့်ပေးထားဟုဆို

by

in

မတ္တရာမြို့နယ် အ​ရှေ့ခြမ်းမှာတိုက်ပွဲပြင်းထန်နေ
■လပခ က မန္တလေး-မတ္တရာကားလမ်းပိုင်းကို ပြန်မရရင်တပ်ပြန်ဆုတ်ခွင့်မပြုပဲ မရမချင်းတိုက်ရမယ်လို့အမိန့်ပေးထားဟုဆို
ဇွန်-၂၀၊၂၀၂၅။ကိုဘီဂျီ၊ရှိန်း/ People’s Spring

မတ္တရာမြို့နယ်အရှေ့ဘက် မန္တလေးမြို့၊ပုသိမ်ကြီးမြို့နယ်အနီးမှာ အခုရက်ပိုင်းအတွင်း တိုက်ပွဲတွေပြင်းထန်နေတယ်လို့ တော်လှန်ရေးရဲဘော်တွေက ပြောပါတယ်။
မတ္တရာမြို့အရှေ့ဘက် (၅)မိုင်ခန့်ကွာဝေးတဲ့ ကျောက်တံတားရွာနဲ့ ပုသိမ်ကြီးမြို့နယ်အစပ်က ထန်းပင်ကုန်းကျေးရွာတို့မှာ တိုက်ပွဲတွေဖြစ်နေတာလို့ တော်လှန်ရေးရဲဘော်တွေက ပြောပါတယ်။
​ကျောက်တံတားရွာမှာ ၂၀၂၄ နှစ်လယ်ပိုင်းကတည်းက တိုက်ပွဲ​တွေပြင်းထန်ခဲ့ပြီး ဘယ်ဘက်ကမှဘမထိန်းချုပ်နိုင်ခဲ့တဲ့ ရွာဖြစ်ပါတယ် ။ ထန်း
ပင်ကုန်းရွာကို​တော့ ပြည်သူ့ကာကွယ်​ရေးမန္တ​လေး
(မန္တ​လေးPDF )က ၂၀၂၄ ခုနှစ် ဇူလိုင်လကုန်ပိုင်းကတည်းက သိမ်းပိုက်ထိန်းချုပ်ထားတာဖြစ်ပါတယ်။
“မနေ့က တနေကုန်တိုက်ပွဲပြင်းထန်တယ်ပြောတယ်။ လေကြောင်းလည်း တနေကုန်ပဲလို့ သ
တင်းပို့တယ်”လို့မတ္တရာအရှေ့ခြမ်းကတော်လှန်ရေးတပ်ဖွဲ့တစ်ခုရဲ့ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။
စစ်ကောင်စီက မတ္တရာမြို့ပေါ်နဲ့ မြို့နယ်ရဲ့ အ
နောက်ဘက်ခြမ်းကို စိုးမိုးထားပြီး တော်လှန်ရေးတပ်ဖွဲ့တွေက မတ္တရာမြို့နယ်ရဲ့ အရှေ့ဘက်းခြမ်းကို စိုးမိုးထားတယ်လို့ မြေပြင်က ရဲဘော်တစ်ဦးက ပြောပါတယ်။
စစ်ကောင်စီစိုးမိုးထားတဲ့ မတ္တရာအနောက်ခြမ်းက ကျေးရွာတွေဟာ မီးရှို့ဖျက်ဆီးခံရမှုကြောင့် ပျက်
စီးကုန်ပြီလို့လည်း ၎င်းက ပြောပါတယ်။ ဒါ့အပြင် ကျေးရွာတွေက ဒေသခံပြည်သူအများအပြားဟာ စစ်ဘေးတိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။
“အရှေ့ဘက်ခြမ်းမှာတော့ တိုက်ပွဲက နေ့တိုင်းလိုလိုတော့ ဖြစ်နေတာပဲ။ အခုရက်ကတော့ ပိုကြမ်းလာတာ။ သူတို့က လေကြောင်းကနေလည်း ထင်တိုင်းကြဲနေတာ”လို့ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။
ဇွန်လ ၁၉ရက်က တိုက်ပွဲအတွင်းမှာ စစ်ကောင်စီက Y-12၊ Jet Fighterတို့နဲ့တနေကုန် လေ
ကြောင်းကနေ ပစ်ကူပေးခဲ့တယ်လို့လည်း ဆက်ပြောပါတယ်။
တိုက်ပွဲဖြစ်ပွားနေတဲ့ ကျောက်တံတားကျေးရွာ အရှေ့ဘက်က နယ်မြေစပ်ဆက်နေတဲ့ ရှမ်းပြည်
နယ်မြောက်ပိုင်းကနောင်ချိုမြို့နယ်ရဲ့ အုမ္မသီး
ကျေးရွာနဲ့ ရေမောင်းတန်းကျေးရွာတွေမှာလည်း အခုရက်ပိုင်းအတွင်း တိုက်ပွဲတွေဖြစ်နေပါတယ်။
မန္တ​လေးမြို့ နန်းတွင်းမှာ အ​ခြေစိုက်တဲ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(လပခ)က မန္တလေး-မတ္တရာကားလမ်းပိုင်းကို ပြန်မရရင်တပ်ပြန်ဆုတ်ခွင့်မပြုဘဲ မရမချင်းတိုက်ရမယ် လို့ အမိန့် ပေးထားတယ်လို့ စစ်​ကောင်စီရဲ့ အရင်းမြစ် အချို့ဆီက စုံစမ်းသိရပါတယ်။
မတ္တရာမြို့နယ်အရှေ့ခြမ်းကိုစစ်ကောင်စီ တပ်က ပြန်လည်သိမ်းယူဖို့ ကြိုးစားနေတာ နှစ်ဝက်‌​ကျော်ပြီဖြစ်​ပေမယ့် မန္တ​လေး PDF သိမ်းပိုက်ထားတဲ့စစ်စခန်း​တွေ ၊​​ဒေသ​တွေကို ပြန်လည်သိမ်းပိုက်နိုင်ခြင်းမရှိပါဘူး ။ မန္တ​လေးPDF က ၁၀၂၇ စစ်ဆင်​ရေးနဲ့ ရှမ်းမန်း စစ်ဆင်​ရေးအတွင်းမှာ မတ္တရာမြို့နယ် အ​ရှေ့ခြမ်းက စစ်စခန်း ၄၀ ခန့်ကို သိမ်းပိုက်ပြီး မတ္တရာမြို့နယ် အ​ရှေ့ပိုင်းကို သိမ်းပိုက်ထိန်းချုပ်ထားတာဖြစ်ပါတယ် ။
အင်ကြင်းမြိုင် ​လေ​ကြောင်းရန်ကာကွယ်​ရေးတပ်စခန်း ၊ဆည်​တော်ကြီးစခန်း ၊​ဖ​ယောင်​တောင်စခန်း ၊​ရွှေပထိုးတပ်စခန်း ၊ Alpha ဘီးလပ်​မြေတပ်စခန်း စတဲ့ လူသိများတဲ့တပ်စခန်း​တွေကို မန္တ​​လေး PDF နဲ့မဟာမိတ်​တွေက သိမ်းပိုက်ထိန်းချုပ်ထားတာဖြစ်ပါတယ် ။ ရှမ်း မန်းစစ်ဆင်​ရေးအတွင်းမှာ မန္တ​လေးPDF ဟာ မဟာမိတ်​တွေနဲ့အတူ စဥ့်ကူး၊​နောင်ချို ၊မိုးကုတ် ၊မိုးမိတ် ၊သပိတ်ကျင်း စတဲ့မြို့​တွေကိုလည်းသိမ်းပိုက်ခဲ့ပါတယ် ။
၂၀၂၅ ခုနှစ် ဇွန်လပထမပတ်အတွင်းမှာ စစ်​ကောင်စီက အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကနေ စစ်သားအများအပြားစစ်ကူထပ်မံပို့ဆောင်ခဲ့တယ်လို့သိရပါတယ်။
“ဖယောင်း တောင်၊အယ်ဖာ ၊မန္တလေး-မတ္တရာလမ်းပိုင်းကို ရအောင်တိုက်ရမယ်။ဦးစား‌ပေးက တော့ လမ်းထိန်းချုပ်နိုင် အောင်လုပ်ရမယ်။အဲတာပြီးမှ ကျန်တဲ့ နေရာပြန်ထိန်းရမှာ”လို့စစ်​ကောင်စီသ
တင်းအရင်းမြစ်တဦး က စစ်တပ်ရဲ့ အစီအစဥ်ကိုပြောပါတယ်။
ဇွန်၁၈ရက်နေ့ကမတ္တရာမြို့နယ် အရှေ့ခြမ်း ထန်း
ပင်ကုန်းရွာအနီးတိုက်ပွဲဖြစ်ခဲ့ပြီး စစ်တပ်က ဗိုလ်ကြီးတဦးရဲ့ အလောင်းရရှိခဲ့တယ်လို့ တော်လှန် ရေးတပ်နဲ့နီးစပ်သူ တွေဆီကသိရပါတယ်။
“မနေ့ည နေပိုင်းက မတ္တရာအရှေ့ခြမ်းက ဒေသခံ တွေ ထပ်ပြီး စစ်ရှောင်လာကြ သေးတယ်။ညကလည်း လက်နက်ကြီးသံ တွေတအုန်းအုန်းနဲ့ပဲ”လို့ ပုသိမ်ကြီးမြို့နယ်က ဒေသခံ တဦး ကပြောပါတယ်။
တိုက်ပွဲဟာ ပြီးခဲ့တဲ့ တပတ်အတွင်းဆက်တိုက်ဖြစ်ပွားခဲ့ပြီး ဒီနေ့ (ဇွန် ၂၀) တော့ငြိမ်သက်နေတယ်လို့ ဒေသခံအမျိုးသားတဦး က‌ ပြောပါတယ်။
“မနက်ကတည်းတိုက်ပွဲ ငြိမ် နေတယ်။ဒီနေ့ နှစ်ဖက်လုံးက အသံတိတ် နေတယ်”လို့ဆိုပါတယ်။
(၁၀၂၇ စစ်ဆင်​ရေးဒုတိယလှိုင်း (​ခေါ်)ရှမ်းမန်းစစ်ဆင်​ရေးမှာ မတ္တရာမြို့နယ် အ​ရှေ့က စစ်စခန်း​တွေကို သိမ်းပိုက်ခဲ့တဲ့ မန္တ​လေးPDF တပ်ဖွဲ့ဝင်​တွေနဲ့ သိမ်းယူခဲ့တဲ့စခန်းများပြ အင်ဖိုဂရပ်။
ဓါတ်ပုံ-MDY-PDF )