ရန်ကုန်မြို့တွင်သူခိုးကအိမ်ရှင်လင်မယားကိုဓါး
ဖြင့်ထိုး ခင်ပွန်းသေဆုံးပြီး ဇနီးသည်ဒဏ်ရာရ
ဇွန်-၂၁၊၂၀၂၅။ဧရာ/People’s Spring
ရန်ကုန်မြို့၊ဒဂုံမြို့သစ်တောင်ပိုင်းရှိသုခဒဂုံအိမ်
ယာတွင် နေအိမ်အတွင်းပစ္စည်းဝင်ခိုးသူက အိမ်
ရှင်လင်မယားကို ဓားဖြင့် ထိုးသတ်သွားရာ ယောင်္ကျားဖြစ်သူ သေဆုံးပြီး မိန်းမဖြစ်သူ ဒဏ်ရာရသွားသည်။
ယနေ့(ဇွန်လ ၂၁ရက်)နံနက်အစောပိုင်းတွင် သုခဒဂုံအိမ်ယာ၏ E-1 တိုက်ခန်း၌ဖြစ်ပွားခဲ့ခြင်းဖြစ်
သည်။
တိုက်ခန်းအတွင်း သူခိုးဝင်ခိုးနေသည်ကို အိမ်ရှင်အမျိုးသားကတွေ့မြင်သွားပြီးဖမ်းရန်ကြိုးစားစဥ် သူခိုးက ဓားဖြင့် ထိုးပြေးခြင်းဟု ယင်းအိမ်ယာ၌
နေသူတစ်ဦးကပြောသည်။
“ဓားနဲ့၁၉ချက်တောင်အထိုးခံရတာ။မိန်းမလည်း ဓားဒဏ်ရာတွေနဲ့။ မိန်းမဖြစ်သူကတော့ဆေးရုံမှာပါ။သူခိုးကို ဝမ်းဖမ်းတာမိတယ်”ဟု၎င်းကပြော
သည်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း တိုင်းပြည်စီးပွားပျက်ကာ ကုန်ဈေးနှုန်းကြီးမြင့်ခြင်း၊ အလုပ်
လက်မဲ့လူဦးရေများပြားလာခြင်းတို့ကြောင့် ခိုးဆိုးလုယက်မှုများနှင့် ရာဇဝတ်မှုများ ပိုများလာပြီး နေ့စဉ်လူနေမှုဘဝတွင် မလုံခြုံတော့ကြောင်းရန်ကုန်မြို့ခံများကပြောသည်။
ရန်ကုန်၊မန္တလေးအပါအဝင် မြို့အများအပြား၌ လုယက်သတ်ဖြတ်မှုများ၊ရွှေဆိုင်ဓားပြတိုက်မှုများ မကြာခဏဖြစ်ပွားနေပြီး ကျူးလွန်သူများတွင် စစ်သားများ ၊ ရဲများ ၊ပြည်သူ့စစ်ခေါ် ပျူစောထီးများ ကိုယ်တိုင်မကြာခဏပါဝင်နေသည်။
(ဓာတ်ပုံ – ရွှေမေတ္တာလူမှုကူညီရေးအသင်း)