ကော့ကရိတ်-ကျုံဒိုးလမ်းပိုင်းမှာတိုက်ပွဲပြင်းထန်၊ ဇွန်၁၉ တိုက်ပွဲစစ်သား ၄၀ ​ကျော်​သေဆုံး ■လက်နက်ခဲယမ်းအများအပြား​တော်လှန်​ရေးအဖွဲ့ သိမ်းဆည်းရရှိ ■စစ်အာဏာရှင်အတွက် အသက်မရင်းပဲ အမြန်အလင်းဝင်ကြရန်Lion Battalionစစ်ကြောင်းသတိ​ပေး

by

in

ကော့ကရိတ်-ကျုံဒိုးလမ်းပိုင်းမှာတိုက်ပွဲပြင်းထန်၊ ဇွန်၁၉ တိုက်ပွဲစစ်သား ၄၀ ​ကျော်​သေဆုံး
■လက်နက်ခဲယမ်းအများအပြား​တော်လှန်​ရေးအဖွဲ့ သိမ်းဆည်းရရှိ
■စစ်အာဏာရှင်အတွက် အသက်မရင်းပဲ အမြန်အလင်းဝင်ကြရန်Lion Battalionစစ်ကြောင်းသတိ​ပေး
ဇွန်-၂၀၊ ၂၀၂၅/People’s Spring

ကရင်ပြည်နယ်၊ ကော့ကရိတ်-ကျုံဒိုးလမ်းပိုင်းမှာ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ် သေ
ဆုံးမှုများနေတယ်လို့ Lion Battalion စစ်
ကြောင်း သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ရဲဘော်စောပေါ်ဦးကပြောပါတယ်။
မနေ့က(ဇွန်လ ၁၉ရက်)မှာကျုံဒိုးမြို့ကနေ စစ်
ကြောင်းထွက်လာတဲ့ စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၄၀ကျော်သေဆုံးပြီး လက်နက်ခဲယမ်းတွေလည်း ရခဲ့တယ်လို့ Lion Battalion စစ်ကြောင်းက ပြောပါတယ်။ Lion Battalion စစ်ကြောင်းဟာ ကျုံဒိုးမြို့တိုက်
ပွဲကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မ
တော်(KNLA)၊၊PDFတွေနဲ့ ပူးပေါင်းတိုက်ခိုက်
နေတာပါ။
“နေ့စဉ်ရက်ဆက်တော့ တော်လှန်ရေးတပ်တွေက ကျုံဒိုးဘက်ခြမ်းကိုတော့ ဝိုင်းတားနေပါတယ်။ အဲဘက်ကနေ စစ်ကြောင်းထိုးထိုးပြီးထွက်လာနေတာပေါ့။ကျနော်တို့နဲ့ ပူးပေါင်းအဖွဲ့တွေကတော့ ကြားဖြတ်ချေမှုန်းနေတာပေါ့နော်။ နေ့စဉ်ရက်
ဆက်ကတော့ တိုက်ပွဲတွေဖြစ်နေတာပေါ့။ ပြောမယ်ဆို မနေ့က(ဇွန်လ ၁၉ရက်)တိုက်ပွဲမှာ အယောက်၄၀ကျော်လောက်တော့ ဒီကောင်တွေ(စစ်ကောင်စီတပ်)ကသေသွားတယ်ပေါ့နော်။ လက်
နက်ခဲယမ်းလည်း အပြည့်အစုံရပါတယ်”လို့ ရဲဘော်စောပေါ်ဦးက ပြောပါတယ်။
စစ်ကောင်စီရဲ့ တပ်မ(၄၄)နဲ့ တပ်မ(၅၅) ပူး​ပေါင်းစစ်ကြောင်းကို ရွှေနန်းတောင်စစ်ဆင်ရေးအနေနဲ့ ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ Lion Battalion စစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီတပ်ဟာ ကျုံဒိုးမြို့ကနေ စစ်ကြောင်းထိုးနေပြီး အင်အားရာဂဏန်းနဲ့ တိုးလာနေတာလို့ Lion Battalion စစ်ကြောင်းက ပြောပါတယ်။
အဲဒီလမ်းပိုင်းက ခုနစ်တိုင်အနီးမှာ တိုက်ပွဲတွေဖြစ်နေတာလို့လည်း ပြောပါတယ်။
တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ကျုံဒိုးမြို့တိုက်ပွဲကို ပြီးခဲ့တဲ့ ဧပြီ ၁၃ရက်ကလောက်ကတည်းက စတင်တိုက်ပွဲဖော်ဆောင်နေတာလို့လည်းသူကပြောပါတယ်။
“ဖမ်းမိတဲ့သူတွေထဲမှာလည်း မတရားစစ်မှုထမ်းက လူငယ်တွေပါလို့ စစ်အာဏာရှင်အတွက်နဲ့ အသက်တွေ မရင်းစေချင်ဘူး။ အမြန်ဆုံးထွက်လာခဲ့ကြဖို့ ပြောချင်တယ်”လို့လည်း ရဲဘော်စောပေါ်ဦးက ပြောပါတယ်။
စစ်ကောင်စီဟာ ကော့ကရိတ်မြို့အဝင်က အမှတ်
(၁၂)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၁၂)နဲ့ မြို့ထဲက အမှတ်(၉၇)ခြေလျင်တပ်ရင်းကို စစ်ကူအများအပြားပို့နေပါတယ်။ကစခ−၁၂က အင်
အားကို ကော့ကရိတ်ကနေ ကျုံဒိုးမြို့သွားတဲ့ လမ်းပိုင်းကို စစ်ကြောင်းထိုး စစ်ကူပို့တာဖြစ်ပြီး ခလရ(၉၇)တပ်ရင်းက အင်အားကိုတော့ အာရှလမ်းပိုင်းမှာ တိုက်ခိုက်ခံနေရတဲ့ အောင်ဇေယျစစ်ကြောင်းဆီ စစ်ကူပို့နေတာလို့ ကော့ကရိတ်ဒေသက တော်လှန်ရေးရဲဘော်တွေက ပြောပါတယ်။
စစ်တပ်က ကျုံဒိုးမြို့လက်မလွှတ်ရဖို့ စစ်ကူတွေထပ်တိုးပြီး ခံစစ်ပြင်​နေတာ ဖြစ်ပါတယ်။ KNLA၊PDFပူးပေါင်းတပ်တွေ​ရဲ့ထိုးစစ်ကို စစ်တပ်က လေကြာင်းကနေ အကြိမ်​ရေများစွာဗုံးကြဲသလို ၊အဆင်မြင့်ဒရုန်းတွေ သုံးခုခံနေတယ်လို့ မြေပြင်ကရဲဘော်အချို့က ပြောပါတယ်။
ဒါအပြင် ပြည်သူ​တွေကို Lion Battalionက ဒဏ်
ရာရ ရဲဘော်တွေထားရှိဖို့ Heaven of Relief Centerရဲ့ ဆောက်လုပ်ရေးလုပ်ငန်းအတွက်အလှူငွေထည့်ဝင်ပေးကြဖို့လည်းမေတ္တာရပ်ခံထားပါတယ်။ဘတ်သိန်း(၃၀)သတ်မှတ်ထား​ပေမယ့်လတ်
တလောမှာ ဘတ် ၁၀သိန်းကျော်သာ ရရှိသေတယ်
လို့လည်း သိရပါတယ်။
(ဇွန်လ ၁၉ရက်က ကော့ကရိတ် − ကျုံဒိုးလမ်းပိုင်း တိုက်ပွဲအတွင်း စစ်ကောင်စီတပ်စစ်ကြောင်းထံက သိမ်းရတဲ့ လက်နက်ခဲယမ်းတွေ။ ဓာတ်ပုံ − Lion Battalion)