ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာ၊ ခွန်ဆာကုန်းသို့ စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် မီးလောင်ပေါက်ကွဲခဲ့စဉ် ကလေးငယ်များ အပါအဝင် မိသားစုလိုက်သေဆုံးမှုများရှိ

by

in

ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာ၊ ခွန်ဆာကုန်းသို့ စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် မီးလောင်ပေါက်ကွဲခဲ့စဉ် ကလေးငယ်များ အပါအဝင် မိသားစုလိုက်သေဆုံးမှုများရှိ

ရန်ကုန်၊ ဇွန် ၇

IMG_3468

IMG_3467

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာ၊ ခွန်ဆာကုန်းသို့ စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက် ခိုက်မှုကြောင့် ပြင်းထန်သော ပေါက်ကွဲမှုများဖြစ်ပွားပြီး နေအိမ်များ မီးလောင်ကာ ပြည်သူ ၉ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ဒေသပြည်သူတချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယမန်နေ့ ဇွန်လ ၆ ရက်နေ့ ည ၉ နာရီ ၁၀ မိနစ်အချိန် ဖားကန့်မြို့၊ တပ်မကုန်းမှ စစ်ကောင်စီတပ်က လက်နက် ကြီး များဖြင့် လုံးခင်းကျေးရွာ၊ ခွန်ဆာကုန်းသို့ ပစ်ခတ်ခဲ့ကြောင်း၊ ယင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ဖားကန့်မြို့နယ်၊ ငြိမ်းချမ်းသာယာ (ခေါ်) ခွန်ဆာကုန်းရှိ မြေဩဇာဂိုဒေါင်နှင့် နေအိမ်များမှာ မီးလောင်ကျွမ်းခဲ့ကြောင်း၊ မီးမှာ နာရီပေါင်းများစွာ လောင်ကျွမ်းခဲ့ကြောင်း၊ ကလေးငယ် ၁ ဦး အပါအဝင် အလောင်း ၉ လောင်း တွေ့ရှိထားကြောင်း သိရှိရသည်။

” ဖားကန့် ငြိမ်းချမ်းသာယာ ခွန်ဆာကုန်း ဘုန်းကြီးကျောင်းနားကို စစ်ကောင်စီကို ပစ်ခတ်တိုက်ခိုက်လို့ ပြည်သူတွေ သေဆုံးတာမှာ မိသားစုလိုက်မီးလောင်ပြာကျပြီး ဆုံးသွားတာရှိပါတယ်။ ထိခိုက်ဒဏ်ရာရတဲ့ ပြည်သူတွေလည်းအများအပြားရှိနေပါတယ်” ဟု KIA သတင်းရင်းမြစ်က ပြောဆိုသည်။

ဖားကန့်မှ အခြားသတင်းရင်းမြစ် ယမန်နေ့ညပိုင်း စစ်တပ်၏ ပစ်ခတ်မှု နောက်ဆက်တွဲ ပေါက်ကွဲမှုနှင့်မီးလောင်ကျွမ်းမှုမှာ ပုလဲဓာတ်မြေဩဇာ ဂို ဒေါင် နှင့် နေအိမ်များ မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း၊ နေအိမ် ၁၂ လုံးပျက်စီးခဲ့ကြောင်း၊ ပျက်စီးမှုများလည်း များပြားကြောင်းပြောဆိုသည်။