တိုင်းရင်းသား တော်လှန်ရေးတပ်များ သိမ်းပိုက်ထားသော မြို့၊ ရွာများကို သတင်းရရှိမှုနှင့် အခြေအနေ အရပ်ရပ်အပေါ် မူတည်၍ လိုအပ်သလို တုံ့ပြန်၊ တန်ပြန် ထိုးစစ်ဆင်မည်ဟု အကြမ်းဖက် မင်းအောင်လှိုင် ထုတ်ပြော

by

in

တိုင်းရင်းသား တော်လှန်ရေးတပ်များ သိမ်းပိုက်ထားသော မြို့၊ ရွာများကို သတင်းရရှိမှုနှင့် အခြေအနေ အရပ်ရပ်အပေါ် မူတည်၍ လိုအပ်သလို တုံ့ပြန်၊ တန်ပြန် ထိုးစစ်ဆင်မည်ဟု အကြမ်းဖက် မင်းအောင်လှိုင် ထုတ်ပြော
ရန်ကုန်၊ စက်တင်ဘာ ၄

အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က တိုင်းရင်းသားတော်လှန်ရေးတပ်များ သိမ်းပိုက်ထားသော ဒေသများကို တန်ပြန်ထိုးစစ်များ လုပ်ဆောင်မည် ဖြစ်၍ ယင်းဒေသများတွင် နေထိုင်သူများကို သတိပြုရန် အကြမ်းဖက် မင်းအောင်လှိုင်က သတိပေးမှုများ လုပ်ဆောင်လာသည်။
ယမန်နေ့ တောင်ကြီးမြို့သို့ ရောက်ရှိစဉ် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ထိုသို့ သတိပေးမှု လုပ်ဆောင်လာခြင်းဖြစ်သည်။
အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က နိုင်ငံတော်တွင် နိုင်ငံရေးအရ အကျပ် အတည်းဖြစ်ပေါ်နေမှုကို အခွင့်ကောင်းရယူ၍ နယ်မြေချဲ့ထွင်ရန် ကြိုး ပမ်းဆောင်ရွက်မှုများကို ကြုံတွေ့ရကြောင်း၊ လက်ရှိအချိန်တွင် တိုင်းရင်း သားလက်နက်ကိုင်များက မြို့၊ ရွာများကို သိမ်းပိုက်ထားပြီး စစ်တပ်၏ တန်ပြန်ထိုး စစ်များကို ကာကွယ်ရန် ပြည်သူများ၏ နေအိမ် အဆောက်အအုံ၊ အရပ်ဘက်အုပ်ချုပ်မှုဆိုင်ရာ အဆောက် အအုံများကို အသုံးပြုခြင်း၊ လူသားတံတားတိုင်း အသုံးပြုရန် ယာယီနေရပ်စွန့်ခွာသူများကို ပြန်လည် နေထိုင်ရန် ဆွဲဆောင်စည်း ရုံး နေကြောင်း၊ လူသစ်စုဆောင်းခြင်းများကိုလည်း လုပ်ဆောင်နေကြောင်း မင်း အောင်လှိုင်က ဆိုသည်။
စစ်ကောင်စီအနေဖြင့် နိုင်ငံတော်၏ အချုပ်အခြာအာဏာကို မဖြစ်မနေ ကာကွယ်စောင့်ရှောက်သွားမည်ဖြစ်ပြီး တိုင်းရင်းသားလက်နက်ကိုင်များ၏ သတင်း ရရှိမှုနှင့် အခြေအနေ အရပ်ရပ်အပေါ် မူတည်၍ လိုအပ်သလို တုံ့ပြန်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထို့ကြောင့် တိုင်းရင်း သားလက်နက်ကိုင်များ သိမ်းပိုက်ထားသော မြို့၊ ရွာများရှိ ပြည်သူများအနေဖြင့် အသုံးချမှု မခံရစေရေး၊ ဘေးကင်းလုံခြုံမှု ရှိစေရေး တို့အတွက် သတိပြုရန် လိုအပ်ကြောင်း မင်းအောင်လှိုင်က ဆိုသည်။
ထို့ပြင် စစ်ကောင်စီအနေဖြင့် MNDAA ၊ TNLA နှင့် AA တို့ကို အကြမ်းဖက် အဖွဲ့များအဖြစ် စက်တင်ဘာ ၂ ရက်နေ့တွင် ကြေညာခဲ့ပြီးဖြစ်၍ ၎င်းတို့နှင့်ဆက်နွယ်နေသူများအနေဖြင့်လည်း အကြမ်းဖက်မှုများကို အားပေးနေကြသူများပင်ဖြစ်ကြောင်း အကြမ်းဖက် မင်းအောင်လှိုင်က တောင်ကြီးမြို့တွင် ထုတ်ဖော်ပြောဆိုထားသည်။