စစ်ကောင်စီက စစ်မှုထမ်းရန် အကျုံးဝင်သည့် လူငယ်များ၏ ကိုယ်ရေးသ တင်း အချက်အလက်များကို အွန်လိုင်းမှ ထိန်းချုပ်စီမံခန့်ခွဲနိုင်သော NSIMS စနစ်ကို အကောင်အထည်ဖော်နေ၊ ယင်းစနစ်ဖြင့် လူငယ်များကို ပိုမိုတင်းကျပ်နိုင်

by

in

စစ်ကောင်စီက စစ်မှုထမ်းရန် အကျုံးဝင်သည့် လူငယ်များ၏ ကိုယ်ရေးသ တင်း အချက်အလက်များကို အွန်လိုင်းမှ ထိန်းချုပ်စီမံခန့်ခွဲနိုင်သော NSIMS စနစ်ကို အကောင်အထည်ဖော်နေ၊ ယင်းစနစ်ဖြင့် လူငယ်များကို ပိုမိုတင်းကျပ်နိုင်
ရန်ကုန်၊ စက်တင်ဘာ ၄

အကြမ်းဖက်စစ်ကောင်စီက စစ်မှုထမ်းရန် အကျုံးဝင်သည့် လူငယ်များ၏ ကိုယ်ရေး သတင်းအချက်အလက်များကို အွန်လိုင်းမှ ထိန်းချုပ် စီမံခန့်ခွဲနိုင်သော ပြည်သူ့ စစ်မှုထမ်း ကိုယ်ရေးအချက်အလက် စီမံခန့်ခွဲမှု စနစ် (National Service Information Management System-NSIMS) ကို အကောင် အထည် ဖော်လျက်ရှိကြောင်း စစ်ကောင်စီ၏ ထုတ်ပြန်ချက်နှင့် နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်၏ ပြောဆိုချက်အရ သိရှိရသည်။
စက်တင်ဘာလ ၃ ရက်နေ့ နေပြည်တော်တွင် စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေး ဗဟိုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ၆ / ၂၀၂၄ ကို ကျင်းပပြုလုပ်ခဲ့ပြီး ယင်းအစည်းအဝေးတွင် စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့ ဥက္ကဋ္ဌ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းက ပြည်သူ့စစ်မှုထမ်းဆိုင်ရာ ကိုယ်ရေးအချက်အလက်များ စီမံခန့်ခွဲမှုစနစ် NSIMS ကို အကောင်အထည်ဖော်နေကြောင်း၊ ယင်းစနစ်ကို အကောင်အထည်ဖော်ရာတွင် ဝန်ကြီးဌာနများ ပေါင်းစပ်ဆောင်ရွက်ရမည် ဖြစ်သည့်အတွက် သက်ဆိုင်ရာဝန်ကြီးဌာနများက ပူးပေါင်းဆောင် ရွက်ပေးကြရန် လိုကြောင်း ပြောဆိုခြင်းဖြစ်သည်။
“စစ်မှုထမ်းဆိုင်ရာ ကိုယ်ရေးအချက်အလက် စီမံခန့်ခွဲမှု စနစ် NSIMS ဆိုတာက ချိတ်ဆက်ထားတဲ့ စနစ်ထဲမှာ စစ်မှုထမ်းဖို့ အကျုံးဝင်တဲ့ သူတွေရဲ့ နာမည်စာရင်း၊ မွေးသက္ကရာဇ်၊ နေရပ် လိပ်စာ၊ မှတ်ပုံတင်ကအစ မှတ်တမ်းတင်ထားတယ်။ စစ်မှုထမ်းပြီးပြီဆိုရင် ထမ်းပြီးဆိုတာ မှတ် တမ်းတင်ထားတယ်။ အဲဒါကိုလည်း ကြိုက်တဲ့နေရာကနေ ဝင်စစ်လိုက် System ထဲ ဝင်လိုက်တာနဲ့ မြင်ရမယ်ပေါ့။ အဲဒီလိုမျိုး လုပ်ထားတာ။ အခု အဲဒါကို ပြည်နယ်တိုင်း စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့တွေက အချက်အလက်တွေ စထည့်ပြီး တည်ဆောက်နေပြီ။ နောက်ဆိုရင် လေဆိပ်၊ နယ်စပ်ဂိတ်၊ လ၀ကရုံးတွေမှာပါ စစ်လို့ရမယ်။ သုံးလို့ရမယ်။ UDI သဘောမျိုးဆန်တယ်။ လူငယ်တွေကို ရှောင်မရအောင် ပိုတင်း ကျပ်လို့ရတယ်” ဟု နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ရှင်းပြသည်။
အကြမ်းဖက်စစ်ကောင်စီက လက်ရှိတွင် စစ်မှုထမ်း အပတ်စဉ် ၁ မှ အပတ်စဉ် ၄ အထိ ဖွင့်လှစ်ခဲ့ပြီး စစ်မှုထမ်းဆင့်ခေါ်ရေး ပုံစံများကို စနစ်တကျနှင့် ကိန်း ဂဏန်းဇယား အတိအကျဖြင့် ပိုမို ခေါ်ယူနိုင်ရေး စီမံလျက်ရှိကြောင်း၊ ကုန်း လမ်း၊ ရေလမ်းဖြင့် ပို့ဆောင်ရန် ခက်ခဲသော ပြည်နယ်/တိုင်းများတွင် စစ်မှု ထမ်း တပ်သားသစ်လူငယ်များကို လေယာဉ်၊ ရဟတ်ယာဉ်၊ ရေယာဉ်များဖြင့် ခေါ်ယူရန်ပါ စီစဉ်လျက်ရှိကြောင်း စစ်ကောင်စီ၏ သတင်းထုတ်ပြန်ချက်များအရ သိရှိရသည်။
အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ပြည်နယ်/တိုင်း စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များကလည်း စစ်မှုထမ်းရန် အကျုံးဝင်သည့် လူငယ်များစာရင်းနှင့် စစ်မှုထမ်းရမယ့် လူငယ်များ စာရင်းဇယားများကိုလည်း ယမန်နေ့ နေပြည် တော်အစည်းအဝေးတွင် စစ်ကောင်စီထံသို့ တင်ပြခဲ့ကြောင်း သိရှိရသည်။