စစ်ကိုင်းမြို့ပေါ်ရှိ အမှတ် ၃၃ ခြေမြန်တပ်မဌာနချုပ်ကို ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၆ ဦးသေဆုံးပြီး ထိခိုက်ပျက်စီးမှုတချို့ရှိဟုဆို
ရန်ကုန်၊ ဇွန် ၁
စစ်ကိုင်းမြို့ပေါ်ရှိ အမှတ် ၃၃ ခြေမြန်တပ်မဌာနချုပ်ကို ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၆ ဦးသေဆုံးပြီး ထိခိုက်ပျက်စီးမှုတချို့ရှိကြောင်း Brave Warriors for Myanmar (BWM) အဖွဲ့တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယမန်နေ့ မေလ ၃၁ ရက်နေ့က BWM နှင့် မဟာမိတ်အဖွဲများဖြစ်သော Shadow (စစ်ကိုင်း)၊ No More Dictatorship (NMD) နှင့် စစ်ကိုင်းမြိုပြပြောက်ကျား (Infinity) အဖွဲတိုက စစ်ရှုးကောင်စီ၏ အမှတ် ၃၃ ခြေမြန်တပ်မဌာနချုပ် (တပ်မ ၃၃) စခန်းကို BWM Mission 40 အဖြစ် ရှော့တိုက်ဒုံး ၃ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ၊ အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုတွင် စစ်တပ်ဘက်မှ တပ်သား ၆ ဦးသေဆုံးပြီး တပ်တွင်းအချုပ်သား ၂ ဦးလည်း သေဆုံးခဲ့ကြောင်း သိရှိရသည်။
တပ်မ ၃၃ အတွင်း ထိခိုက်ပျက်စီးမှုများအနေဖြင့် ဗဟိုကင်းမီးလောင်ပျက်စီးသွားပြီး တပ်သုံး မော်တော်ယာဥ် ၂ စီး ပျက်စီးသွားခဲ့ကြောင်း၊ လိုင်းခန်းတစ်ခန်းရှော့တိုက်ဒုံးထိမှန်၍ ပျက်စီးခဲ့ပြီး မော်တော်ယာဥ်မှူးနှင့် စစ်သည် ၃ ဦး ဒဏ်ရာအပြင်းအထန်ရရှိခဲ့ကြောင်း၊ လိုင်းခန်း ထိခိုက်ပျက်စီးမှုကြောင့် ရဲမေ ၃ ဦးဒဏ်ရာရှိခဲ့ကြောင်း သိရှိရသည်။
အမှတ် ၃၃ ခြေမြန်တပ်မဌာနချုပ် (တပ်မ ၃၃) သည် နွေဦးတော်လှန်ရေးကာလတလျှောက် ပြည် သူအပေါ် ညှင်းဆဲ သတ်ဖြတ်ရာတွင် အရက်စက်ဆုံးတပ်အဖြစ် နာမည်ကြီးသော စစ်ကောင်စီ၏ လက်ရုံးတပ်ဖြစ်သလို လက်ရှိတွင်လည်း တပ်မ ၃၃ ၏ ဒုတပ်မမှူးဦးစီးကာ စစ်ကိုင်းမြိုနယ်တွင်း ကျေးရွာများမှ ပြည်သူများကို ဖမ်းဆီး၍ လူသားဒိုင်းလုပ်ကာ စစ်ကြောင်းထိုးနေလျက်ရှိသည်ဟု သက်ဆိုင်ရာ တော်လှန်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားသည်။