နေရပ် ပြန်နိုင်ပြီဖြစ်တဲ့ သပိတ်ကျင်း ပကဖ ရဲ့ သတင်းတာဝန်ခံ မိသားစု… (ဓာတ်ပုံသတင်း)

by

in

နေရပ် ပြန်နိုင်ပြီဖြစ်တဲ့ သပိတ်ကျင်း ပကဖ ရဲ့ သတင်းတာဝန်ခံ မိသားစု… (ဓာတ်ပုံသတင်း)
စက်တင်ဘာ ၁ ၊ ၂၀၂၄

အမျိုးသားညီညွတ်ရေးအစိုးရ ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ သပိတ်ကျင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ သတင်းတာဝန်ခံ ရဲဘော်မျက်ပြူးရဲ့ မိသားစု အိမ်ပြန်ခရီးစဉ်ကို သပိတ်ကျင်းမြို့နယ် ပကဖ တာဝန်ခံက လိုက်ပါပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
အကြမ်းဖက်စစ်ကောင်စီအနေနဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေမှာ ပါဝင်ပတ်သက်သူတွေရဲ့ နေအိမ်တွေကို ချိတ်ပိတ်တာ၊ ဖျက်ဆီးတာတွေ လုပ်ဆောင်နေခဲ့တာဖြစ်ပြီး အခုချိန်မှာတော့ ချိတ်ပိတ်ခံထားရတဲ့ သပိတ်ကျင်းမြို့နယ် ပကဖ ရဲ့ သတင်းတာဝန်ခံကတော့ သပိတ်ကျင်းမြို့သိမ်းတိုက်ပွဲအပြီး မိသားစုနဲ့အတူ စစ်ကောင်စီ ချိတ်ပိတ်ထားတဲ့ နေအိမ်ကို ပြန်နိုင်ခဲ့တာဖြစ်ပါတယ်။