တစ်နိုင်ငံလုံး သန်းခေါင်စာရင်း အိမ်တိုင်ရာရောက်လာကောက်ရင် မေးခွန်းတွေကို မှန်မှန်ကန်ကန်ဖြေရမယ်လို့ အကြမ်းဖက် မင်းအောင်လှိုင်က ပြည်သူတွေကို ခြိမ်းခြောက် သတိပေး

by

in

တစ်နိုင်ငံလုံး သန်းခေါင်စာရင်း အိမ်တိုင်ရာရောက်လာကောက်ရင် မေးခွန်းတွေကို မှန်မှန်ကန်ကန်ဖြေရမယ်လို့ အကြမ်းဖက် မင်းအောင်လှိုင်က ပြည်သူတွေကို ခြိမ်းခြောက် သတိပေး
ရန်ကုန်၊ စက်တင်ဘာ ၁

တစ်နိုင်ငံလုံး သန်းခေါင်စာရင်း အိမ်တိုင်ရာရောက်လာကောက်ရင် မေးခွန်းတွေကို မှန်မှန်ကန်ကန်ဖြေရမယ်လို့ အကြမ်းဖက် မင်းအောင်လှိုင်က ဒီနေ့မှာ ပြည်သူတွေကို ခြိမ်းခြောက် သတိပေးဖိအားပေးနေပါတယ်။
လာမယ့် အောက်တိုဘာလ ၁ ရက်နေ့ကနေ ၁၅ ရက်နေ့အထိ တစ်နိုင်ငံလုံးမှာ သန်းခေါင်စာရင်းကောက်ယူမှာဖြစ်ပြီး ၁၀ နှစ် ၁ ကြိမ် ကောက်ယူတာလို့ ဆိုပါတယ်။
တစ်နိုင်ငံလုံးသန်းခေါင်စာရင်းက ရွေးကောက်ပွဲ ကျင်းပဖို့နဲ့ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိက အရေးကြီးတာကြောင့် ပြည်သူတွေအနေနဲ့ မှန်မှန်ကန်ကန် မေးခွန်းတွေကို ဖြေရမယ်၊ အိမ်တိုင်ရာရောက် လာမေးတာတွေကို ဖြေဆိုရမယ်လို့ မင်းအောင်လှိုင်က ဆိုပါတယ်။
ဒါ့အပြင် သန်းခေါင်စာရင်းကောက်တဲ့လုပ်ငန်းစဉ်မှာ လူတိုင်း ပါဝင်ရမယ်လို့လည်း မင်းအောင်လှိုင်က ဖိအားပေး အကျပ်ကိုင်လာပါတယ်။
“ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းကြီးမှာ မှန်မှန်ကန်ကန်ဖြေကြားခြင်းဖြင့် ပူးပေါင်းပါဝင်ကြဖို့ ထပ်လောင်း သတိပေးလိုပါတယ်။ သန်းခေါင်စာရင်းကို လူတိုင်း အကောက်ခံ ကြဖို့လည်း လိုအပ်ပါတယ်။ လူတိုင်းပါဝင်ကြဖို့လည်း လိုအပ်ပါတယ်။ အိမ်ထောင်စုအဖွဲ့အစည်း တိုင်းအတွက် စာရင်းကောက်တွေက အိမ်တိုင်ရာရောက်လာရောက်မေးမြန်းမယ့် မေးခွန်းတိုင်း အပေါ်မှာ သံသယစိတ်၊ စိုးရိမ်ကြောင့်ကြစိတ်များကင်းစွာနဲ့ နောင်အနာဂတ် မျိုးဆက်သစ်တွေ အကျိုးအတွက် အမှန်ကိုအမှန်အတိုင်း အမှားအယွင်းမရှိအောင် ယုံယုံကြည်ကြည်ဖြေကြားကြဖို့ လိုအပ်ပါတယ်” လို့ မင်းအောင်လှိုင်က ပြောပါတယ်။
မင်းအောင်လှိုင်က နိုင်ငံတော်ဖွံ့ဖြိုးရေးနဲ့ အခြားသောလုပ်ငန်းစဉ်တွေမှာ မဖြစ်မနေ အခြေခံအသုံးပြု ရမယ့်ကိန်းဂဏန်းတွေ၊ အချက် အလက်တွေ၊ အကြောင်းအရာတွေ ရရှိဖို့အတွက် မကြာခင်မှာ အမျိုးသားရေးလုပ်ငန်းစဉ်တစ်ရပ်ဖြစ်တဲ့ ပြည်လုံးကျွတ်သန်းခေါင်းစာရင်း ကောက်ယူခြင်း လုပ်ငန်း တွေကို အကောင်အထည်ဖော် ဆောင်ရွက်မယ်လို့ ပြည်သူတွေကို ဒီနေ့မှာ အသိပေးလာပါတယ်။