ပဲခူးတိုင်းအတွင်း AA က ထိုးစစ်ဆင် ဝင်ရောက်ချိန် ပြည်သူ့ကာကွယ်ရေးတပ်များနှင့်ချိတ်ဆက် ပူးပေါင်းဆောင်ရွက်နေ

by

in

ပဲခူးတိုင်းအတွင်း AA က ထိုးစစ်ဆင် ဝင်ရောက်ချိန် ပြည်သူ့ကာကွယ်ရေးတပ်များနှင့်ချိတ်ဆက် ပူးပေါင်းဆောင်ရွက်နေ
ရန်ကုန်၊ ဧပြီ ၂၉

ပဲခူးတိုင်းအတွင်း AA က ထိုးစစ်ဆင် ဝင်ရောက်ချိန် ပြည်သူ့ကာကွယ်ရေးတပ်များနှင့်ချိတ်ဆက် ပူးပေါင်းဆောင် ရွက်မှုရှိနေကြောင်း ပြည်ခရိုင် ပြည်သူ့ ကာ ကွယ်ရေး တပ်မတော်၊ ၃၆၀၁ တပ်ရင်း၊ စစ်ထောက်လှမ်းရေးနှင့် သတင်းပြန်ကြားတာဝန်ခံ ရဲဘော်ရှဲဒိုးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ရန်ကုန်ခေတ်သစ်သတင်းဌာနနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ၃၆၀၁ တပ်ရင်း၊ စစ်ထောက်လှမ်းရေးနှင့် သတင်းပြန်ကြားတာဝန်ခံ ရဲဘော်ရှဲဒိုးက အထက်ပါအတိုင်းပြောလိုက်ခြင်းဖြစ်သည်။
လတ်တလော AA က ရခိုင်ရိုးမနှင့်ပဲခူးတိုင်းအစပ် ပန်းတောင်းမြို့နယ်အတွင်းသို့ ဝင်ရောက်နေပြီး စစ်ကောင်စီတပ်စခန်းတချို့ကို သိမ်းပိုက်လျက်ရှိကြောင်း၊ ပဲခူးတိုင်းအတွင်းသို့လည်း AA ၏ ထိုးစစ်များရှိနေချိန် ဒေသပြည်သူ့ ကာကွယ်ရေးတပ်များနှင့်AA အကြား ချိတ်ဆက်မှုများရှိနေကြောင်း ၎င်းက ရှင်းပြသည်။
“ကျနော်တို့နဲ့ ရခိုင် AA တပ်တွေနဲ့ ချိတ်ဆက်မှုရှိပါတယ်။ အခုလက်ရှိလည်း ပူးပေါင်းဆောင်ရွက်နေတာမျိုးတွေ ရှိပါတယ်။ ပန်းတောင်းမြို့မှာဆိုရင် စစ်ကောင်စီရဲ့ ကပစ ထုတ်လုပ်ရေးတပ်တွေက အများဆုံး တည်ရှိတဲ့ နေရာပေါ့ ခင်ဗျာ။ အဲဒီနေရာတွေမှာတော့ ရှေ့ဆက်ပြီး စစ်ရေးပြင်းထန်နိုင်ပါတယ်ခင်ဗျာ။ ဘယ်လောက်အထိ စစ်ရေးဖြစ်လာမလဲဆိုတာကတော့ ကျနော်တို့ ကြိုတင်ပြီးတော့မှ မသိရသေးပါဘူး” ဟု ရဲဘော်ရှဲဒိုးက ရှင်းပြသည်။
အကြမ်းဖက်စစ်ကောင်စီတပ်က ပြည်ခရိုင်၊ ပဲခူးရိုးမအတွင်း စစ်ကြောင်းထိုးရန် ပြင်ဆင်နေပြီး အင်အားရာချီ၍ တက်လာနေကြောင်း၊ ဒေသပြည်သူ့ကာကွယ်ရေးတပ်များအနေဖြင့် ပြင်ဆင်မှုများလုပ်ဆောင်နေရကြောင်း ၎င်းက ဆိုသည်။
” အခု ပေါင်းတလည်နယ်ဘက်မှာ ပေါင်ခေါင်းမြို့နယ် ပေါင်းတလည်နားမှာဆိုရင် နတ်တလင်းရွာတို့ဘက်ကို စစ်ကြောင်းထိုးဖို့ လုပ်နေပါတယ်။ ဒီနေ့မှာဆိုရင် စစ်ကားကြီး ၈ စီးလောက်နဲ့ တက်လာပြီးတော့ အင်အား ၂၀၀ ခန့်လောက်နဲ့ပဲ ဒီကောင်တွေ တက်လာတာ ရှိပါတယ်။ ဒါပေမယ့် သူတို့ ဘယ်လောက်ပဲ တက်လာ တက်လာပါ ကျွန်တော်တို့ဘက်ကနေ အဆင်သင့် ဆောင်ရွက်ထားပါတယ်” ဟု ၎င်းက ဆက်လက်ရှင်းပြသည်။
အာရက္ခတပ်တော် AA က ရခိုင်ရိုးမ နှင့် နယ်နိမိတ် ထိစပ်လျက်ရှိသော ရက္ခိုင်-ပဲခူးအစပ်၊ ရက္ခိုင်-မကွေးအစပ်၊ ရက္ခိုင်-ဧရာဝတီတိုင်း အစပ် နှင့် ရက္ခိုင်ရိုးမ-ဧရာဝတီတိုင်းအစပ်တို့တွင်လည်း စစ်ပွဲများ စစ်ဆင်နွှဲလျက်ရှိရာ ရခိုင်-ပဲခူးအစပ်ရှိ မိုးထိတောင် စစ်တပ် စခန်းကို ဇန်နဝါရီလ ၂၆ ရက်နေ့ သိမ်းပိုက်ခဲ့သည်။
ဧပြီလ ၂ ရက်နေ့တွင် ပဲခူးတိုင်း၊ ညောင်ကျိုးဗျူဟာစခန်းကုန်းကို အာရက္ခတပ်တော်မှ အလုံးစုံသိမ်းပိုက်ရရှိခဲ့ပြီး ပန်းတောင်းမြို့နယ်အတွင်းတွင် ထိုးစစ်ဆင်များ AA က PDF များနှင့်ပူးပေါင်း၍ ဆက်လက် ဆင်နွှဲနေကြောင်း တော်လှန်ရေးသတင်းရင်းမြစ်များက ပြောဆိုကြသည်။