မန္တလေးရှိ ရွှေဇာမဏီ ရွှေဆိုင်ကို ပြောက်ကျားဝတ် လူ ၂ ဦး အပါအဝင် ဓားပြ ၅ ဦးက ဓားပြတိုက်မှု ရွှေ ၂၃ ကျပ်သား ပါသွား (ရုပ်/သံ)

by

in

မန္တလေးရှိ ရွှေဇာမဏီ ရွှေဆိုင်ကို ပြောက်ကျားဝတ် လူ ၂ ဦး အပါအဝင် ဓားပြ ၅ ဦးက ဓားပြတိုက်မှု ရွှေ ၂၃ ကျပ်သား ပါသွား (ရုပ်/သံ)
ရန်ကုန်၊ ဧပြီ ၂၉

မန္တလေးရှိ ရွှေဇာမဏီ ရွှေဆိုင်ကို ပြောက်ကျားဝတ် လူ ၂ ဦး အပါအဝင် ဓားပြ ၅ ဦးက ယမန်နေ့ ဓားပြဝင်ရောက်တိုက်သွားခဲ့ပြီး ရွှေ ၂၃ ကျပ်သား ပါသွားကြောင်း သိရှိရသည်။
ယမန်နေ့ ဧပြီလ ၂၈ ရက်နေ့ မွန်းလွဲ ၂ နာရီ ၅၇ မိနစ်အချိန် ချမ်းမြသာစည်မြို့နယ်၊ အောင်ပင်လယ်ရပ်ကွက်၊ ၁၀၃×၁၀၄ လမ်း ကြား၊ ၅၅ လမ်းပေါ်ရှိ “ရွှေဇာမဏီ”ရွှေဆိုင်ကို လူ ၅ ဦးက လက်နက်များဖြင့် ဝင်ရောက် ဓားပြ တိုက်ခိုက်ခဲ့ကြောင်း၊ ဓားပြ ၅ ဦးတွင် ၂ ဦးမှာ ပြောက်ကျားဝတ်စုံ ဝတ်ဆင်ထားကြောင်း၊ အဆိုပါ လူ ၅ ဦးက Honda Insight အမည်းရောင် ယာဥ်အမှတ် 9I/4799 ဖြင့်လာရောက်ခဲ့ကြောင်း သိရှိရသည်။
ရွှေဆိုင် ဓားပြတိုက်ခိုက်ခံရမှုကြောင့် ရွှေ ၂၃ ကျပ်သားခန့်နှင့် I phone 11 ပါသွားကြောင်း၊ လက်ရှိအချိန်အထိ ဓားပြတိုက်သည့် တရားခံများကို ဖမ်းဆီးရရှိခြင်းမရှိသေးကြောင်း သိရှိရသည်။
မန္တလေးတွင် မတ်လ ၂၈ ရက်နေ့ စစ်ကိုင်းငလျင်ကြီး လှုပ်ခတ်ပြီးနောက် ခိုးဆိုးလုယက်မှုများနှင့် လုယက်သတ်ဖြတ်မှုများ မကြာခဏ ဖြစ်ပွားလေ့ရှိကြောင်း မန္တလေးဒေသပြည်သူများက ဆိုကြသည်။