နေပြည်တော် တည်ဆောက်ခဲ့သည့် ကုမ္ပဏီများ
စစ်ကောင်စီကို ဆက်သွယ်ရန်ထုတ်ပြန်
ဧပြီ-၂၆၊၂၀၂၅။ဇော်ရမ်း၊ရဲခေါင်/People’s Spring
စစ်ကိုင်းငလျင်ကြောင့် အကြီးအကျယ်ပျက်စီးသွားသည့် နေပြည်တော်၏ထိခိုက်ပျက်စီးမှုများကို ဖုံးကွယ်ထားသည့်စစ်ကောင်စီက နေပြည်
တော်တည်ဆောက်ရေးတွင်ပါဝင်ခဲ့သည့်ကုမ္ပဏီများကို စည်ပင်သာယာရေးကော်မတီထံ ဆက်သွယ်ရန် ကြေညာချက်ထုတ်ပြန်သည်။
နေပြည်တော်တည်ဆောက်ရေးအထူးဖွံ့ဖြိုးရေးစီမံကိန်းတွင် ပါဝင်သည့် ရုံး/ဌာန အဆောက်အဦများ၊ အထူးအဆောက်အဦများ၊ ဝန်ထမ်းအိမ်ရာများ၊ အုပ်ချုပ်မှုဆိုင်ရာ အဆောက်အဦများအပါ
အဝင် အခြားအဆောက်အဦ တည်ဆောက်ရေးလုပ်ငန်းများတွင် တည်ဆောက်ခဲ့သည့် ကုမ္ပဏီများအနေဖြင့်နေပြည်တော်စည်ပင်သာယာရေး ကော်မတီသို့ ဆက်သွယ်ရန် ဧပြီလ၂၆ရက်ထုတ် စစ်ကောာင်စီဝါဒဖြန့်ချိရေးသတင်းစာများတွင် ဖော်ပြထားသည်။
ထို့အတူ အခြားအဆောက်အဦ တည်ဆောက်ရေးလုပ်ငန်းများတွင် တည်ဆောက်ခဲ့သည့် ကုမ္ပဏီများလည်းပါဝင်သည်ဟုဆိုသည်။
နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ အင်
ဂျင်နီယာဌာန၊ဌာနမှူးဦးဇော်ထွန်းနှင့် ဒုတိယဌာနမှူးဒေါ်ချယ်ရီလှမောင်ကိုဆက်သွယ်ရမည်ဟုဆို
သည်။
“ဆောက်လုပ်ခဲ့တဲ့ ကုမ္ပဏီတွေ ဆက်သွယ်ဖို့ ကနဦး ညွှန်ကြားတာပါ။ဒီအဆင့်ပဲ သိရပါတယ်။ပါဝင်ခဲ့တယ်ဆိုရင် ရုံးကိုသော်လည်းကောင်း ဆက်သွယ်ဖို့ ဖော်ပြထားတဲ့ ဖုန်းနံပါတ်တွေကနေတဆင့်အကြောင်း ကြားလို့ရမှာပါ”ဟု နေပြည်တော်စည်
ပင်သာယာရေးကော်မတီတာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။
စစ်တပ်နှင့်ပတ်သက်ဆက်နွယ်ပြီး ကြီးပွားချမ်း
သာခဲ့သော ခရိုနီများဖြစ်သည့် ဦးတင့်ဆန်း၏ ACE ၊ဦးတေဇ၏ Htoo၊ဦးဇော်ဇော်၏ Max Myanmar၊ ဦးချစ်ခိုင်၏ ဧဒင် ၊ ဘိန်းဘုရင်လော်စစ်ဟန်၏သား စတီပင်လော(ခ)ထွန်းမြင့်နိုင်
၏ အေရှားဝေါးကုမ္ပဏီ၊ ဦးကျော်ဝင်း၏ ရွှေသံလွင် စသည့်ခရိုနီကုမ္ပဏီ တို့သည် နေပြည်တော်တည်ဆောက်ရေးလုပ်ငန်းအများစုကို ရရှိခဲ့ကြသည်။ခရိုနီများအပြင် စစ်ဗိုလ်ချုပ်များ၏ သားသမီများ ၊ အစိုးရဌာနမှအရာရှိများ၏ကုမ္ပဏီများလည်းပါဝင်သည်။
နေပြည်တော်တည်ဆောက်ရာတွင်မြေငလျင်ဒဏ်
ခံနိုင်အောင် ထည့်သွင်းတွက်ချက်မဆောက်လုပ်
ကြသလို ၊အဆောက်အအုံအရည်အသွေးစစ်ဆေးမှုလည်းမရှိဘဲ အမြန်ပြီးအောင်သာဆောက်လုပ်
ခဲ့ကြကြောင်းဆောက်လုပ်ရေးအင်ဂျင်နီယာအချို့ကပြောသည်။
“ခရိုနီကုမ္ပဏီတွေကိုပဲ ဆောက်လုပ်ခွင့်တင်ဒါ ပြန်ပေးဖို့လား။ဒါမှမဟုတ် ဆောက်ခဲ့တာအသုံးမကျလို့ပြန်ဆောက်ခိုင်းမလားဆိုတာ စောင့်ကြည့်ရမယ့်ပွဲပဲ”ဟု နေပြည်တော်ဒေသခံတစ်ဦးက ပြော
သည်။
အထက်ပါခရိုနီအများစုသည် ဧပြီလဆန်းတွင် ငလျင်ဘေးအကူအညီအဖြစ် စစ်ကောင်စီထံ အာဏာသိမ်းခေါင်းမှတဆင့်ကျပ်ငွေ ဘီလီ၁၀၀ကျော်စုပေါင်းပေးအပ်ခဲ့သေးသည်။
ဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦးကလည်း”အရင်ကဆောက်ခဲ့တဲ့သူတွေကိုတရားစွဲမယ်လို့ ခြိမ်း
ခြောက်ပြီးပြန်ဆောက်ခိုင်းမယ်ထင်တယ်။ ဆောက်လုပ်ရေးလောကမှာတော့တော်တော်
ဂယက်ရိုက်နေပြီ”ဟုပြောသည်။
မတ်လ၂၈ ရက်က ရစ်ခ်တာစကေး ၇ဒဿမ၇ပြင်အားရှိ စစ်ကိုင်းငလျင်ကြီးကြောင့် သက်တမ်း ၂၀ ခန့်သာရှိသေးသော နေပြည်တော်သည် ထိခိုက်ပျက်စီးမှုများပြားခဲ့သည်။ ကာကွယ်ရေးဝန်ကြီး
ဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ စွမ်းအင်ဝန်ကြီးဌာန အလုပ်သမားဝန်ကြီးဌာန၊နိုင်ငံခြားရေးဝန်ကြီးဌာန၊စစ်ရုံးချုပ်၊ ပြည်ထဲရေး၊မြန်မာ့မီးရထား၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနနှင့် ဗဟိုဘဏ်အဆောက်အဦ၊ လွှတ်
တော်အဆောက်အဦအပြင် ဝန်ထမ်းအိမ်ယာအများအပြား ပြိုကျပျက်စီးခဲ့သည်။
ထိခိုက်ပျက်စီးမှုများ၊ လူသေဆုံးမှုသတင်းများကို စစ်ကောင်စီကထိန်းချုပ်ထားသည်။နေပြည်တော်မှ အစိုးရ အဆောက်အအုံနှင့် ဝန်ထမ်းအိမ်ရာ ၈၀ ရာခိုင်နှုန်းထိခိုက်သည်ဟု ဒေသခံများနှင့်လူမှုရေး
အဖွဲ့များက ခန့်မှန်းထားကြသည်။
ဧပြီ ၃ ရက်နေ့အထိထုတ်ပြန်ခဲ့သည့်ငလျင်ကြောင့်သေဆုံးသူစာရင်းတွင် နေပြည်တော်၌ ၅၁၁ ဦးသေဆုံးသည်ဟု ကြေညာပြီးနောက်ပိုင်း ထပ်မံထုတ်ပြန်ခြင်းမရှိပေ။
စစ်ကောင်စီ၏ ဧပြီ ၂၆ ရက်နေ့ထုတ်ပြန်ချက်တွင် ရှင်းရှင်းလင်းလင်းဖော်ပြမထားဘဲ ကုမ္ပဏီများအ နေဖြင့် စည်ပင်သာယာရေး ကော်မတီထံ ဆက်သွယ်ရန်သာ ဖော်ပြထားသည်။
“ပုံမှန်အတိုင်းဆိုရင်တင်ဒါခေါ်ရမယ်။တင်ဒါမှာအောင်တဲ့ကုမ္ပဏီက ဆောက်လုပ်ခွင့်ရမယ်။ အခုကတော့ သူတို့အချင်းချင်း လက်သိပ်ထိုးပြီး ပြန်ဆောက်ခိုင်းမဲ့အခြေအနေမှာရှိတယ်။ဆောက်ပေးဖို့ငြင်းဆန်တဲ့သူ ခြိမ်းခြောက်အရေးယူလိမ့်မယ်”
ဟု နေပြည်တော်မှ ဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦးကပြောသည်။
အာဏာရှင်ဟောင်း ဦးသန်းရွှေလက်ထက်က တည်ဆောက်ခဲ့သည့် နေပြည်တော်စီမံကိန်းတွင် စစ်တပ်နှင့်နီးစပ်သည့် ခရိုနီများ ၊ စစ်ဗိုလ်ချုပ်များ၏မိသားစုဝင်များက အဓိကဆောက်လုပ်ခွင့်ရရှိခဲ့ပြီး အကျိုးစီးပွားဖြစ်ခဲ့သည်။
စံချိန်စံနှုန်းမမီဘဲဆောက်လုပ်ခဲ့သည့် ကုမ္ပဏီများအား အရေးယူမည်ဟု အာဏာသိမ်းစစ်ခေါင်း
ဆောင်မင်းအောင်လှိုင်ကပြောထားသော်လည်း လက်တွေ့တွင် အရေးမယူရဲကြောင်း၊ ဖိအားပေး
၍ ပြန်ဆောက်ခိုင်းရန်သာ စီမံနိုင်ကြောင်း လုပ်ငန်းရှင်တစ်ဦးကပြောသည်။
“အရေးယူမယ်ဆို အဲဒီကာလကဌာနဆိုင်ရာအရာ
ရှိတွေ၊ ခရိုနီတွေအကုန်ပါမှာ။အဲဒီလူတွေအားလုံးကလည်းစစ်တပ်နဲ့အပေါင်းအပါအဝင်ဖြစ်နေ
တယ်။ ဒါကြောင့်အရေးမယူရဲဘူး”ဟု၎င်းကပြော
သည်။
ဧပြီ၁၂ရက်ကစစ်ကောင်စီလွတ်ငြိမ်းတွင်ဧဒင်ကုမ္ပဏီအုပ်စုဥက္ကဋ္ဌ ဦးချစ်ခိုင်၊ဇေကမ္ဘာဦးခင်ရွှေ ၏ သားဖြစ်သူ ကိုဇေသီဟတို့ပြန်လည်လွတ်
မြောက်လာခြင်းသည်နေပြည်တော်ပြန်လည်တည်
ဆောက်ရေးနှင့်လည်းဆက်စပ်နိုင်ကြောင်း သုံး
သပ်မှုများရှိနေသည်။
စစ်ကောင်စီသည် မြေငလျင်ကြောင့် နေပြည်တော် သေဆုံးပျက်စီးမှုများသတင်းကိုတက်နိုင်သမျှဖုံးကွယ်ရန်ကြိုးစားခဲ့သည်။စစ်ကောင်စီ
၏ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၏ အစီရင်ခံစာတွင် နေပြည်တော်သည် မန္တလေးနှင့် စစ်ကိုင်းတိုင်းထက် အိမ်ထောင်စုလိုက် ရွှေ့ပြောင်းနေထိုင်ရမှု အဆမတန်ပို၍ များပြားသည်။ ကယ်
ဆယ်ရေး စခန်း ၇၅ခုတွင်ယာယီရွှေ့ပြောင်းနေ
ထိုင်သည့် အိမ်ထောင်စု ၂,၉၅၅ ခုရှိကာ ကိုယ်ပိုင်အစီအစဥ်ဖြင့် ရွှေ့ပြောင်းနေထိုင်သည့်အိမ်
ထောင်စုသည် ၂၃,၈၅၆ ရှိကြောင်း ဖော်ပြသည်။
ထို့အပြင် နေပြည်တော်၏ လမ်းနှင့် လျှပ်စစ်ကဏ္ဍ ပျက်စီးမှုသည်လည်း ငလျင်ဗဟိုပြုခဲ့သောစစ်ကိုင်း နှင့် မန္တလေးထက်ပို၍ ပျက်စီးခဲ့သည်ဟုဆို သည်။
နှစ်ပေါင်း၂၀ကြာ စစ်အုပ်အုပ်ရေးအမိန့်ဖြင့် အုပ်
ချုပ်ခဲ့သည့် အာဏာရှင်ဟောင်း သန်းရွှေက နေ
ပြည်တော်ကို ၂၀၀၃တွင် စတင်တည်ဆောက်ခဲ့သည်။ ၂၀၀၆တွင် ရန်ကုန်မြို့ရှိ အစိုးရဌာနဆိုင်ရာရုံးများအား နေပြည်တော်သို့ စတင်ပြောင်းရွှေ့ခဲ့ခြင်း ဖြစ်သည်။
(စစ်ကိုင်းငလျင်လှုပ်ပြီးနောက် နေပြည်တော်ရှိ စစ်ကောင်စီအဆောက်အအုံ နှင့် ဝန်ထမ်းအိမ်ယာများ ပျက်စီးနေမှု ။ဓါတ်ပုံ-စစ်ကောင်စီ )