■Breaking News
PDFများက တပ်မ(၃၃)၏ စစ်ကြောင်းပြုတ်အောင်ထပ်မံတိုက်ခိုက်
■ကနဦးသတင်းအရ အနည်းဆုံးစစ်သား ၂၄ ဦးသေ ၊လက်နက် ၂၀ ရရှိ
ဧပြီ၂၆၊၂၀၂၅။ရဲခေါင်၊မေ/People’s Spring
စစ်ကိုင်းမြို့နယ် ၊မြောက်ခြမ်းကို စစ်ကြောင်းထိုးလာသော စစ်ကောင်စီ၏ အမှတ်(၃၃)ခြေမြန်တပ်မဌာနချုပ် (တပ်မ ၃၃) ၏ စစ်ကြောင်းတစ်ခုလုံး ပြုတ်သည်အထိတိုက်ခိုက်ခံရပြန်ပြီး ၂၀ ထက်မနည်းသေဆုံးကာလက်နက် ၂၀ကျော်ရရှိကြောင်း စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။
ယမန်နေ့(ဧပြီ ၂၅ရက်)က စစ်ကိုင်းမြို့နယ်မြောက်ဘက်ခြမ်း၌ စစ်ကြောင်းထိုးနေသည့် စစ်ကောင်
စီ၏ တပ်မ(၃၃)မှ စစ်ကြောင်းအား တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဟု ဆိုသည်။
ဧပြီ ၂၄ ရက်က စစ်ကိုင်းမြို့နယ်မြောက်ဘက်ရှိ
စကျင်ကျေးရွာထိပ်သို့ စစ်ကိုင်းမြို့အခြေစိုက် တပ်မ(၃၃)မှအင်အား ၆၀ ခန့်ပါသောစစ်သားများသည် Faw ကားသုံးစီးဖြင့် ဝင်ရောက်လာခဲ့သည်။
ထိုနေ့ညပိုင်းတွင် စစ်ကိုင်းမြို့နယ် ၊ စာရေးအရှေ့ကျေးရွာရှိ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းနှင့် ကျေးရွာအတွင်း ဖြန့်ခွဲအခြေပြုလျှက် ကျေးရွာအတွင်းရှိ ပြည်သူများ၏ ပစ္စည်းများအား လုယက် ယူဆောင်ခဲ့သည်ဟု သိရသည်။
အင်အား ၄၀ခန့်ပါရှိသည် တပ်မ(၃၃)၏ စစ်
ကြောင်းတစ်ခုသည် မြစ်ကြီးနား-မန္တလေး ရထားလမ်းပိုင်းအရှေ့ဘက်မှ မြောက်ဘက်သို့ ဦးတည်၍ ထွက်လာခဲ့ရာ ဧပြီ၂၅ ရက်တွင် ဖမ်းဆီးခေါ်ဆောင်လာခဲ့သော ဒေသခံစစ်ဘေးရှောင်အချို့နှင့်အတူ စစ်ကိုင်းမြို့နယ် ရွာသစ်ကျေးရွာသို့ ရောက်ရှိခဲ့ကြောင်းသိရသည်။
အဆိုပအင်အား ၄၀ခန့်ပါရှိသော စစ်ကြောင်းကို PDF များ ၊ပကဖ များနှင့်ပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ကနဦးသတင်းများအရ မြေပြင်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားအလောင်း ၂၄လောင်းနှင့် လက်နက် ၂၂ လက်ကို တော်လှန်ရေးတပ်များက ရရှိထားသည်။ တပ်မ(၃၃)၏ စစ်ကြောင်း၏ သေဆုံးအရေအတွက်မှာ ယခုအရေအတွက်ထက် ပိုများနိုင်ပါသည်။စစ်ကောင်စီတပ်မှသေဆုံးစစ်သားများ နှင့် PDF များက စစ်သားများထံမှ လက်နက်ခဲယမ်းနှင့် စစ်သုံးပစ္စည်းများကို သိမ်းဆည်းနေသောရုပ်သံမှတ်တမ်းကို People’s Spring တယ်လီဂရန်ချန်နယ် https://t.me/PeopleSpring/75623
တွင်ကြည့်ရှုနိုင်ပါသည်။
“ဖြစ်တာက မြစ်ကြီးနား − မန္တလေး ရထားလမ်းပိုင်း ဘေးလို့ပဲပြောလို့ရဦးမယ်။ကျွန်တော်တို့ဘက်ကလည်း ထိခိုက်ကျဆုံးမှုအချို့ရှိပါတယ်”
ဟု စစ်ကိုင်းခရိုင်မှပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက တိုက်ပွဲဖြစ်စဥ်အပေါ် ရှင်းပြသည်။
တိုက်ခိုက်ခံရသည့် တပ်မ(၃၃)မှ စစ်ကြောင်းများ
သည် စစ်ကိုင်းမြို့နယ် မင်းကွန်းနှင့် ပဒူဒေသ တကြောကို စစ်ကြောင်းထိုးရန်ဖြစ်နိုင်ကြောင်းလည်း
စစ်ကိုင်းမြို့ခံစစ်ရေးသတင်းရင်းမြစ်အချို့က သုံးသပ်သည်။
“စစ်ကြောင်းနှစ်ခုမှာ စစ်ကြောင်းတစ်ခုကိုဖြုတ်နိုင်လိုက်ပြီဆိုတော့။စခတွေ ပြန်ဆုတ်ဖို့များမှာ။ဒါပေမယ့် ဒီနေ့(ဧပြီ ၂၆ ရက်)မှာအင်အား၃၀၀ကျော်
နဲ့ စစ်ကိုင်းကနေ ထွက်လာတာ သတင်းရထားတယ်”ဟု စစ်ကိုင်းမြို့ခံစစ်ရေးသတင်းရင်းမြစ်က ပြောသည်။
စစ်ကိုင်းတိုင်းတွင် နာမည်ဆိုးဖြင့် လူသိများသောတပ်မ(၃၃)၏ စစ်ကြောင်းများ ၂၀၂၅ ခုနှစ်အတွင်း စစ်ကိုင်းတိုင်း၌ တော်လှန်ရေးတပ်ဖွဲ့များက စစ်ကြောင်းတစ်ခုလုံးပြုတ်အောင် ဒုတိယအကြိမ်မြောက်တိုက်ခိုက်နိုင်ခြင်းဖြစ်သည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၅ရက်ကလည်း စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်တွင် စစ်ကောင်စီ၏ တပ်မ(၃၃) စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်(PDF) ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ရာ တပ်မ(၃၃)၏ တပ်သား ၂၀ကျော် သေဆုံးပြီး ၃ဦး အရှင်ဖမ်းမိခဲ့သည်။
ဝက်လက်မြို့နယ်အုန္နဲဘုတ်ကျေးရွာကို ဝင်ရောက်စီးနင်းထားသော အင်အား ၇၀ ခန့်ပါ စစ်ကိုင်းမြို့အခြေစိုက် တပ်မ(၃၃)စစ်ကြောင်း တိုက်ခိုက်ခံရခြင်းဖြစ်သည်။
တပ်မ(၃၃)သည် ၂၀၂၄မတ်လက စစ်ကိုင်းမြို့နယ် တာတိုင်ကျေးရွာနှင့် ပန်းချီကျေးရွာအားဝင်ရောက်စီးနင်း၍ ပကဖခေါင်းဆောင် ရဲဘော်မိုက်ကယ် (ခ)ကိုကျော်ဇော်အား ဖမ်းဆီးကာ ခေါင်းခြေလက်များဖြတ်တောက်ပြီး ဗိုက်ဖောက်ထုတ်ကာရက်စက်စွာသတ်ဖြတ်မှု ကျူးလွန်ခဲ့သော တပ်မဖြစ်သည်။ထိုစဉ်က တာတိုင်ကျေးရွာမှ တပ်ဆုတ်ချိန် ဒေသခံအမျိုးသမီးများအပါ
အဝင် (၁၇) ဦးအား လူသားဒိုင်းအဖြစ်ဖမ်းဆီးခေါ်ဆောင်ပြီး ရက်စက်စွာသတ်ဖြတ်ခဲ့သည်။
ထို့အပြင်တပ်မ ၃၃ သည် ချင်းပြည်နယ်၊ထန်တလန်မြို့ကို မီးရှို့ဖျက်ဆီးခဲ့သောတပ်မဖြစ်သည်။
၂၀၂၃ခုနှစ်၊စက်တင်ဘာလကလည်း ကျီးကန် မြောက်ရွာမှ အသက်၁၉နှစ်အရွယ်မရွှေမန်းသူကို ဖခင်ရှေ့မှာပင် တပ်မ ၃၃ မှစစ်သားများက အဓမ္မကျူးလွန်ပြီးသတ်ဖြတ်ခဲ့ သည်။မရွှေမန်းသူ အ
ပြင် အခြားရွာသားနှစ်ဦးကိုပါသတ်ဖြတ်ခဲ့သည်။
(စစ်တပ်အာဏာသိမ်းပြီးနောက် မန္တလေးမြို့၌ ငြိမ်းချမ်းစွာဆန္ဒပြနေသောပြည်သူများအားအ
ကြမ်းဖက်ဖြိုခွင်းရာတွင်ပါဝင်ခဲ့သောတပ်မ(၃၃)
မှစစ်သားများ။ ဓာတ်ပုံ – CJ)
