ညောင်ကျိုးတွင် စစ်ကောင်စီက အပြင်းအထန်ထိုးစစ်ဆင်နေပြီး ညောင်ခြေထောက်ဘက်မှာပါ လက်နက်ကြီးများဖြင့် ပစ်ကူပေးနေ

by

in

ညောင်ကျိုးတွင် စစ်ကောင်စီက အပြင်းအထန်ထိုးစစ်ဆင်နေပြီး ညောင်ခြေထောက်ဘက်မှာပါ လက်နက်ကြီးများဖြင့် ပစ်ကူပေးနေ
ဧရာဝတီတိုင်းမ်
ဧပြီ ၂၅ ရက်

အာရက္ခတပ်တော် (AA) သိမ်းပိုက်ထားသည့် ပဲခူးတိုင်းအနောက်ခြမ်းရှိ ညောင်ကျိုးစခန်းကို ပြန်လည်ရရှိရေးအတွက် စစ်ကောင်စီက အပြင်းအထန်ထိုးစစ်ဆင်နေကြောင်း သိရသည်။
ညောင်ကျိုးစခန်းအနီးသိုံ ပြီးခဲ့သည့်ရက်ပိုင်း ဧပြီ ၂၃ ရက်နေ့က စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် AA တို့ အပြင်းအထန်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
“ဆင်လန်ရွာနားမှာ တိုက်ပွဲဖြစ်တယ်။ တိုက်ပွဲမတိုင်ခင်နေ့ကတည်းက စစ်တပ်ဘက်ကနေ အင်အားစုဖွဲ့ပြီး ညောင်ကျိုးကို ချီတက်လာတာ။ ကျွံထွက်လာတဲ့ စစ်ကြောင်းနဲ့ AA တို့ တိုက်ပွဲဖြစ်တာ”ဟု စစ်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
ပြီးခဲ့သည့် မတ်လ ၁၂ ရက်နေ့က ညောင်ကျိုးစခန်းကို AA ကသိမ်းယူခဲ့ပြီးနောက် စစ်ကောင်စီက စခန်းပြန်လည်ရရှိစေရေးအတွက် အင်အားစုဖွဲ့ပြီး မကြာ ခဏ စစ်ကြောင်းထိုးခြင်းများ ပြုလုပ်လာခြင်းဖြစ် သည်။
ထို့အပြင် စ်ကောင်စီ၏ ကာကွယ်ရေးပစ္စည်းစက်ရုံများဖြစ်သည့် ညောင်ခြေထောက်ရှိ ကပစ ၆ နှင့် ကပစ ၉ တို့မှ အင်အားစုဖွဲ့ပြီး ညောင်ကျိုးကိုစစ်ကူပို့နေကာ လက်နက်ကြီးများဖြင့်ပါ ပစ်ခတ်တိုက်ခိုက်နေကြောင်း သိရသည်။
ညောင်ကျိုးတိုက်ပွဲသို့ စစ်ကောင်စီက စစ်သင်တန်းဆင်း တပ်သားသစ်များအပြင် မှော်ဘီအခြေစိုက် တပ်ရင်းသုံးရင်းမှ ထုတ်နုတ်အင်အားများကို ပို့ပြီးတိုက်ခိုက်စေသော်လည်း ညောင်ကျိုးစခန်းကို လက် လွှတ်လိုက်ရခြင်းဖြစ်သည်။
စစ်ကောင်စီက မြေပြင်မှစစ်ကြောင်းထိုးလာသည့်အပြင် လေကြောင်းပစ်ကူနှင့် စက်တပ်လေထီးမှ ဗုံးများကြဲပြီး ကပစစက်ရုံများဘက်မှပါ လက်နက်ကြီးများဖြင့် ပစ်ကူပေးနေသည်။
စစ်ကောင်စီသည် ညောင်ကျိုးစခန်းပြန်လည်ရယူရန်အတွက် ပြည်နှင့်ဥသျှစ်ပင်မြို့မှ စားနပ်ရိက္ခာနှင့် လက် နက်ခဲယမ်းများကို စစ်သုံးကားများ၊ ကုန်ကားများဖြင့် ပို့ဆောင်နေပြီး ဒဏ်ရာရသူများကို ရွှေတောင်ရှိတပ်ဆေးရုံသို့ ပို့ဆောင်ကုသပေးနေကြောင်း သိရသည်။
ဓာတ်ပုံ-AA Info Dssk