ဘော်လခဲမြို့နယ်ရှိ စစ်တပ်ရဲ့ ဝမ်မလန်စခန်းကို တော်လှန်ရေးတပ်များ တိုက်ခိုက်သိမ်းပိုက်၊ တော်လှန်ရေးရဲဘော် ၁ ဦး ကျဆုံး (ရုပ်/သံ)

by

in

ဘော်လခဲမြို့နယ်ရှိ စစ်တပ်ရဲ့ ဝမ်မလန်စခန်းကို တော်လှန်ရေးတပ်များ တိုက်ခိုက်သိမ်းပိုက်၊
တော်လှန်ရေးရဲဘော် ၁ ဦး ကျဆုံး (ရုပ်/သံ)
ဧပြီ ၂၁၊ ၂၀၂၅

ကရင်နီပြည် ဘော်လခဲမြို့နယ်ရှိ အကြမ်းဖက်စစ်တပ်ရဲ့ ဝမ်မလန်စခန်းကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ မှတ်တမ်းရုပ်သံကို Bawlakhe PDF က ထုတ်ပြန်လိုက်ပါတယ်။
ဝမ်မလန်စခန်းကို မတ်လ ၃၀ ရက် မနက်ပိုင်းမှာ တော်လှန်ရေးတပ်တွေက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်သားတွေ စခန်းကို စွန့်ခွာသွားပြေးသွားတယ်လို့ သိရပါတယ်။
တိုက်ပွဲအတွင်း ကရင်နီတော်လှန်ရေးရဲဘော် ၁ ယောက် ကျဆုံးခဲ့ပြီး ၁၀ ယောက်ကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
အဲဒီစခန်းကို မတ်လ ၂၈ ရက် မနက်ပိုင်းကလည်း တော်လှန်ရေးပူးပေါင်းတပ်တွေ ဝင်ရောက်တိုက် ခိုက်ခဲ့ပြီး တိုက်ပွဲ ၂ နာရီကြာဖြစ်ပွားခဲ့ကာ ခဲယမ်းနည်းပါးမှုကြောင့် ပြန်လည်ဆုတ်ခွါခဲ့ရတာပါ။ အဲဒီနောက် မတ်လ ၃၀ ရက်မှာ ထပ်မံထိုးစစ်ဆင် တိုက်ခိုက်ကာစခန်းသိမ်းပိုက်နိုင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။