နေပြည်တော်တွင် ကပစ-၁၃ မှ ဗိုလ်မှူး ဖြိုးမင်းကျော်၊ တပ်ကြပ်အောင်ဇော်နိုင်နှင့်ရဲဒုတပ် ကြပ်ထွန်းပြည့်စုံတို့ကို ငွေကျပ် သိန်း ၂၀၀၀ ကျော်နှင့်အတူ ဖမ်းမိသော်လည်း စစ်တပ်၏ တိုက်ခိုက်မှုကြောင့် သေဆုံး

by

in

နေပြည်တော်တွင် ကပစ-၁၃ မှ ဗိုလ်မှူး ဖြိုးမင်းကျော်၊ တပ်ကြပ်အောင်ဇော်နိုင်နှင့်ရဲဒုတပ် ကြပ်ထွန်းပြည့်စုံတို့ကို ငွေကျပ် သိန်း ၂၀၀၀ ကျော်နှင့်အတူ ဖမ်းမိသော်လည်း စစ်တပ်၏ တိုက်ခိုက်မှုကြောင့် သေဆုံး
ရန်ကုန်၊ ဧပြီ ၂၁
နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်တွင် ကပစ-၁၃ မှ ဗိုလ်မှူး ဖြိုးမင်းကျော်၊ တပ်ကြပ်အောင်ဇော်နိုင်နှင့်ရဲဒုတပ် ကြပ် ထွန်းပြည့်စုံတို့ကို ငွေကျပ် သိန်း ၂၀၀၀ ကျော်နှင့်အတူ ဖမ်းမိသော်လည်း စစ်တပ်၏ တိုက်ခိုက်မှုကြောင့် ၃ ဦး စလုံး သေဆုံး သွားကြောင်း အဖိ နှိပ်ခံပြည်သူ့တော်လှန်ရေးအင်အားစု ၊ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် OPRF – PLA တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ဧပြီလ ၁၉ ရက်နေ့က အကြမ်းဖက်စစ်ကောင်စီ ဌာနချုပ်ရုံးစိုက်ရာ နေပြည်တော်တိုင်း၊ ဥတ္တရသီရီမြို့ နယ် လမ်းပိုင်းတနေရာတွင် OPRF – PLA အဖိနှိပ်ခံပြည်သူ့တော်လှန်ရေးအင်အားစု – ပြည်သူ့လွတ် မြောက်ရေးတပ်မတော်မှ ရဲဘော်များက အချိန် ၃ နာရီကျော်ကြာ ထိန်းချုပ်စစ်ဆေးခဲ့ကြောင်း ၊ ထိုသို့ စစ် ဆေးနေစဉ် ဗိုလ် မှူး ဖြိုးမင်း ကျော်အပါအဝင် ၃ ဦးကို စစ်အသုံးအဆောင်အငွေကြေး သိန်း ၂၀၀၀ ကျော်နှင့်အတူ ဖမ်းမိခဲ့ကြောင်း၊ ထို့နောက် စစ်သုံ့ပန်း ၃ ဦးကို ဖမ်းဆီးမိပြီး ပြန် လည် ဆုတ်ခွာလာစဉ် စစ်တပ်က လိုက်လံတိုက်ခိုက်မှုကြောင့် စစ်သုံ့ပန်း ၃ ဦးစလုံးသေဆုံးသွားကြောင်း သိရှိရသည်။
ဖမ်းဆီးရရှိခဲ့သော်လည်း စစ်တပ်၏ တိုက်ခိုက်မှုကြောင့် သေဆုံးသွားသော စစ်သုံ့ပန်း ၃ ဦးမှာ အမှတ် ၁၃ ကာ ကွယ်ရေး ပစ္စည်းစက်ရုံ – ကပစ ၁၃ မှ ဗိုလ်မှူး ဖြိုးမင်းကျော် အမှတ် ၉၁၀ စစ်မြေပြင် အင်ဂျင်နီယာတပ်ရင်း၊ တပ်ခွဲ ၃ မှ တပ်ကြပ် အောင်ဇော်နိုင် နှင့် ရဲ ဒုတပ်ကြပ် ထွန်းပြည့်စုံ တို့ဖြစ်ကြောင်း သိရှိရသည်။
တော်လှန်ရေးတပ်က စစ်သုံ့ပန်းများကို ဖမ်းဆီးပြီး အပြန်တွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ရာ ဖမ်းဆီးရရှိခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးစလုံး သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း၊ ၎င်းတို့ နှင့်အတူ ပါရှိလာသည့် စစ်ဘက်ဆိုင်ရာအသုံးအဆောင်များ၊ ငွေကြေးအစုံ အပါအဝင် ကာလတန်ဖိုး သိန်း ၂၀၀၀ ကျော်ကို သိမ်းနိုင်ခဲ့ကြောင်း သိရှိရသည်။
“နေပြည်တော်နဲ့ ၂၅ မိုင်ဝေးတဲ့နေရာလောက်မှာ တိုက်ပွဲထပ်ဖြစ်တာပါ။ စခတွေမိတာက ကားနဲ့ လာတဲ့အချိန်ဖမ်းမိတာပါ။ အဲဒီနေပြည်တော်လမ်းပိုင်း မိုင်တိုင် ၂၅ ဝန်းကျင်မှာပါပဲ၊ ဗိုလ်မှူးကို ဖမ်း မိပြီးအပြန်မှာ ဖြစ်တာပါ” ဟု အဖိ နှိပ်ခံပြည်သူ့တော်လှန်ရေးအင်အားစု ၊ ပြည်သူ့လွတ်မြောက်ရေး တပ်မတော် OPRF – PLA တပ်ဖွဲ့မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။
အဆိုပါ လှုပ်ရှားမှုကို OPRF – PLA အဖိနှိပ်ခံပြည်သူ့တော်လှန်ရေးအင်အားစု – ပြည်သူ့လွတ်မြောက် ရေးတပ်မတော် မှ ရဲဘော်များက တပ်တွင်း သတင်းပေးများ၏ တိကျတေသာ သတင်းအချက်အ လက်ပေါ်အခြေခံ၍ ဝင်ရောက်လှုပ်ရှားခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအားလုံး အထိ အခိုက်မရှိဘဲ အောင်မြင်စွာလှုပ်ရှားဆောင်ရွက်နိုင်ခဲ့ကြောင်း သိရှိရသည်။