အနောက်နိုင်ငံကြီးများ၏ စီးပွားရေးပိတ်ဆို့မှုကြောင့် အထောက်အပံများ လျှော့ချခံရသည့်အပြင် နိုင်ငံပိုင် နိုင်ငံခြားငွေများကိုလည်း သုံးစွဲမှု မပြုနိုင်ဟု အကြမ်းဖက် မင်းအောင်လှိုင် ပြော

by

in

အနောက်နိုင်ငံကြီးများ၏ စီးပွားရေးပိတ်ဆို့မှုကြောင့် အထောက်အပံများ လျှော့ချခံရသည့်အပြင် နိုင်ငံပိုင် နိုင်ငံခြားငွေများကိုလည်း သုံးစွဲမှု မပြုနိုင်ဟု အကြမ်းဖက် မင်းအောင်လှိုင် ပြော
ရန်ကုန်၊ ဩဂုတ် ၃၁
အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က အာဏာသိမ်းချိန်မှစတင်၍ အနောက်နိုင်ငံကြီးများ၏ စီးပွားရေးပိတ်ဆို့မှုကြောင့် အထောက် အပံများ လျှော့ချခံရသည့်အပြင် နိုင်ငံပိုင် နိုင်ငံခြားငွေများကိုလည်း သုံးစွဲမှု မပြုနိုင်ကြောင်း ပြောဆိုသည်။
ဩဂုတ်လ ၃၀ ရက်နေ့ ပဲခူးမြို့သို့ နန်းတက် ယတြာချေရောက်ရှိပြီးနောက် ပဲခူး တိုင်းစစ်ကောင်စီအဖွဲ့များနှင့် တွေ့ဆုံစဉ် ၎င်းက အထက်ပါအတိုင်းပြောဆိုခြင်းဖြစ်သည်။
“မိမိတို့စတင်တာဝန်ထမ်းဆောင်ချိန်တွင် အနောက်နိုင်ငံများအနေဖြင့် စီးပွား ရေးပိတ်ဆို့မှုများကို လုပ်ဆောင်ခဲ့ကြောင်း၊ အထောက်အပံ့များ ပေးအပ်မှုကိုလည်း လျှော့ချခဲ့ကြောင်း၊ ထိုသို့ စီးပွားရေးအရ ပိတ်ဆို့မှုများကြောင့် မိမိတို့နိုင်ငံပိုင် နိုင်ငံခြားငွေများ သုံးစွဲမှု မပြုနိုင်ခဲ့ကြောင်း၊ ထို့ကြောင့် ကုန်သွယ်မှုများမှ ရရှိသည့် ငွေများကို အဓိကထား သုံးစွဲနေရခြင်းဖြစ်ကြောင်း” အကြမ်းဖက် မင်းအောင်လှိုင်က ဆိုသည်။
ထို့ပြင် ယခင်က ပြည်ပ ဝင်ငွေများမှာလည်း ချေးငွေများနှင့် ထောက်ပံ့ငွေများ၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဖြစ်သည်ကို တွေ့ရှိရကြောင်း၊ လက်ရှိတွင် ပြည်ပ ချေးငွေများကို တတ်နိုင်သမျှ ပြန်လည် ပေးဆပ်ရလျက်ရှိကြောင်း၊ ကုန် ထုတ်လုပ်မှုများ တိုးချဲ့ပြီး ပြည်ပသို့ ကုန်ပစ္စည်းများ တင်ပို့နိုင်မှသာ နိုင်ငံခြားဝင်ငွေ တိုးတက်ရမည်ဖြစ်ကြောင်း မင်းအောင်လှိုင်က ပြောဆိုသွားသည်။