စစ်ကောင်စီလက်အောက်ခံ လေတပ်များ သင်္ကြန်နှစ်သစ်ကူး ပိတ်ရက်ကာလ အနားမရဘဲ လေကြောင်းစစ်ဆင် ရေးများ ဆက်တိုက်ရှိနေမည်ဖြစ်၍ ပြည်သူများ သတိပြုရန် လိုအပ်
ရန်ကုန်၊ဧပြီ ၁၂
အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ လေတပ်များအနေဖြင့် သင်္ကြန်နှစ်သစ်ကူးကာလ ပိတ်ရက်များတွင် အနားမရဘဲ လေ ကြောင်း စစ်ဆင်ရေးများ ဆက်တိုက်ရှိနေကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
မနက်ဖြန် ဧပြီလ ၁၃ ရက်နေ့မှ ဧပြီလ ၂၁ ရက်နေ့အထိ သင်္ကြန်ကာလ နှစ်သစ်ကူး ရုံးပိတ်ရက် ၉ ရက်အတွက် စစ်ကောင်စီ၏ အရပ်ဘက်ဝန်ကြီးဌာနရုံးများ၊ အရပ်ဘက် ဝန်ထမ်းများအတွက် နားရက်ပေးထားသော်လည်း စစ်ဘက်ဝန် ထမ်းများ အထူးသဖြင့် စစ်ကောင်စီလက်အောက်ခံ လေတပ်များတွင်မူ အနားမပေးဘဲ အလှည့်ကျ တာဝန် ထမ်းဆောင်ရမည်ဖြစ်ကြောင်း သိရှိရသည်။
“သင်္ကြန်ကာလမှာ တပ်မတော်(လေ) အရာရှိ၊ ပိုင်းလော့နဲ့ လေတပ်သားတွေ နားရက်ပေးတာမျိုးမရှိပါဘူး။ အဲဒီတော့ သင်္ကြန်ကာလမှာ ပြည်သူတွေ သတိ ထားရပါလိမ့်မယ်။ လေကြောင်းတိုက်ခိုက်မှုနဲ့ စစ်ဆင်ရေးတွေ ဆက်ရှိမယ့်သဘောပါပဲ” ဟု နေပြည်တော်စစ်ဘက်(ဖရဲသီး) သတင်းရင်းမြစ်က ရှင်းပြသည်။
စစ်ကောင်စီ၏ ယာယီစစ်ရုံးနေရာများတွင် စစ်ဆင်ရေးဆိုင်ရာ အရာရှိကြီးများနှင့် စစ်ဘက်ဝန်ထမ်းများ ရုံး တက်ကြမည်ဖြစ်ပြီး လတ်တလော ယာယီရုံးများ သတ်မှတ်ပြီးစီးကာ ရုံးလုပ်ငန်းများဖြင့် ပြန်လည် လည်ပတ်နေပြီဖြစ်ကြောင်း သိရှိရသည်။
“ငလျင်ကြောင့် ပြိုသွားတဲ့စစ်ရုံးတွေကို စစ်ဆေးမှုတွေ လုပ်နေပါပြီ။ ပြင်ဆင် တည်ဆောက်မှုတွေ လုပ်ဖို့ ပြင်နေတယ်။ လော လောဆယ်တော့ ယာယီစစ်ရုံးတွေလည်း သတ်မှတ်နေရာချထားတာတွေနဲ့ ရုံးတက်သူတက်နဲ့ ပြန်ပြီး လည် ပတ်နေပါပြီ။ သင်္ကြန်ကာလမှာလည်း ယာယီစစ်ရုံးတွေကနေ ရုံးတက်ကြမယ့်သူတွေ၊ အလုပ်လုပ်ဆက်လုပ်ကြမှာဖြစ်ပါတယ်။ အလှည့်ကျသဘောမျိုး တာ ဝန် ထမ်းဆောင်ကြမှာဖြစ်ပါတယ်” ဟု နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ဆိုသည်။
အကြမ်းဖက်စစ်တပ်က ဧပြီလ ၂ ရက်နေ့မှ ဧပြီလ ၂၂ ရက်နေ့အထိ ရက် ၂၀ ကြာ ယာယီ အပစ်အခတ်ရပ်စဲရေး ကြေညာထားသော်လည်း နိုင်ငံတစ်ဝန်းလုံးတွင် ထိုးစစ်များ ဆင်နွှဲခြင်း၊ လေကြောင်းတိုက်ခိုက်ခြင်းနှင့် ပြည်သူများကို ဖမ်း ဆီးသတ်ဖြတ်ခြင်းများ ဆက်တိုက် လုပ်ဆောင်လျက်ရှိကြောင်း NUG အပါအဝင် တော်လှန်ရေး အင်အားစုများက သတင်းထုတ်ပြန်ထားသည်။
