နေပြည်တော်မှာ ဖမ်းဆီးခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည် အတွက် စိုးရိမ်

by

in

နေပြည်တော်မှာ ဖမ်းဆီးခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည် အတွက် စိုးရိမ် – BBC NEWS

မတ်လ ၂၈ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ငလျင်ကြီးကြောင့် စစ်ကောင်စီ ရုံးစိုက်တဲ့ နေပြည်တော်မှာ ထိခိုက် ပျက်စီးမှု အများအပြား ရှိခဲ့ပါတယ်။ ဒါကြောင့် နေပြည်တော်မှာ ၄ နှစ်ကျော်ကြာ ဖမ်းဆီး ထိန်းသိမ်းခံထားရတဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီးတော့ လူအများက စိုးရိမ်ပူပန်နေကြပါတယ်။ တခါ ငလျင်ရဲ့ ဗဟိုချက် အနီးကပ်ဆုံး မန္တလေးမြို့က အိုးဘိုထောင်မှာလည်း အကျဉ်းသူ တချို့ သေဆုံးခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ မသူဇာလင်းက ဆက်ပြီး ပြောပြပေးမှာပါ။ #ဘီဘီစီမြန်မာပိုင်း