အင်းစိန်မြို့နယ်၊ သီရိမင်္ဂလာလမ်းမပေါ်ရှိ လေတပ် အိမ်ထောင်သည် လိုင်းခန်း အစောင့်ဂိတ်ကို လက်ပစ်ဗုံး ပစ်သွင်း တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၂ ဦး ထိခိုက်ဒဏ်ရာရ

by

in

အင်းစိန်မြို့နယ်၊ သီရိမင်္ဂလာလမ်းမပေါ်ရှိ လေတပ် အိမ်ထောင်သည် လိုင်းခန်း အစောင့်ဂိတ်ကို လက်ပစ်ဗုံး ပစ်သွင်း တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၂ ဦး ထိခိုက်ဒဏ်ရာရ
ရန်ကုန်၊ ဧပြီ ၁၂
ရန်ကုန်မြို့၊့ အင်းစိန်မြို့နယ်၊ သီရိမင်္ဂလာလမ်းမပေါ်ရှိ လေတပ် အိမ်ထောင်သည် လိုင်းခန်း အစောင့်ဂိတ်ကို လက်ပစ်ဗုံး ပစ်သွင်း တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Operation Flame အဖွဲ့မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဧပြီလ ၁၁ ရက်နေ့ ည ၇ နာရီ ၃၇ မိနစ်ခန့်တွင် အင်းစိန်မြို့နယ်၊ သီရိမင်္ဂလာ လမ်းမပေါ်ရှိ အကြမ်းဖက် စစ်တပ်၏ လေတပ် အိမ်ထောင်သည် လိုင်းခန်း အစောင့်ကင်းဂိတ်ကို တော်လှန်ရေး ရဲဘော်များက လက်ပစ်ဗုံး ပစ်သွင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်း တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လိုင်းခန်း အတွင်းကို လူနာတင်ကားများနှင့် စစ်ကားများ ဝင်ရောက်သွားကြောင်း သိရှိရသည်။
“အင်းစိန် သီရိမင်္ဂလာလမ်းပေါ်က လေတပ် အိမ်ထောင်သည်လိုင်းခန်း ဂိတ်ကင်းကို ဖောက်ခွဲ တိုက်ခိုက်ခဲ့တာပါ။ လက်ပစ်ဗုံး ၂ လုံး ပစ်ထည့်ခဲ့တာပါ။ အနည်းဆုံး အစောင့်ခွေး ၂ ကောင်ထိခိုက်မှုရှိနိုင်ပါတယ်။ ရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့တယ်။ တိုက်ခိုက်မှုဖြစ်ပြီးတော့ Ambulance တွေရော ခွေးကားတွေရော အစစ်အဆေးတွေ ပြုလုပ်နေပါတယ်” ဟု Operation Flame အဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။
တိုက်ခိုက်မှု ပြုလုပ်ပြီးနောက် တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ပြီး အဆိုပါ စစ်ဆင်ရေးကို Operation Flame မှ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း၊ ဆက်လက်၍ ရန်ကုန်တော်လှန်ရေးမဟာမိတ်များအားလုံးနှင့် အတူ လက်တွဲပြီး အကြမ်းဖက်စစ်တပ်ကို အရှိန်မြှင့် တိုက်ခိုက် ချေမှုန်းသွားမည်ဖြစ်ကြောင်းကိုလည်း အသိပေး ထုတ်ပြန်ထားသည်။