အင်းတော်မြို့သိမ်းတိုက်ပွဲအောင်ပွဲရ ရဲဘော်တွေကို ပြည်သူတွေသပြေပန်းနဲ့ကြို
ဧပြီ-၁၂၊၂၀၂၅/နေ့သစ်/People’s Spring
အင်းတော်မြို့သိမ်းတိုက်ပွဲအောင်ပွဲရPDF တွေရဲ့အောင်ပွဲခံနေကြပုံတွေ နဲ့ဒေသခံပြည်သူတွေက ကြိုဆိုနေကြတာဖြစ်ပါတယ် ။၂၀၂၄ ဩဂုတ်လာထဲကစတင်ခဲ့တဲ့ အင်းတော်မြို့သိမ်းတိုက်ပွဲဟာ စစ်ကောင်စီတပ်ဟာ ဂျပန်လှိုဏ်ဂူကနေခံစစ်အခိုင်အမာပြင်ပြီးခုခံသလို လေကြောင်းနဲ့လက်နက်ကြီးပစ်ကူတွေ ၊စစ်ကူတွေ အကြိမ်ကြိမ်ပို့ခုခံတာကြောင့် ခုနှစ်လကျော်ထိုးစစ်ဆင်တိုက်ခိုက်ပြီးမှသိမ်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ အင်းတော်မြို့သိမ်းတိုက်ပွဲမှာ PDF ၊ ABSDF ၊ KIA ၊ ပကဖ ၊ KPDF စတဲ့တော်လှန်ရေးတပ်တွေ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာဖြစ်ပါတယ်။
ထူးခြားချက်က စစ်တပ်ဟာအင်းတော်မြို့က စစ်ရေးအရအရေးပါလှတာမို့ ပဲခူးမြို့အခြေစိုက်တပ်မ(၇၇)အောက်မှာ တပ်ရင်း၅ရင်း၊ အင်အား ၇၀၀ခန့်အထိပို့ပြီး ခုခံခဲ့ပေ့မယ်PDF တွေနဲ့ပူးပေါင်းတပ်တွေက တပ်မ (၇၇)ကိုအနိုင်ယူနိုင်ခဲ့တာဖြစ်ပါတယ် ။ဒါအပြင်ထွက်ပြေးသွားတဲ့ တပ်မ(၇၇)တပ်မမှူး ဗိုလ်မှူးချုပ်အောင်သက်ဦးနဲ့ စစ်သုံ့ပန်း ၁၇၀ကျော်ကိုလည်းပူးပေါင်းတပ်တွေက ဖမ်းဆီးနိုင်ခဲ့ပါတယ်။ PDF တွေကစစ်တပ်ရဲ့ ဗိုလ်မှူးချုပ် တစ်ဦးကိုပထမဆုံးအကြိမ်ဖမ်းဆီးနိုင်ခဲ့တာဖြစ်ပါတယ် ။ အင်းတော်ဟာ တပ်မ (၇၇)ရဲ့ရှေ့တန်းဌာနချုပ်ဖြစ်တာကြောင့် ဟောင်ဝပ်ဇာ (၂) လက် ၊ ၁၂၀ မမ ( ၂) အပါအဝင် လက်နက်ခဲယမ်းများစွာသိမ်းယူရရှိခဲ့ပါတယ် ။
ခုနှစ်လကျော်တိုင် ခက်ခက်ခဲခဲ ထိုးစစ်ဆင်တိုက်ခိုက်ရတာမို့ တော်လှန်ရေးတပ်ဖွဲ့တွေ ထိခိုက်ကျဆုံးမှုတွေလည်းရှိခဲ့ပါတယ်။စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်ကြားက စစ်ရေးအရအရေးပါသလို ရှမ်းပြည်နယ်မြောက်ပိုင်း ၊စစ်ကိုင်း၊ကချင်၊မကွေး ၊ရခိုင်အထိဆက်သွယ်နိုင်တဲ့ အင်းတော်မြို့သိမ်းပိုက်နိုင်တာကြောင့်မြို့သိမ်းတိုက်ပွဲဝင်ကာကွယ်ရဲဘော်တွေကို ပြည်သူလူထုက သပြေပန်းတွေနဲ့ ကြိုဆိုနေကြပါတယ်။ တိုက်ပွဲဝင်ရဲဘော်တွေကလည်း အိုးစည်ဗုံမောင်းတွေနဲ့ ကခုန်ပြီးအောင်ပွဲခံခဲ့ကြပါတယ်။
၈ လကျော်ကြာ မြို့သိမ်းတိုက်ပွဲဆင်နွှဲပြီး အိမ်ပြန်လာကြသည့် ပခုက္ကူခရိုင်အမှတ် ၁၀ တပ်ရင်းရဲဘော်များ (ရုပ်/သံ)
ဧပြီ ၁၁၊ ၂၀၂၅
စစ်ကိုင်းတိုင်း အင်းတော်မြို့သိမ်းတိုက်ပွဲကို ၈ လကျော်ကြာ ပါဝင်တိုက်ခိုက်ခဲ့ပြီး အောင်မြင်မှုနဲ့အတူ ပြန်လာတဲ့ ပခုက္ကူခရိုင်အမှတ် ၁၀ တပ်ရင်းရဲဘော်တွေကို ဒေသခံပြည်သူတွေက အောင်သပြေပန်းတွေနဲ့ ကြိုဆိုဂုဏ်ပြုခဲ့ကြတယ်လို့ သိရပါတယ်။
တိုက်ပွဲအတွင်းမှာ ပခုက္ကူခရိုင်အမှတ် ၁၀ တပ်ရင်းက ရဲဘော် ၄ ယောက် ကျဆုံးခဲ့ရတယ်လို့ သိရပါတယ်။
”အမြဲအောက်မေ့တမ်းတ၍လည်း ရှိနေပါ့မည်။အိမ်ပြန်ခရီးတွေဟာ လူမစုံတော့ပေမယ့် ဆက် လက်ပြီး စစ်အာဏာရှင်ပြုတ်ကျပြီး ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်ကြီးတရပ် ပေါ်ထွန်းပြီးသည်အထိ ပခုက္ကူခရိုင်အမှတ်(၁၀)တပ်ရင်းအနေဖြင့် နိုင်ငံ့တာဝန်များကို ပခုံးပေါ် အမြဲထမ်းတင်ထားပါ့မည်” လို့ ပခုက္ကူခရိုင် အမှတ်(၁၀)တပ်ရင်းက ဆိုပါတယ်။
နောက်ထပ်မြို့သိမ်းတိုက်ပွဲတွေမှာ ရဲဘော်တွေရဲ့ အသက်ကို ကာကွယ်ပေးနိုင်ဖို့ “အောင်ပန်းဝေစေ ရှင်မတောင်မြေ” ကျည်ကာကမ်းပိန်းကိုလည်း ပြုလုပ်ထားပြီး ပါဝင်အားဖြည့်ပေးကြဖို့ မိဘပြည်သူတွေကို မေတ္တာရပ်ခံထားပါတယ်။