ပခုက္ကူမြို့ဂေါက်ကွင်းမှ ညပိုင်း ပြန်လာသည့် ကပစ ၂၄ မှ ဗိုလ်မှူးသော်ဇင်ဦးနှင့် စစ်တပ်ဒေါက်တိုင် အိမ် ဖြူတော် KTV ပိုင်ရှင်ဖြစ်သူ မြင့်ဦးတို့ ပစ်ခတ်ခံရပြီး သေဆုံး (ရုပ်/သံ)
ရန်ကုန်၊ ဧပြီ ၁၁
မကွေးတိုင်း၊ ပခုက္ကူမြို့ဂေါက်ကွင်းမှ ပြန်လာသည့် ကပစ ၂၄ မှ ဗိုလ်မှူး သော်ဇင်ဦးနှင့် စစ်တပ် ထောက်တိုင် အိမ်ဖြူတော် KTV ပိုင်ရှင် မြင့်ဦးတို့ ပစ်ခတ်ခံရပြီးသေဆုံးသွားကြောင်း ဒေသနေပြည် သူများနှင့် Earthquake People’s Defense Force မှ တာဝန်ရှိသူတို့က ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။
ယမန်နေ့ ဧပြီလ ၁၀ ရက် ည ၉ နာရီခန့်က ပခုက္ကူမြို့ဂေါက်ကွင်းမှ ကားဖြင့် ပြန်လာသည့် ကပစ ၂၄ မှ ဗိုလ်မှူးသော်ဇင်ဦးနှင့် စစ်တပ်ထောက်တိုင် အိမ်ဖြူတော် KTV ပိုင်ရှင် မြင့်ဦးတို့ကို ပခုက္ကူမြို့ စက် မှုဇုန် ဘူတာနှင့် အိမ်ဖြူတော် KTV ကြားအရောက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက အနီးကပ် ခတ်တိုက်ခိုက်ခဲ့ရာ ၂ ဦးစလုံး နေရာမှာပင် သေဆုံးသွားကြောင်း သိရသည်။
“ညကကြားတာက အိမ်ဖြူတော် KTV ကို ဝင်ပစ်တယ်လို့ကြားတာ၊ ပစ်ခတ်သံတွေက လက်နက်ကြီး ထုသံတွေရော၊ လက်နက်ငယ်ပစ်သံတွေရော ဆူညံနေတာ။ အိမ်ဖြူတော် ကေတီဗွီနဲ့ အခုဖြစ်တဲ့နေ ရာက စိုတွင်းရွာလေးပဲခြားတာ။ ဘယ်အဖွဲ့တွေက ဝင်ပစ်တာလဲတော့ မသိရသေးဘူး။ ဒီမနက် လမ်း တွေတော့ မပိတ်ဘူး၊” ဟု ပခုက္ကူမြို့နေပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။
အဆိုပါ တိုက်ခိုက်မှုကို Earthquake People’s Defense Force၊ Thu Rein TR၊ Six Senses Guerrilla Force၊ Justice Revolution Force ၊ Hunter PKU၊ Black Cheater ၊ ပခုက္ကူခရိုင် တပ် ရင်း၂ (The Red Revolters တပ်ဖွဲ့) ၊ မြိုင်ပကဖ တပ်ရင်း ၃ တပ်ခွဲ ၄ နှင့် ရွှေညာမြေတပ်ဖွဲ (ပခုက္ကူ) တို့ ပူးပေါင်းကာ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပြည်သူများအနေဖြင့် စစ်ရေးအရှိန်မြင့်လာသောကြောင့် စစ်ကောင်စီတပ် စခန်း၊ စစ်ကောင်စီ တပ်သား များနှင့်ဝေးရာတွင် သွားလာနေထိုင်ကြရန် ပြည်သူ့ကာကွယ်ရေးအဖွဲ့များက မေတ္တာရပ်ခံ ထားသည်။
ပြီးခဲ့သည့် ၄ ရက်ခန့်ကလည်း ပခုက္ကူမြို့ပေါ်ရှိ စစ်တပ်ထောက်တိုင် မိုင်တဲလ်ရုံးကို လက်နက်ကြီး ဖြင့် ဝင်ရောက် ပစ်ခတ်တိုက်ခိုက်မှုရှိခဲ့ကြောင်း၊ ပစ်ခတ်ခံရပြီးနောက်တစ်နေ့တွင် လက်နက်ပျောက် သွားသည်ဟုဆိုကာ ပခုက္ကူတစ်မြို့လုံးကို ပိတ်ဆို့ရှာဖွေမှုလုပ်ဆောင်ခဲ့ကြောင်း သိရသည်။