မြန်မာပြည်အလယ်ပိုင်းတွင် နောက်ဆက်တွဲ ငလျင်များထပ်လှုပ်

by

in

မြန်မာပြည်အလယ်ပိုင်းတွင် နောက်ဆက်တွဲ ငလျင်များထပ်လှုပ်
DVB
မြန်မာပြည်အလယ်ပိုင်း မန္တလေးတိုင်းနဲ့ ပဲခူးတိုင်းမှာ ဧပြီ ၁၁ ရက် ဒီနေ့မနက်က အင်အားအသင့်အတင့်ရှိတဲ့ မြေငလျင်တွေ လှုပ်ခတ်သွားပါတယ်။
မန္တလေးတိုင်း၊ သာစည်မြို့အနီးမှာ ဒီနေ့မနက် ၁၁ နာရီ ၂၈ မိနစ်က မြေအောက်အနက် ၁၀ ကီလိုမီတာကိုဗဟိုပြုပြီး ရစ်ချ်တာစကေး ၄ ဒသမ ၉ အဆင့်ရှိမြေငလျင်လှုပ်ခဲ့သလို မနက် ၁၀ နာရီ ၅၉ မိနစ်မှာလည်း ရစ်ချ်တာစကေး ၅ ဒသမ ၅ အဆင့်ရှိ အင်အားအသင့်အတင့်ရှိ မြေငလျင်တခု ထပ်မံလှုပ်ခတ်ခဲ့တယ်လို့ NUG က ကြေညာပါတယ်။
#DVB #News #မြန်မာသတင်း #ငလျင် #အလယ်ပိုင်း3

မြန်မာပြည်အလယ်ပိုင်း မန္တလေးတိုင်းနဲ့ ပဲခူးတိုင်းမှာ ဧပြီ ၁၁ ရက် ဒီနေ့မနက်က အင်အားအသင့်အတင့်ရှိတဲ့ မြေငလျင်တွေ လှုပ်ခတ်သွားပါတယ်။

မန္တလေးတိုင်း၊ သာစည်မြို့အနီးမှာ ဒီနေ့မနက် ၁၁ နာရီ ၂၈ မိနစ်က မြေအောက်အနက် ၁၀ ကီလိုမီတာကိုဗဟိုပြုပြီး ရစ်ချ်တာစကေး ၄ ဒသမ ၉ အဆင့်ရှိမြေငလျင်လှုပ်ခဲ့သလို မနက် ၁၀ နာရီ ၅၉ မိနစ်မှာလည်း ရစ်ချ်တာစကေး ၅ ဒသမ ၅ အဆင့်ရှိ အင်အားအသင့်အတင့်ရှိ မြေငလျင်တခု ထပ်မံလှုပ်ခတ်ခဲ့တယ်လို့ NUG က ကြေညာပါတယ်။

မြေငလျင်တိုင်းတာစက်နဲ့ ဗဟိုချက်ရဲ့ အနီးအဝေးပေါ်မူတည်ပြီး ငလျင်အင်အားပမာဏ အနည်းငယ် ကွာခြားမှုရှိနိုင်တယ်လို့လည်း NUG လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ဆိုပါတယ်။

စစ်ကောင်စီရဲ့ မိုးဇလဌာနကလည်း ဒီမနက် ၁၁ နာရီ ၂၈ မိနစ် ၅၃ စက္ကန့်လောက်က မလှိုင်မြို့ရဲ့ အရှေ့-အရှေ့တောင်ဘက် ၃ မိုင်ခန့် အကွာကို ဗဟိုပြုပြီး အင်အား ရစ်ချ်တာစကေး ၄ ဒသမ ၉ ရှိ ငလျင်လှုပ်သွားတယ်လို့ ထုတ်ပြန်ပါတယ်။

ဒါ့အပြင် ဒီမနက် ၁၀ နာရီ ၅၉ မိနစ် ၂၉ စက္ကန့်မှာလည်း ဝမ်းတွင်းမြို့ အရှေ့တောင်ဘက် ၅ မိုင်ခန့်အကွာ အနက် ၁၀ ကီလိုမီတာကို ဗဟိုပြုပြီး အင်အား ရစ်ချ်တာစကေး ၅ ဒသမ ၀ ရှိ မြေငလျင် လှုပ်သွားတယ်လို့ ဆိုပါတယ်။

အလားတူ ဒီမနက် ၉ နာရီ ၂ မိနစ် စက္ကန့် ၂၀ လောက်ကလည်း ပဲခူးတိုင်း၊ တောင်ငူမြို့ရဲ့ အနောက်မြောက်ဘက် ၁၃ မိုင် ၊ အနက် ၁၃ ကီလိုမီတာလောက်ကို ဗဟိုပြုပြီး အင်အား ရစ်ချ်တာစကေး ၄ ဒသမ ၃ ရှိ မြေငလျင်လှုပ်ခတ်သွားသလို မနေ့ မနက် ၉ နာရီ ၂၃ မိနစ်ကျော်လောက်ကလည်း အင်အား ရစ်ချ်တာစကေး ၃ ဒသမ ၄ ရှိ မြေငလျင် တောင်ငူမှာ လှုပ်ခတ်သွားပါတယ်။

မနေ့ည ၁၀ နာရီ ၄၇ မိနစ် ၅၅ စက္ကန့်လောက်ကလည်း မန္တလေးမြို့ရဲ့ အနောက်မြောက်ဘက် ၇ မိုင်ခန့် အကွာကိုဗဟိုပြုပြီး အင်အား ရစ်ချ်တာစကေး ၃ ဒသမ ၈ ရှိ ငလျင်လှုပ်သွားပြီး ဒီငလျင်တွေနဲ့ ပတ်သက်ပြီး နောက်ဆက်တွဲ လူတွေထိခိုက် ပျက်စီးမှုတွေကိုတော့ သတင်းမရရှိသေးပါဘူး။

မတ် ၂၈ ရက်က ပြင်းအား ရစ်ချ်တာစကေး ၇ ဒသမ ၇ အင်အားရှိတဲ့ စစ်ကိုင်းငလျင်ကြီး လှုပ်ခတ်ပြီးနောက် နေ့စဉ်လိုလို နောက်ဆက်တွဲငလျင်တွေ ဆက်တိုက်လှုပ်ခတ်နေတာဖြစ်ပါတယ်။

ဧပြီ ၉ ရက်နေ့ အမေရိကန်ဘူမိဗေဒလေ့လာရေးအဖွဲ့ (USGS)ရဲ့ ခန့်မှန်းချက်တွေအရ တပတ်အတွင်း ရစ်ချ်တာစကေား ၅ ထက်ကြီးတဲ့ နောက်ဆက်တွဲငလျင် ဖြစ်ပေါ်နိုင်ခြေမှာ ၄၂ ရာခိုင်နှုန်းရှိပြီး နောက်တပတ်အတွင်း ရစ်ချ်တာစကေး ၃ နဲ့ အထက်ရှိတဲ့ နောက်ဆက်တွဲ ငလျင်ငယ် အကြိမ် ၁၆၀ အထိ ဖြစ်ပေါ်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။