ပြည်သူ့ကာကွယ်ရေးတပ်က ဖမ်းဆီးထားသည့် တပ်မ ၇၇ တပ်မမှူး ဗိုလ်မှူးချုပ်အောင်သက်ဦး ၂၀၂၁ ခုနှစ်တွင် အမှတ် ၁ စစ်ဗျူဟာမှူး အဖြစ် ရန်ကုန်မှ ပြည်သူများကို ပစ်ခတ်သတ်ဖြတ်မှုတွင် အဓိက ဦးဆောင်ပါဝင်ခဲ့

by

in

ပြည်သူ့ကာကွယ်ရေးတပ်က ဖမ်းဆီးထားသည့် တပ်မ ၇၇ တပ်မမှူး ဗိုလ်မှူးချုပ်အောင်သက်ဦး ၂၀၂၁ ခုနှစ်တွင် အမှတ် ၁ စစ်ဗျူဟာမှူး အဖြစ် ရန်ကုန်မှ ပြည်သူများကို ပစ်ခတ်သတ်ဖြတ်မှုတွင် အဓိက ဦးဆောင်ပါဝင်ခဲ့
ရန်ကုန်၊ ဧပြီ ၁၁

An anti-coup protester walks past burning tires after activists launched a “garbage strike” against the military rule, in Yangon, Myanmar March 30, 2021. REUTERS/Stringer TPX IMAGES OF THE DAY

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့သိမ်းတိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်များက ဖမ်းဆီးထားသည့် တပ်မ ၇၇ တပ်မမှူး ဗိုလ်မှူးချုပ်​ အောင်သက်ဦးသည် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းချိန်တွင် ရန်ကုန်တိုင်းစစ်ဌာနချုပ်၏ အမှတ် ၁ စစ်ဗျူဟာအဖွဲ့မှ စစ်ဗျူဟာမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ရန်ကုန်မှ စစ်အာဏာရှင် ဆန္ဒပြ ပြည်သူများကို ပစ်ခတ်သတ်ဖြတ်ရာတွင် အဓိက ဦးဆောင်ပါဝင်ခဲ့ကြောင်း ၎င်း၏ အကြောင်းကို သေချာစွာ သိရှိထားသော သတင်းရင်းမြစ်က ပြောဆိုသည်။
ဗိုလ်မှူးချုပ် အောင်သက်ဦးသည် စစ်တက္ကသိုလ်အပတ်စဉ် ၄၂ ကျောင်းဆင်းဖြစ်ပြီး တပ်မ ၇၇ တပ်မမှူးအဖြစ် ၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းတွင်မှ စတင်တာဝန်ယူခဲ့ခြင်းဖြစ်ကြောင်း၊ ၎င်း၏ နောက်ကြောင်းရာဇဝင်များကို ပြန်လည် လေ့လာကြည့်လျှင် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းစအချိန် ရန်ကုန်မှ ဆန္ဒပြပြည်သူများကို စစ်တပ်က ပစ်ခတ်သတ်ဖြတ်ရာတွင် အောင်သက်ဦးက ရန်ကုန် တိုင်းစစ်ဌာနချုပ်၏ အမှတ် ၁ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးအဖြစ်ဖြင့် အမိန့်ပေးခိုင်းစေခဲ့ကြောင်း သိရှိရသည်။
ယင်းနောက် ရန်ကုန်တိုင်း စစ်ဌာနချုပ် အမှတ် ၁ စစ်ဗျူဟာမှူးအဖြစ်မှ ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ်၊ ကော့သောင်းတပ်နယ်၏ စစ်ဗျူဟာမှူးအဖြစ် ပြောင်းရွှေ့ခဲ့ပြီး ၂၀၂၃ ခုနှစ် နိုဝင်ဘာလအထိ တာဝန်ထမ်းဆောင်ခဲ့ကြောင်း၊ ယင်းနောက် တပ်မ ၇၇ တပ်မမှူးဖြစ်လာခြင်းဖြစ်ကြောင်း သိရှိရဥည်။
ဗိုလ်မှူးချုပ်အောင်သက်ဦးတွင် ဇနီး ဒေါ်သက်စုနွယ်ထွန်း၊ သားအကြီးဖြစ်သူ ပြည်သျှံဦး ၊ သားအငယ် အံ့ဘုန်းဦးတို့ ရှိကြောင်း သိရှိရသည်။
“၂၀၂၁ တုန်းက အောင်သက်ဦးက ၇၇ တပ်မမှူး မဟုတ်သေးဘူး။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းတဲ့အထိက ၇၇ တပ်မမှူးက ဗိုလ်မှူးချုပ် မြတ်သက်ဦး၊ သူ့ရဲ့နောက်မှာ ဗိုလ်မှူးချုပ် မင်းကိုကို၊ သူ့ရဲ့နောက်မှာ စိုးမြတ်ထွဋ်၊ သူ့ရဲ့နောက်မှာ ကျော်ကျော်ဟန်၊ သူ့ရဲ့နောက် ၂၀၂၄ မှာမှ အောင်သက်ဦးက ၇၇ တပ်မမှူး ဖြစ် လာတယ်။ အခု လက်ရှိ ၇၇ တပ်မမှူး အောင်သက်ဦးက ၂၀၂၁ လောက်တုန်းက ရန်ကုန် တိုင်း အမှတ် ၁ စစ်ဒေသမှူး၊ အဲဒီကနေ နောက်တော့ ကော့သောင်း စဗခမှူး၊ အဲဒီကမှ ၇၇ တပ်မမှူး ” ဟု ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်က ပြော ဆိုသည်။
အင်းတော်မြို့သိမ်းတိုက်ပွဲတွင် တပ်မ ၇၇ တပ်မမှူး ဗိုလ်မှူးချုပ်​ အောင်သက်ဦးကို လက်ရ အရှင်ဖမ်းဆီးရရှိသော်လည်း လက်ရှိအချိန်အထိ NUG က တရား ဝင် သတင်းထုတ်ပြန်ခြင်းမရှိသေးပေ။
ဓာတ်ပုံ- စစ်သုံ့ပန်း တပ်မ ၇၇ တပ်မမှူး ဗိုလ်မှူးချုပ် အောင်သက်ဦးနှင့် ရန်ကုန်တွင် ၂၀၂၁ ခုနှစ်ကာလ စစ်တပ်က အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်ဖြိုခွင်းခဲ့သည့် မြင်ကွင်းများ။
Photo- Agencies ။