စစ်ကောင်စီခေါင်းဆောင် စစ်ကိုင်းမြို့လာရောက်စဉ် လုံခြုံရေးယာဉ်တန်း၌ အချုပ်ကားအလွတ်တစ်စီး ပါလာ၊ လူငယ်တချို့ဖမ်းဆီးခံရ
ဧပြီ ၇၊၂၀၂၅။ခွာညို/People’s Spring
အာဏာသိမ်းခေါင်းဆောင် စစ်ကိုင်းမြို့သို့သွားစဉ် လုံခြုံရေးယာဉ်တန်း၌ အချုပ်ကားအလွတ်တစ်စီး ပါလာ၊ လူငယ်တချို့ဖမ်းဆီးခံရ
ခွာညို/People’s Spring
ငလျင်ဘေးဒဏ်သင့်သည်စစ်ကိုင်းမြို့သို့အာဏာ
သိမ်းခေါင်းဆောင် ဧပြီလ ၆ရက်နေ့က လာရောက်စဉ် လုံခြုံရေးယာဉ်တန်းအပြင် အချုပ်ကားအ
လွတ်တစ်စီးပါ လိုက်ပါလာပြီး လူငယ်အချို့ ဖမ်း
ဆီးခံလိုက်ရကြောင်း ဒေသခံများကပြောသည်
အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဧပြီ ရ ရက် မန္တလေးနှင့် စစ်ကိုင်းသို့ နေ့ချင်းပြန်သွားရောက်ခဲ့သည်။ငလျင်ဗဟို
ချက်နှင့် အနီးဆုံး စစ်ကိုင်းမြို့သို့ မန္တလေးမြို့မှတစ်ဆင့် ဧပြီ ၆ ရက်နေ့ခင်းပိုင်းတွင်ရောက်ရှိလာခြင်းဖြစ်သည်။
“တပ်မ (၃၃)ထဲက ကောင်တွေ အကုန်လုံခြုံရေး ယူတယ်။ ထူးဆန်းတာကအချုပ်ကားခါလီ
(အလွတ်)တစ်စီးပါလာတယ်ဗျ။ ကယ်ဆယ်ရေးလုပ်နေတဲ့ အထဲက စစ်ကိုင်းတိုင်းထဲက လူငယ်တချို့ ဖမ်းသွားတယ်ကြားတယ်”ဟု စစ်ကိုင်းမြို့ခံတစ်ဦးကပြောသည်။
စစ်ကိုင်းမြို့ပေါ်မှလူငယ်တချို့ဖမ်းဆီးခံရကြောင်း စစ်ကိုင်းတိုင်းမှ PDFတဦးက ပြောသည်။ဖမ်းဆီးခံရသည့်သူငယ်များနှင့်ပတ်သက်၍ People’s Spring ကအသေးစိပ်မသိရသေးပေ။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များသည် လုံခြုံ
ရေးအခြေအနေအရ စစ်ကိုင်းမြို့ပေါ်သို့ မသွားကြဘဲ အမျိုးသားညီညွတ်ရေးအစိုးရထိန်းချုပ်ဒေသများတွင်သာ ကူညီကယ်ဆယ်ရေးလုပ်ဆောင်ခဲ့သည်ဟု ဆိုသည်။
“ကလေးတချို့ အဖမ်းခံရတယ်။ PDFလို့ စွပ်စွဲပြီးဖမ်းတာလား။ စစ်သားစုဆောင်းတာလားတော့မသိဘူး။ လူငယ်တချို့ဖမ်းဆီးခံရတာမှန်တယ်။ စိတ်ထင်ရာတွေလုပ်နေတာ ဒီကောင်တွေရဲ့ယုတ်
မာမှုကို စကားနဲ့တောင်ပြောမတတ်ဘူး”ဟု စစ်ကိုင်းမြို့ခံတစ်ဦးကပြောသည်။
လက်နက်ကိုင်ခုခံတော်လှန်ရေးအားအကောင်းဆုံးဖြစ်သည် စစ်ကိုင်းတိုင်းသို့ စစ်ကောင်စီခေါင်းဆောင်က ၂၀၂၃ မတ်လတွင် နောက်ဆုံးသွားရောက်ခဲ့ပြီး ၂ နှစ်ကြာပြီးမှ ငလျင်လှုပ်ပြီးနောက်စစ်ကိုင်းမြို့သို့ သွားခဲ့ခြင်းဖြစ်သည်။ ငလျင်လှုပ်ပြီး ဆယ်ရက်အကြာမှ ရောက်လာခြင်းဖြစ်ပြီး နာရီပိုင်းအကြာတွင် ရဟတ်ယာဉ်ဖြင့်ပြန်
လည်ထွက်ခွာသွားခဲ့သည်။
စစ်ကောင်စီသည် ငလျင်ဒဏ်သင့်ဒေသများသို့ အရပ်ဖက်လူမှုကူညီကယ်ဆယ်ရေးအဖွဲ့များက ပေးပို့ကူညီမှုများကို ကန့်သတ်နေပြီး တော်လှန်
ရေးအားအကောင်းဆုံးဖြစ်သည့်စစ်ကိုင်းတိုင်းကို ကျန် ဒေသများထက် ပိုမိုကန့်သတ်ထားသည်။
ငလျင်ဘေး ကူညီကယ်ဆယ်ရေးအဖွဲ့များ သီးခြားလွတ်လပ်စွာရပ်တည်၍ ဆောင် ရွက်ခွင့်မရှိဘဲ ကြိုတင်ခွင့်ပြုချက်တောင်းခံထားသည့် အဖွဲ့အ
စည်းများဖြစ်ရန်လိုပြီး ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်ပူးပေါင်းဆောင်ရွက်မှသာခွင့်ပြုမည်ဟု စစ်ကောင်စီဒုတိယခေါင်းဆောင်ကဧပြီလ၅ရက်တွင် ပြောကြားခဲ့သည်။
စစ်ကိုင်းတိုင်းတွင် စစ်ကိုင်းမြို့သည် ငလျှင်ဒဏ်ကြောင့်ထိခိုက်မှုအများဆုံးဖြစ်ခဲ့သည်။ မတ်လ ၂၈ရက်က လှုပ်သည့်ငလျင်ကြောင့်စစ်ကိုင်းတိုင်း
အတွင်းပြည်သူ ၆၉၃ဦး သေဆုံးပြီးနှစ်ဦး ပျောက်
ဆုံးနေကာ၈၇၀ဦးဒဏ်ရာရကြောင်း အမျိုးသားညီညွတ် ရေးအစိုးရ(NUG)က ဧပြီလ၆ရက်တွင်ထုတ်ပြန်ထားသည်။ ဘေးသင့်ပြည်သူ ၄သိန်းကျော်ရှိပြီး နေအိမ်အဆောက်အအုံ ၅၀၀၀ခန့်ပျက်စီးခဲ့ကာ အကူအညီများလိုအပ်နေသည်ဟု NUGကအသိပေးထားသည်။
(စစ်ကိုင်းမြို့သို့ အာဏာသိမ်းစစ်ကောင်စီခေါင်းဆောင်မင်းအောင်လှိုင် စစ်ကိုင်းမြို့ရောက်ရှိလာစဉ်။ ဓာတ်ပုံ – စကစ)
