ဖလမ်းမြို့ကို ချင်းညီနောင်မှ သိမ်းပိုက်ရရှိ (ဖလမ်း)၊

by

in

ဖလမ်းမြို့ကို ချင်းညီနောင်မှ သိမ်းပိုက်ရရှိ
(ဖလမ်း)၊ ဧရာဝတီတိုင်းမ်
ဧပြီ ၇ ရက်

ချင်းညီနောင် (CB) မှ မြို့သိမ်းတိုက်ပွဲဆင်နွှဲနေသည့်ချင်းပြည်နယ်၊ ဖလမ်းမြို့ကို သိမ်းပိုက်ရရှိထားကြောင်း ရှေ့တန်းစစ်ရေးသတင်းရင်းမြစ်ထံက သိရသည်။
ဖလမ်းမြို့ကို ချင်းညီနောင်က ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလမှစ၍ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ယနေ့ ဧပြီ ၇ ရက်နေ့ မနက်အစောပိုင်းတွင် သိမ်းပိုက်ရရှိထားခြင်းဖြစ်သည်။
“ဒီနေ့မနက်မှာ ဖလမ်းမြို့ သိမ်းပိုက်ရရှိထားတဲ့ အခြေအနေမျိုးမှာရှိပါတယ်။ မနေ့ကထိတော့ စကစက လေကြောင်း တိုက်ခိုက်မှုတွေရှိနေသေးတယ်။”ဟု ဖလမ်းရှေ့တန်းစစ်ရေးသတင်းအရစ်မြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
ဖလမ်းမြို့သိမ်းတိုက်ပွဲတွင် ချင်းညီနောင်မှ စစ်ရေးအခြေအနေကောင်းများရှိနေပြီး အသေးအစိတ်ကို ထုတ်ပြန်သွားမည်ဟု ချင်းအမျိုးသားကာကွယ်ရေးတပ် (CNDF) ထံက သိရှိရသည်။
“ဖလမ်းအခြေအနေတော့ ကောင်းပါတယ်။ ဒါပေမဲ့ ကျတော်တို့ ထိတွေ့မှု အနည်းအကျဥ်းတွေက ရှိနေသေးတယ်။ အသေးအစိတ်ကိုတော့ မနက်ဖြန်လောက်မှ သတင်းထုတ်ပြန်ဖို့ရှိပါတယ်” ဟု CNDF တာဝန်ရှိသူ ဆလိုင်းတင်မီထွဋ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
ဖလမ်းမြို့အလုံးစုံ သိမ်းပိုက်ရရှိရန် စစ်ကောင်စီ၏ ခလရ ၂၆၈ တပ်ရင်းတစ်ခုတည်းသာ ကျန်ရှိပြီး ယနေ့မနက်အစောပိုင်းတွင် သိမ်းပိုက်ရရှိခြင်းဖြစ်သည်။
ခလရ ၂၆၈ တပ်ရင်းကုန်း တိုက်ပွဲတွင် စစ်ကောင်စီထံမှ လက်နက်ခဲယမ်းများနှင့် စစ်သုံ့ပန်းများ ဖမ်းဆီးရမိထားကြောင်း စစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။
#ဖလမ်းမြို့ #ချင်းညီနောင် #သိမ်းပိုက်ရရှိ #ခလရ၂၆၁
#Ayeyarwaddy_Times