မြန်မာ့ငလျှင်ကို ထိပ်တန်းအရေးပေါ်သတ်မှတ်လာ
မတ်၂၈ ငလျင်သည် ဘူမိဗေဒပြတ်ရွေ့များ သိသာထင်ရှားမှုက ကီလို ၁၀၀ နှင့် ၁၅၀ ကြား ရွေ့လောက်သည်ဟု ဂျပန်ပညာရှင်များ သုံးသပ်ကြသည်။ ပြတ်ရွေ့တစ်ခုမှာ ကျောက်သားများ အလျားလိုက်ဆန့်ကျင်ဖက် ရွေ့ပြီးငလျှင်လှိုင်းဖြစ်စေခြင်းဖြစ်သည်။ ကြီးမားသော ပထဝီဝင်ပုံစံပြောင်းလဲမှုများကို ငလျှင်က ဖြစ်စေသည်ကိုတွေ့မြင်ရသည့်ချိန်လည်းဖြစ်သည်။
မြေမျက်နှာပြင်ကွဲခြင်းများအပြင် မြေအောက်ရေစီးဆင်းမှုပြောင်းလဲမှု၊ သဲမြေအရည်ပျော်ခြင်း၊ ရွှံ့များတက်လာခြင်း၊ ရေထွက်လာခြင်း တို့လည်းဖြစ်ပေါ်နေကြောင်းဒေသခံများ၏ လူမှုကွန်ယက်တွင်တွေ့နေရသည်။
အင်းလေးသည်လည်း ငလျှင်ကြောင့်မကြုံဖူးသော နောက်ဆက်တွဲများဖြစ်ပေါ်နေကြောင်းကြားနေရသည်။ရွာငံရှိ နာမည်ကျော်ရေပြာအိုင်သည်လည်း ဗွက်ရေကဲ့သို့ နောက်နေသည်။စစ်ကိုင်းဖက်က ပိုဆိုးသည်ဟုလည်းဆိုကြသည်။စစ်ကိုင်းတွင် ကယ်ဆယ်ရေးမတွင်ကျယ်နိုင်သေးသဖြင့် လူသေ အပုပ်နံ့များ ထွက်လာနေကြောင်းလည်း ပြောကြသည်။နေပြည်တော်လည်း ခုချိန်ထိ အပြင်တွင်သာ ထွက်အိပ်နေသည့်အခြေအနေဖြစ်သည်။မန္တလေး တွင် ကျွဲဆည်ကန်ဖက်၊အမရပူရဖက်ကပိုဆိုးပြီး ငလျှင်အသေးကလည်း အကြိမ် ၇၀ လောက်ရှိနေပြီဟုဆိုကာ အချို့ အဆောက်အဦးများမှာ တုန်ခါမှု ရှိနေဆဲဖြစ်၍ အဆောက်ဦးများထဲသို့လည်း မဝင်ရဲသည့်အခြေအနေဖြစ်သည်။
ပညာရှင်များက တပတ်မှ တလ ထိ သတိထားနေသင့်ကြောင်းအဆိုပြုနေကြသည်။ ဆူနာမီလည်း သတိထားနေရမည်ဟု ဆိုကြသည်။
Photo-CJ
Popular News Journal