ငလျင်လှုပ်ချိန် ရွှေများလုယက်ခံရမည်စိုး၍ ဆိုင်တံခါးပိတ်ချလိုက်သည့်အတွက် ဆိုင်အတွင်းရှိ ဝန် ထမ်းများသေဆုံး
ဧရာဝတီတိုင်းမ်
မတ် ၃၁ ရက်
နေပြည်တော်၊ ပျဉ်းမနားမြို့ရှိ သင်းရွှေစင်ရတနာဆိုင်ခွဲမှ ငလျင်လှုပ်ခတ်ချိန်တွင် ရွှေများကို လုယက်ခံရမည်စိုး၍ တံခါးပိတ်ချလိုက်သည့်အတွက် ဆိုင်အတွင်းရှိ ဝန်ထမ်းများ ပိတ်မိသေဆုံးသွားကြောင်း သိရသည်။
ပုသိမ်မြို့ သင်းရွှေစင်ရတနာရွှေဆိုင်၊ နေပြည်တော်ဆိုင်ခွဲမှ ငလျင်ကြီးလှုပ်ခတ်ချိန်တွင် ဆိုင်ရှိတာဝန်ရှိသူများသည် ဆိုင်ခန်းတံခါးကို ပိတ်ချလိုက်သည့် အတွက် ဝန်ထမ်းများ ထွက်ပြေးခွင့်မရတော့ဘဲ တိုက်ပြိုကျသည့်အထဲတွင် ပိတ်မိသေဆုံးသွားကြောင်း အနီးဝန်းကျင်ရှိ ဒေသခံများထံမှ သိရသည်။
“အခု အခင်းဖြစ်ပွားပြီး လေးရက်မြောက်တာတောင် သေတဲ့သူတွေရဲ့အိမ်ကို ဆိုင်ရှင်ကမဆက်သွယ်သေးဘူး။ နိုင်ငံခြားခရီးစဥ်ထွက်နေတယ်ဆိုပြီးပြောတာပဲ။ ငလျင်လှုပ်ချိန်မှာ ဆိုင်တံခါးပိတ်ချခံလိုက်ရတော့ တိုက်ပြိုတဲ့အထဲ အကုန်ပါသွားတာ။ ရွှေတွေကိုပဲ အရယူထုတ်တယ်လို့ သိထားတယ်”ဟု ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
သေဆုံးသူများတွင် အမျိုးသမီးဝန်ထမ်း ရှစ် ဦး၊ အမျိုးသား နှစ် ဦးတို့ပါဝင်ပြီး ကိုယ်ဝန်ဆောင်တစ်ဦးလည်း သေဆုံးခဲ့ကာ ရွှေဆိုင်ပိုင်ရှင်သည် ငလျင်လှုပ်ခတ်ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ အင်အား ၃၀ ခန့်ဖြင့် လုံခြုံရေးအပြည့်ချပြီး ရတနာများကို ရှာဖွေမှုပြုလုပ်ခဲ့ကြောင်း သိရသည်။
သေဆုံးသူများ၏အလောင်းများကို မိသားစုဝင်များ သည် ပုသိမ်မှနေပြည်တော်သို့တက်ခါ သွားရောက်ရှာဖွေရပြီး ပုသိမ်သို့ပြန်လည်သယ်ဆောင်ခွင့်မပြုသဖြင့် နေပြည်တော်တွင်ပင် သေစာရင်းယူပြီး သင်္ဂြိုဟ်ခဲ့ရကြောင်း သိရသည်။
ပုံစာ-သင်းရွှေစင်ရွှေဆိုင်
#နေပြည်တော် #ပျဉ်းမနား #သင်းရွှေစင် #ရတနာ #ရွှေဆိုင် #တိုက်ပြိုကျ #ဝန်ထမ်းများ #သေဆုံး #Ayeyarwaddy_Times
31-3-2025
(28-3-2025) ရက်နေ့ကပြုလုပ်သောငလျင်ကြောင့်ပြိုကျခဲ့သော သင်းရွှေစင်ရွှေဆိုင်တွင် သ ေ သ ဆုံ းသူများတူးဖော်ရင်း
တွေ့ရှိခဲ့သောရွှေများအားပိုင်ရှင်ထံသို့ သက်ဆိုင်ရာရဲတပ်ဖွဲ့နှင့်တာ၀န်ရှိသူများရှေ့ အပ်နှံပေးခဲ့ပါသည်။
Lin Latt