“ဧပြီလ လဆန်း(၄)ရက်ဝန်းကျင်မှာ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်း၌ လေဖိအားနည်းရပ်ဝန်းဖြစ်နိုင်”

by

in

“ဧပြီလ လဆန်း(၄)ရက်ဝန်းကျင်မှာ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်း၌ လေဖိအားနည်းရပ်ဝန်းဖြစ်နိုင်”

⚠️ အခုကြိုတင်ခန့်မှန်းလမ်းကြောင်းများအရ မြန်မာနိုင်ငံဘက်ကို ရွေ့လျားလာနိုင်မဲ့ အခြေအနေတွေရှိနေတာ တွေ့ရပါတယ်။
⚠️ လေဖိအားနည်းရပ်ဝန်းမှ မုန်တိုင်းအဆင့်ကို ရောက်လာရင် နောက်လာမဲ့ ၂၁၆ နာရီအတွင်း(၇ ရက်မှ ၉ ရက်အတွင်း)မုန်တိုင်းဆက်လက်ရွေ့လျားနိုင်မဲ့ လမ်းကြောင်းကို ECMWF စုပေါင်း modal များကြိုတင်ခန့်မှန်းလမ်းကြောင်းနဲ့ GFS(GEFS)စုပေါင်းလမ်းကြောင်းကြိုတင်ခန့်မှန်းချက်များကို တင်ပြပေးထားပါတယ်။
⚠️ နောက်လာမဲ့ ၃ ရက် အတွင်းအတည်ပြုပေးနိုင်ပါမယ်။
(မတ်လ ၃၁ ရက် – နံနက် ၁၁ နာရီ ၃၀ မိနစ် WX-CHART SITE update)
Credit – Win Naing

🔸 ECMWF က မုန်တိုင်းဖြစ်နိုင်ချေ ၅၀% လို့ တွေ့ရပြီး –
🔸 NOAA GFS ကတော့ မြစ်ဝကျွန်းပေါ်ကမ်းရိုးတန်းဘက် ဦးတည်နိုင်ကြောင်း တွေ့ရတယ်။
🔸 လေဖိအားနည်းရပ်ဝန်းတကယ်ဖြစ်လာတဲ့အခါ ဘယ်လိုသွားမယ် ဘယ်လောက်အားကောင်းမယ်ဆိုတာ သိရမှာပါဘဲ။
🔸 ပြင်ဆင်ချိန်အရမ်းနည်းသွားနိုင်တာကြောင့် အခုတွေ့တာကိုတင်ပေးထားတာ ဖြစ်ပါတယ်။
လက်ရှိကာလဆိုးကြီးအတွက် ဆောင်ပုဒ်လေးလဲ ထည့်ပေးထားတယ်။
မတ်လ ၃၁ ရက် – နေ့လည် ၁ နာရီ ခွဲ
(ECMWF CHART and NOAA-GFS forecast)
U Win Naing