NUG အစိုးရ စိုးမိုးနယ်မြေ စစ်ကိုင်းတိုင်းအတွင်း ငလျင်ဒဏ်ကြောင့် လက်ရှိချိန်ထိ သေဆုံးသူ ၁၈ ဦးရှိပြီး ၃၀၀ ဦး ဒဏ်ရာ ရရှိကာ ထိခိုက်သေဆုံးမှု စာရင်းများ ဆက်လက် ကောက်ယူနေ

by

in

NUG အစိုးရ စိုးမိုးနယ်မြေ စစ်ကိုင်းတိုင်းအတွင်း ငလျင်ဒဏ်ကြောင့် လက်ရှိချိန်ထိ သေဆုံးသူ ၁၈ ဦးရှိပြီး ၃၀၀ ဦး ဒဏ်ရာ ရရှိကာ ထိခိုက်သေဆုံးမှု စာရင်းများ ဆက်လက် ကောက်ယူနေ
ရန်ကုန်၊ မတ် ၂၉

NUG အစိုးရ၏ စိုးမိုးနယ်မြေ စစ်ကိုင်းတိုင်းအတွင်း လက်ရှိချိန်အထိ ငလျင်ဒဏ်ကြောင့် သေဆုံးသူ ၁၈ ဦး ရှိပြီး ၃၀၀ ဦး ဒဏ်ရာရရှိထားကြောင်း NUG အစိုးရ၏ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
ပြင်းအားမြင့် ငလျင်ကြောင့် ထိခိုက်ဆုံးရှုံးရမှုနှင့် ပတ်သက်၍ NUG အစိုးရက လက်ရှိ ကောက်ခံထားမှုအရ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပြည်သူသေဆုံးမှု ၄၆၉ ဦး၊ စိစစ်ဆဲ ၂၂၃ ဦး၊ ထိခိုက်သူ ၁၈၂၂ ဦး ၊ လမ်းထိခိုက်ပျက်စီး ၃၀ ခန့်၊ လူနေအိမ် ၂၉၇၀ ခန့်၊ တံတား ၇ စင်း၊ ရေကာတာ/တာတမံ ၅ ခု၊ စေတီ ပုထိုး ၉၅ ဆူ၊ ဗလီ ၅၀ ကျော်ခန့် ပျက်စီးခဲ့ကြောင်း လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
“NUG စိုးမိုးနယ်မြေ စစ်ကိုင်းတိုင်း အတွင်း ယခုကောက်လို့ရသလောက်ကတော့ ၁၈ ဦးသေဆုံးပြီး ၃၀၀ ဦး ဒဏ်ရာရရှိထားတယ်လို့ သိရပါတယ်။ နောက်ဆုံး စာရင်းတော့ မဟုတ်သေးပါဘူး။ ဆက်လက် ကောက်ယူဆဲပါ” ဟု NUG အစိုးရ၏ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။