ကျောက်ဖြူမှာ တိုက်ပွဲပြင်းထန်နေတဲ့အတွက် စစ်ကောင်စီက တရုတ်ရဲ့ နည်းပညာအကူအညီနဲ့ ဒရုန်းတွေကို ပိုမိုအသုံးပြုပြီး အေအေကို ခုခံတိုက်ခိုက်နေ(ရခိုင်ဘာသာရုပ်/သံ)
ကန်ဒေါ်လာ ဘီလီယံနဲ့ချီတန်ဖိုးရှိတဲ့ တရုတ်စီမံကိန်းတွေရှိရာ ကျောက်ဖြူမှာ တိုက်ပွဲပြင်းထန်နေတဲ့အတွက် စစ်ကောင်စီက တရုတ်ရဲ့ နည်းပညာအကူအညီနဲ့ ဒရုန်းတွေကို ပိုမိုအသုံးပြုပြီး အေအေကို ခုခံတိုက်ခိုက်နေပါတယ်။
ကျောက်ဖြူမြို့နယ်၊ သစ်ပုတ်တောင်တိုက်နယ်၊ ရှောက်ချောင်းနဲ့ စည်မော်ဘက်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွင်း အာရက္ခတပ်တော်(AA)ကို စစ်ကောင်စီဘက်က တရုတ်ရဲ့အကူအညီနဲ့ ဒရုန်းတွေပစ်ခတ်နေတယ်လို့ စစ်ကောင်စီနဲ့နီးစပ်သူ ကျောက်ဖြူဒေသခံတစ်ယောက်က ပြောပါတယ်။
‘ဒရုန်းတွေက ဓညဝတီရေတပ်ဌာနချုပ်နဲ့ နေဗီတွေကနေ အများဆုံးလွှတ်တာ။ တိုက်ပွဲဖြစ်တဲ့နေရာကိုလည်း ပစ်တယ်။ အနီးအနားရွာတွေကိုလည်း ပစ်တယ်။”
တိုက်ပွဲတွေကြောင့် ကျောက်ဖြူမြို့နယ် မဒေးကျွန်းက တရုတ်စီမံကိန်းတွေကို လုံခြုံရေးယူဖို့ အကြောင်းပြချက်နဲ့ တရုတ်ဘက်က ကြေးစားစစ်သားအယောက် ၅ဝ လောက်ကို စစ်ကောင်စီက ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ နောက်ဆုံးအပတ်မှာ ကျောက်ဖြူမြို့ကို လေကြောင်းကနေတဆင့် ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။