ထိုင်းလွှတ်တော်တွင် မြန်မာ့အရေးနှင့် နယ်စပ်ဒေသတည်ငြိမ်ရေး ဆွေးနွေးပွဲ ကျင်းပ (ပုံသတင်း)

by

in

မဇ္ဈိမ

မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းမှု အကျိုးဆက်အဖြစ် ပိုမိုရှုပ်ထွေးလာနေသည့် မြန်မာ့အရေးနှင့် ထိုင်း-မြန်မာနယ်စပ်ဒေသလုံခြုံရေးအကြောင်း ဆွေးနွေးပွဲကို ဘန်ကောက်မြို့ရှိ ထိုင်းလွှတ်တော်အဆောက်အအုံတွင် ယနေ့ (မတ်လ ၂၂ ရက်) မှ မတ်လ ၂၃ ရက်နေ့အထိ နှစ်ရက်ကြာ ကျင်းပနေသည်။

အဆိုပါဆွေးနွေးပွဲကို ထိုင်းလွှတ်တော်ကော်မတီက စီစဉ်ကျင်းပခြင်းဖြစ်ပြီး အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC)၊ CRPH ၊ မြန်မာလူ့အခွင့်အရေးအဖွဲ့များနှင့် ထိုင်းစစ်တပ် တာဝန်ရှိသူများ တက်ရောက်နေသည်ကို တွေ့ရသည်။

ထို့ပြင် မြန်မာဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် တွမ်အင်ဒရူး (Tom Andrews) လည်း ယခုဆွေးနွေးပွဲကို တက်ရောက်ဆွေးနွေးမည်ဖြစ်သည်။

ယနေ့တွင် “၂၀၂၅ မှာ ထိုင်းနယ်စပ်လုံခြုံရေး စိန်ခေါ်မှုတွေ” ဆိုသည့် ခေါင်းစဉ်ဖြင့် နိုင်ငံရေးအခြေအနေ၊ မြန်မာနိုင်ငံ၏ ဖက်ဒရယ်အနာဂတ်နှင့် စစ်ကောင်စီကျင်းပရန် စီစဉ်နေသည့် လာမယ့်ရွေးကောက်ပွဲအခြေအနေများကို အဓိက ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။