ဘောလခဲမြို့တိုက်ပွဲအတွင်း အကြမ်းဖက်စစ်တပ်စခန်းအား သိမ်းပိုက်ရရှိတဲ့ ရုပ်သံမှတ်တမ်းဖိုင် KNDF ဒုစစ်ဦးစီးချုပ် မာဝီထုတ်ပြန်

by

in

ဘောလခဲမြို့တိုက်ပွဲအတွင်း အကြမ်းဖက်စစ်တပ်စခန်းအား သိမ်းပိုက်ရရှိတဲ့ ရုပ်သံမှတ်တမ်းဖိုင် KNDF ဒုစစ်ဦးစီးချုပ် မာဝီထုတ်ပြန်
မတ် ၂၂၊ ၂၀၂၅

ကရင်နီပြည်နယ် ဘောလခဲမြို့တိုက်ပွဲအတွင်း အကြမ်းဖက်စစ်တပ်စခန်းအား သိမ်းပိုက်ရရှိတဲ့ ရုပ်သံမှတ်တမ်းဖိုင်ကို KNDF ဒုစစ်ဦးစီးချုပ် မာဝီမှ ယနေ့ မတ်လ ၂၂ ရက်မှ ထုတ်ပြန်လိုက်ပါတယ်။
”ဘောလခဲမှာနော် ရွှေဘတို့ အချင်းချင်း ပစ်ထားခဲ့တာ။ ကိုယ့်အဖွဲ့ခါကျ နေရာကောင်းယူပြီး အခြားအဖွဲ့ခါကျ အ​ေTခံခိုင်းတာ? စစ်တိုက်နေရင်း သူတို့အချင်းချင်းရန်တွေဖြစ်နေတာ လေယာဉ် ကလည်း သူ့လူပေါ်တွေကိုလည်း ကျဲတာပဲ။ လေယာဉ်ကငါတို့ကိုကျဲတာ မအံ့ဩပါဘူး။ သို့သော် သူ့လူတွေပေါ်ကိုပလိုင်းကြီးကျဲတာတော့ အံ့ဩ”လို့ KNDF ဒုစစ်ဦးစီးချုပ် မာဝီမှ ၎င်းရဲ့ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ မှတ်ချက်ပြုထားပါတယ်။
ရုပ်သံဖိုင်အတွင်း စစ်သုံ့ပန်းတွေနဲ့ လက်နက်ခဲယမ်းအများအပြား သိမ်းပိုက်ရရှိခဲ့တာကိုလည်း တွေ့ရပါတယ်။

KNDF ဒုစစ်ဦးစီးချုပ် မာဝီက ဘောလခဲမြို့ တိုက်ပွဲက မှတ်တမ်းဓာတ်ပုံများ ထုတ်ပြန်လာ… (ဓာတ်ပုံသတင်း)
မတ် ၂၂ ၊ ၂၀၂၅
ကရင်နီပြည်နယ်၊ ဘောလခဲ မြို့က တိုက်ပွဲတွေက မှတ်တမ်းဓာတ်ပုံတွေကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ် – KNDF ရဲ့ ဒုစစ်ဦးချုပ် မာဝီက သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ မနေ့က ညပိုင်းမှာ ထုတ်ပြန်ပြသထားပါတယ်။
“မင်းတို့ တောင်းတလွန်းတော့လည်း တင်ပေးရတာပေါ့ ဘောလခဲမှာ ဘာတွေဖြစ်နေလဲဆိုတာ ၊ ၅၁၅ တို့ လ၁ တို့ ဘာတွေဖြစ်နေလဲဆိုတာ၊ မင်းတို့ရဲ့ ဗျူဟာမှူးကို မေးကြည့်ပေါ့၊ ဗကမျိုးမင်းသူရဲ့ အမျိုးအဆွေများလည်း သိပြီလား မသိသေးဘူးလားတော့ မပြောတတ်၊ မသိသေးရင်လည်း ဘုန်းကြီးပင့်လိုက်အုံးလို့ပဲ လှမ်းပြောပါရစေ” ဆိုတဲ့ စာသားနဲ့အတူ KNDF ဒုစစ်ဦးချုပ် မာဝီက ဘောလခဲစစ်ဆင်ရေး မှတ်တမ်းဓာတ်ပုံတွေကို ထုတ်ပြန်ပြသထားတာဖြစ်ပါတယ်။