တနင်္သာရီ၊ ခမရ ၅၅၇ တပ်ရင်းနှင့် ဂိတ်စခန်း ၂ ခုကို ဝင်ရောက်တိုက်ခိုက်မှု စစ်သား ၁ ဦး သေဆုံး ၊ ရွှေဘို ညောင်ကိုင်းပျူစောထီးရွာကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်

by

in

တနင်္သာရီ၊ ခမရ ၅၅၇ တပ်ရင်းနှင့် ဂိတ်စခန်း ၂ ခုကို ဝင်ရောက်တိုက်ခိုက်မှု စစ်သား ၁ ဦး သေဆုံး ၊ ရွှေဘို ညောင်ကိုင်းပျူစောထီးရွာကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်
ရန်ကုန်၊ ဩဂုတ် ၂၆

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ် အကြမ်းဖက် စစ်ေကာင်စီ၏ ခမရ ၅၅၇ တပ်ရင်းနှင့်ဂိတ်စခန်း ၂ ခု ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၁ ဦးသေဆုံခဲ့ကြောင်း မြိတ်ခရိုင် ပြည်သူ့ကာကွယ် ရေး ပူးပေါင်းစစ်ကြောင်း ၂ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြား သည်။
ဩဂုတ်လ ၂၄ ရက် နေ့ နံနက် ၈ နာရီ ၃၀ မိနစ်အချိန်က တနင်္သာရီမြို့နယ်၊ အောက်ကင်းရွာခြေစိုက် အ ကြမ်းဖက်စစ်ကောင်စီတပ် ခမရ ၅၅၇ တပ်ရင်းကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့တို့မှ သွား ရောက်တိုက်ခိုက်ခဲ့ရာ ပြန်လှန်ပစ်ခတ်တိုက်ပွဲ ၁၅ မိနစ်ခန့်ကြာမြင့်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်ဘက်မှ အရာရှိ ၁ ဦးနှင့် တပ်ကြပ်ကြီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ထိုတိုက်ခိုက်မှုအပြီး နံနက် ၉နာရီအချိန် နှင့် ညနေ ၃ နာရီ ၃၀ မိနစ်အချိန်တွင် တနင်္သာရီမြို့ဝင် တံ တားစစ်‌ဆေးရေးဂိတ်နှင့် ဗိုလ်ချုပ်ကြေးရုပ် အရှေ့ တောင်ပေါ်ရှိ အကြမ်းဖက်စစ်ကောင်စီ စခန်း တို့ကိုပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့မှ ထပ်မံတိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သား ၁ ဦး သေဆုံး ပြီး ၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း ၁ ၊ ၂ တို့မှ ဦးဆောင်ခဲ့ ပြီး စစ်ကြောင်း ၁ ၌ တနင်္သာရီ ပကဖ ဇုန် ၁ ၊ ဇုန် ၂ ၊ မြိတ်ခရိုင် တပ်ရင်း ၂ တပ်ခွဲ ၁ နှင့် မြိတ်ပကဖ တို့ ပါဝင်ကြောင်း၊ စစ်ကြောင်း ၂ ၌ တနင်္သာရီ ပကဖ ဇုန် ၃ ၊ ဇုန် ၄ ၊ ဇုန် ၅ ၊ ဇုန် ၆ ၊ မြိတ်ခရိုင် တပ် ရင်း ၂ ၊ တပ်ခွဲ ၂ ၊ ကျွန်းစုပကဖ ၊ တိုင်းပကဖ လုံခြုံရေး နှင့် ဒရုန်းအဖွဲ့တို့ပါဝင်ကြောင်း သိရသည်။
တနင်္သာရီမြို့နယ်အတွင်း၌ အကြမ်းဖက်စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ကြား နှစ်ဖက် စစ်ရေးတင်းမာလျက်ရှိပြီး ခရီသွားပြည်သူအများအနေဖြင့် သက်ဆိုင်ရာအဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်များကို လေးစားလိုက်နာပေးကြပါရန်နှင့် စစ်ရေးသတိကြီးစွာဖြင့် သွားလာကြရန် မေတ္တာရပ်ခံထားသည်။
အလားတူ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ညောင်ကိုင်းပျူစောထီးကျေးရွာကို ဒရုန်းဖြင့် ဗုံးကျဲ တိုက် ခိုက်ခဲ့ကြောင်း BIA ဒီပဲယင်း LDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံ သို့ ပြောကြား သည်။
ဩဂုတ်လ ၂၄ ရက် နေ့လည်ပိုင်းက ရွှေဘိုမြို့နယ် ၊ ညောင်ကိုင်းပျူစောထီးကျေးရွာကို Fixed Wing Drone ၃ စင်း ၊ Federal Wings ၁ စင်းဖြင့် ဗုံးသီးများ ကျဲချ တိုက်ခိုက်ခဲ့ရာ ပျူစောထီးကျေးရွာ အတွင်းရှိ အကြမ်းဖက်စစ်သားများ နေထိုင်ရာ နေရာများကို တိတိကျကျ ကျရောက်ပေါက်ကွဲခဲ့ပြီး အကြမ်းဖက်စစ်သား၊ ပျူစောထီများ ထိခိုက်သေဆုံးမှုကို စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို B.I.A (ဒီပဲယင်း) LDF အဖွဲ့၊ ကြောင်ရိုင်း (ရွှေဘို) ပကဖ အဖွဲ့ ၊ ဇေယျသွေး Zay Yar Thawed (ရွှေဘို) (LPDF) အဖွဲ့ ၊ မဟာရာရွှေဘိုသား (ရွှေဘို) ၊ ကိုလူချော (အရာတော်) LPDF အဖွဲ့ နှင့် အခြားနယ်မြေခံမဟာမိတ်များအားလုံး စုစည်းပြီး စည်းစည်းလုံးလုံး ပူးပေါင်း တိုက် ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
B.I.A (ဒီပဲယင်း) LDF အဖွဲ့အနေဖြင့် အခြားမဟာမိတ်အဖွဲ့များနှင့်အတူ အကြမ်း ဖက် စစ်ကောင်စီ တပ်ဖွဲ့များ တိုက်ခိုက်လျက်ရှိပြီး Fixed Wings Drone ၁ စင်းလျှင် ၂၈ သိန်းခန့်၊ ဗုံးသီး ၁ လုံးလျှင် ၃ သောင်းကျပ်ခန့် ကုန်ကျစရိတ်ရှိသဖြင့် ဆက်လက်တိုက်ပွဲဝင်နိုင်ရေး မိဘပြည်သူများက ဝိုင်းဝန်း ကူညီထောက်ပံ့ပေးပါကြပါရန် မေတ္တာရပ်ခံထားသည်။
ဓာတ်ပုံ- ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ တိုက်ခိုက်ရေး ဒရုန်းတစ်စီး။