မှော်ဘီမြို့နယ်၊ ပြည်လမ်းပေါ်ရှိ စစ်တပ်အုပ်ချုပ်မှုသင်တန်းကျောင်းကို လက်ပစ်ဗုံးဖြင့် ဖောက်ခွဲတိုက်ခိုက်

by

in

မှော်ဘီမြို့နယ်၊ ပြည်လမ်းပေါ်ရှိ စစ်တပ်အုပ်ချုပ်မှုသင်တန်းကျောင်းကို လက်ပစ်ဗုံးဖြင့် ဖောက်ခွဲတိုက်ခိုက်
ရန်ကုန်၊ ဩဂုတ် ၂၅

ရန်ကုန်ုတိုင်း၊ မှော်ဘီမြို့နယ်၊ ပြည်လမ်းပေါ်ရှိ စစ်တပ်အုပ်ချုပ်မှုသင်တန်းကျောင်းကို လက်ပစ်ဗုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Yangon Army (YA)မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယမန်နေ့ ဩဂုတ် ၂၄ ရက်နေ့ ည ၇ နာရီ ၃၅ မိနစ်အချိန် ရန်ကုန်တိုင်း ၊ မှော်ဘီမြို့နယ်၊ ပြည်လမ်းမပေါ်ရှိအကြမ်းဖက်မင်းအောင်လှိုင်
လက် အောက်ခံ တပ်မတော်အုပ်ချုပ်မှုသင်တန်းကျောင်းရှိ လုံခြုံရေးဂိတ်ကင်းကို Yangon Army (YA) ၊ အနောက်ပိုင်းခရိုင် ပကဖ အဖွဲ့တို့ပူးပေါင်း၍ ပြင်းအားမြင့်လက်ပစ်ဗုံးများဖြင့်ထိထိရောက်ရောက်တိုက်ခိုက်နိုင်ခဲ့ကြောင်း သိရှိရသည်။
“လုံခြုံရေးစစ်ခွေးတွေ ပြင်းပြင်းထန်ထန်ထိခိုက်သွားပါတယ်” Yangon Army (YA)မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မှော်ဘီမြို့နယ်၊ ပြည်လမ်းမပေါ်က စစ်တပ်လက်အောက်ခံ အုပ်ချုပ်မှုသင်တန်းကျောင်းရှေ့ ဂိတ်ကင်း လက်ပစ်ဗုံးပစ်ခံရ
ဩဂုတ် ၂၅၊ ၂၀၂၄
ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်မှာ စစ်ကောင်စီလက်အောက်ခံ တပ်မတော် အုပ်ချုပ်မှုသင်တန်းကျောင်းရှေ့က ဂိတ်ကင်းကို ပြင်းအားမြှင့် လက်ပစ်ဗုံးတွေနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ရာ လုံခြုံရေးယူနေတဲ့စစ်သားတွေ ပြင်းပြင်းထန်ထန် ထိခိုက်သွားတယ်လို့ Yangon Army (YA) အဖွဲ့က ထုတ်ပြန်ပါတယ်။
သြဂုတ်လ ၂၄ရက်၊ မနေ့က ညပိုင်းမှာမှော်ဘီမြို့နယ်၊ ပြည်လမ်းမပေါ်မှာရှိတဲ့ အကြမ်းဖက်စစ်တပ်ရဲ့အုပ်ချုပ်မှုသင်တန်းကျောင်းရဲ့ဂိတ်ကင်းထဲ လုံခြုံရေးယူနေတဲ့စစ်သားတွေကို မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်တွေက ပြင်းအားမြင့် ဗုံးသီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
“ည​ ၇နာရီခွဲလောက်မှာ အဲ့ဒီ သင်တန်းကျောင်းရှေ့က ဂိတ်ကင်းထဲ လုံခြုံရေးယူနေတဲ့စခတွေဆီ ဗုံးသီးတွေနဲ့ ဆက်တိုက်ပစ်ပြီး ​ဆုတ်ခွါခဲ့တာ။” လို့ Yangon Army (YA)အဖွဲ့ တာဝန်ရှိသူ၁ယောက်က မောင်းကိုပြောပါတယ်။
ဒီဗုံးသီးပစ်ခတ်တိုက်ခိုက်မှုကို Yangon Army (YA) နဲ့အတူ အနောက်ပိုင်းခရိုင် ပကဖ တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး ပြည်သူကို မျိုးစုံဖိနှိပ်အနိုင်ကျင့်တဲ့ ဥပဒေတွေထုတ်ပြီး စစ်မှုမထမ်းမနေရ ဥပဒေကို အားပေးအားမြှောက်ပြုနေတဲ့ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတွေနဲ့ နောက်ထပ်ပစ်မှတ်တွေကိုလည်း မဟာမိတ်အဖွဲ့တွေ ပူးပေါင်းရှင်းလင်းသွားမယ်လို့ Yangon Army (YA) က ထုတ်ပြန်ထားပါတယ်။
အလားတူ မနေ့က (သြဂုတ် ၂၄) မနက်အစောပိုင်းကလည်း ရန်ကုန်၊ ပြည်လမ်း​မပေါ်က အင်းစိန်၊ စော်ဘွားကြီးကုန်းမီးပွိုင့်နားမှာ ဂိတ်ချ ပိုက်ဆံတောင်းနေတဲ့ ယာဥ်ထိန်းရဲတွေ ဗုံးခွဲတိုက်ခိုက်ခံရပါသေးတယ်။
(ပုံဟောင်းကို အသုံးပြုထားပါတယ်)