သိမ်ဇရပ်မြို့နယ် စစ်ကောင်စီတပ်စခန်းများကို မစ်ဇိုင်းဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)
ဖေဖော်ဝါရီ ၂၅၊ ၂၀၂၅
မွန်ပြည်နယ် သိမ်ဇရပ်မြို့နယ်ရှိ ၃၁၀ တပ်ရင်းအမြောက်တပ်၊ ဗဟိုကင်းနဲ့ လူပျိုဘားတိုက်တွေကို ဖေဖော်ဝါရီ ၂၄ ရက် မနေ့ညပိုင်းက မစ်ဇိုင်းဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ပဲခူးခရိုင် ပကဖထံက သိရပါတယ်။
မစ်ဇိုင်းဒုံးတွေဟာ တပ်ရင်းအတွင်း ကျရောက်ပေါက်ကွဲပြီး ထိခိုက်ဒဏ်ရာရရှိသွားတဲ့ စစ်ကောင်စီ တပ်သားတွေကို ပဲခူးနဲ့ မော်လမြိုင်ဘက်သို့ ပို့ဆောင်ကာ ဆေးကုသလျက်ရှိတယ်လို့ သိရပါတယ်။
သေဆုံးသွားတဲ့ စစ်ကောင်စီတပ်သားတွေကို အသုဘချရာမှာလည်း သတင်းမပေါက်ကြားစေဖို့ နာရေး ပရဟိတအဖွဲ့တွေကို ခြိမ်းခြောက်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။