နောင်ချို စစ်ကောင်စီအမြောက်တပ်အမတ
(၃၅၄) လက်နက်ခဲယမ်းတိုက် မီးလောင်
ကဖေး/People’s Spring
နောင်ချိုမြို့နယ်တောင်းခမ်းရွာအနီး တိုက်ပွဲပြင်း
ထန်နေပြီး စစ်ကောင်စီတပ်၏အမြောက်တပ် အမတ(၃၅၄) လက်နက်ခဲယမ်းတိုက်သည်ဖေဖော်ဝါရီလ၂၅ရက် နေ့လယ်ပိုင်းတွင် မီးလောင်ပေါက်ကွဲ နေကြောင်း ဒေသခံသတင်းရင်းမြစ်အချို့ကပြောသည်။
တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA) ဦးဆောင်သောတော်လှန်ရေးတပ်များ နှင့် စစ်ကောင်စီတပ်တို့ ယနေ့ တိုက်ပွဲပြင်းထန်နေခြင်းဖြစ်ပြီး အမတ(၃၅၄) လက်နက်ခဲယမ်းတိုက် မီးလောင်ပေါက်ကွဲသွားသည်ကို မြေပြင်သတင်းရင်းမြစ်က အတည်ပြုသည်။
” TNLAက လက်နက်ကြီးနဲ့ဆော်တာ”ဟု အဆိုပါသတင်းရင်းမြစ်ကပြောသည်။
တောင်းခမ်းတိုက်ပွဲတွင် TNLA နှင့်အတူပါဝင်တိုက်ခိုက်နေသောဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်(DPLA)ထံ ဆက်သွယ်မေးမြန်းရာ တိုက်ပွဲပြင်းထန်နေကြောင်းပြောပြီး အသေးစိတ်အခြေအနေကိုမသိရှိရသေးဟုသာပြောသည်။
TNLAနှင့် စစ်ကောင်စီသည် တရုတ်အစိုးရ၏
တိုက်တွန်းမှုဖြင့် တရုတ်နိုင်ငံကူမင်းမြို့တွင် ဖေဖော်ဝါရီလ၁၆ရက်မှ ၁၇ရက်အထိ တွေ့ဆုံဆွေးနွေးခဲ့ပြီး အဖြေမထွက်ဘဲ ဆွေးနွေးမှုရပ်တန့်ခဲ့သည်။
စစ်ကောင်စီက တရုတ်ဆွေးနွေးပွဲ မတိုင်ခင်ရော ၊ဆွေးနွေးနေစဥ် နှင့် နောက်ပိုင်းတွင်ပါ TNLA သိမ်းပိုက်ထိန်းချုပ်ထားသည့် နောင်ချိုမြို့နယ်အပါအဝင် ဒေသအချို့ကိုပါ စစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုများဆက်တိုက်ပြုလုပ်ခဲ့သည်။
ထို့အပြင် စစ်ကောင်စီ ဝါဒဖြန့် တယ်လီဂရန်များက တောင်းခမ်းမှ တပ်ရင်းများ၊စခန်းများကိုပြန်လည်သိမ်းပိုက်ထိန်းချုပ်ထားနိုင်ပြီဟု ယခုနှစ်ဆန်းပိုင်၌ဆက်တိုက်ဝါဒဖြန့်နေခြင်းဖြစ်သည်။
ရုပ်သံ-CJ