အာဏာရှင်ဟောင်း သန်းရွှေ၏ အနီးကပ် လုံခြုံရေး တပ်မှူးနှင့်တပ်ဖွဲ့ဝင် လူဟောင်းများကို ဖယ်ရှားပြီး မင်းအောင်လှိုင်က တပ်ဖွဲ့ဝင်အသစ်များဖြင့် အစား ထိုး၊ ဆရာနှင့်တပည့် ဆက်ဆံရေး အေးစက်နေမှုကို ပြသသည့်လက္ခဏာဟုဆို

by

in

အာဏာရှင်ဟောင်း သန်းရွှေ၏ အနီးကပ် လုံခြုံရေး တပ်မှူးနှင့်တပ်ဖွဲ့ဝင် လူဟောင်းများကို ဖယ်ရှားပြီး မင်းအောင်လှိုင်က တပ်ဖွဲ့ဝင်အသစ်များဖြင့် အစား ထိုး၊ ဆရာနှင့်တပည့် ဆက်ဆံရေး အေးစက်နေမှုကို ပြသသည့်လက္ခဏာဟုဆို
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆
နေပြည်တော် ၆ လုံးတန်းနေအိမ်ရှိ စစ်အာဏာရှင်ဟောင်း သန်းရွှေ၏ အနီး ကပ် လုံခြုံရေး ကို တာဝန်ယူထားရသော စစ်ကောင်စီတပ်ဖွဲ့ဝင် လူဟောင်းများကို မင်းအောင်လှိုင်က တပ်ဖွဲ့ဝင် လူသစ်များဖြင့် အစားထိုးလိုက်ကြောင်း နေ ပြည်တော် တပ်သတင်းရင်းမြစ်က ပြောဆိုသည်။
စစ်အာဏာရှင်ဟောင်း သန်းရွှေက ၂၀၁၁ ခုနှစ် အနားယူချိန်မှစတင်ပြီး ၎င်းနှင့်မိသားစုဝင်များ လုံခြုံရေးအတွက် ၎င်း၏ စိတ်ချယုံကြည်ရသော တပ်မှူးများနှင့်တပ်ဖွဲ့ဝင်များကို ခေါ်ယူထားခဲ့ကြောင်း၊ ယင်းတပ်မှူး၊ တပ်ဖွဲ့ဝင်များက နှစ်ပေါင်းများစွာ အာဏာရှင်ဟောင်း သန်းရွှေ၏ လုံခြုံရေးဆောင်ရွက်ခဲ့ရာမှ ယခုအခါ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သန်းရွှေ၏ အနီးကပ်လုံခြုံရေး တပ် မှူး နှင့်တပ်ဖွဲ့ဝင်များကို ပင်စင်ပေးခြင်း၊ တပ်ပြောင်းရွှေ့ခြင်း၊ နေရာပြောင်း ရွှေ့ခြင်းများ လုပ်ဆောင်ခဲ့ကာ သန်းရွှေ၏ လုံခြုံရေးအတွက် တပ်မှူးနှင့်တပ်ဖွဲ့ဝင်များ အသစ်အစားထိုးခြင်းဖြစ်ကြောင်း သိရှိရသည်။
ယင်းကဲ့သို့ သန်းရွှေ၏ လုံခြုံရေး တပ်ဖွဲ့ဝင်များကို အစားထိုးပြောင်းလဲခြင်းမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ လုပ် ပိုင်ခွင့် အာဏာအရ လုပ်ဆောင်ခြင်းဖြစ်သော်လည်း စစ်ခေါင်းဆောင်ဟောင်း၏ စိတ်ကြိုက် အနီးကပ်လုံခြုံရေးများကို ဖယ်ရှားခြင်းမှာ ဆရာနှင်တပည့် ဖြစ်သူတို့၏ ဆက်ဆံရေး အေးစက်သည့်သဘောကို ပြသနေသည်ဟု နေပြည်တော်တပ်သတင်းရင်းမြစ်က ဆို သည်။
အကြမ်းဖက်စစ်ကောင်စီက သန်းရွှေ၏ သားမက် ဒေါက်တာ နေစိုးမောင်ကို ယမန်နှစ်အတွင်း နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် ဖမ်းဆီးခဲ့ပြီး မန္တလေးမြို့၊ အိုးဘို ထောင်တွင်း တရားရုံးက ယခုနှစ် ဇန်နဝါရီ ၁၆ ရက်နေ့က ထောင် ဒဏ် သုံးနှစ် ချမှတ်ခဲ့သည်။