ရှေတန်းထွက်ရမှာကြောက်လို့ စစ်အရာရှိတချို့ ဝန်ကြီးဌာနကို ပြောင်းရွေ့ – DVB Digital First

by

in

ရှေတန်းထွက်ရမှာကြောက်လို့ စစ်အရာရှိတချို့ ဝန်ကြီးဌာနကို ပြောင်းရွေ့ – DVB Digital First
#dvbtvnews #digitalfirst

ရှေတန်းစစ်မြေပြင်မှာ သေဆုံးမှု့တွေများလာတဲ့ စစ်တပ်အရာရှိတွေအနေနဲ့ ဒီနှစ် ဇန်နဝါရီ လလယ်ကစလို အရပ်ဘက်ဌာနဆိုင်ရာရုံးတွေကို ပြော င်းရွေ့နေကြပါတယ်။
စစ်ကောင်စီတပ်က တိုင်းမှုး၊ဒုတိုင်းမှုး၊နယ်လုံဝန်ကြီးနဲ့ရင်းနှီးသူတွေဟာ နိုင်ငံခြားရေး ဝန်ကြီး ဌာန၊မြို့တော်စည်ပင်၊ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနနဲ့စိုက်ပျိုးမွေးရေး နှင့်ဆည်မြောင်းဝန်ကြီးဌာနကို ပြောင်းရွေ့ကြတာပါ။
နိုင်ငံခြားရေးဝန်ကြီးဌာနကို စစ်ကောင်စီတပ်က ဗိုလ်မှုး၊ဗိုလ်ကြီးအဆင့်ရှိသူ ၅ ယောက်က ဇန်န ဝါရီလ ၁၁ ရက်က ပြောင်းရွေ့လာတယ်လို့ စီမံ ရေးရာဦးစီးဌာနနဲ့ နီးစပ်တဲ့သတင်းအရင်းအမြစ် က ပြောပါတယ်။
“ကျနော်တို့ရုံးက တပ်က အရာရှိ ၅ ယောက်ရော က်တယ် အသွင်မပြောင်းဘူး ရာထူးကအရင်တို င်းပဲ ကျနော်တို့ဌာနကို ဗိုလ်ကြီးရဲသွေးအောင် ရော က်တယ် ၁၀ ရက် နေ့ အော်ဒါကျတာ “လို့ ပြောပါတ ယ်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာ န၊စားသုံးသူရေးရာဦးစီးဌာနကို ဇန်နဝါရီ လ ၉ ရက်က ဗိုလ်ကြီးရန်ပိုင်ဖြိုးနဲ့မူပိုင်ခွင့်ဦးစီးဌာနကို ဗိုလ်ကြီးဆလိုင်းထင်မနား တို့နှစ်ယောက် ဦးစီး အရာရှိအနေနဲ့ရောက်လာတယ်လို့ ဌာနနဲ့နီးစပ်တဲ့ သတင်းအရင်းအမြစ်က ပြောပါတယ်။
“သူတို့နှစ်ယောက်နဲ့ အတူတူပဲ အဲ့နေ့က စိုက်ပျိုး ရေးနဲ့မွေးမြူရေးဝန်ကြီးဌာနကိုလည်း ဗိုလ်ကြီး နေလင်းဖြိုးနဲ့ဗိုလ်ကြီးကောင်းထက်ဗိုလ်တို့ရော က်လာတယ် ဘာမှမတက်ဘူး ရောက်လာတယ် ဆို ဦးစီးအရာရှိနေရာတန်းရတာ ” လို့ ပြောပါတ ယ်။
အလားတူပင် ဇန်နဝါရီလ ၂ ရက်ကလည်း ရန် ကုန်မြို့တော်စည်ပင် သာယာရေး ကော်မတီကို ဗိုလ်ကြီးအောင်မျိုးမြင့်နဲ့ဗိုလ်ကြီးစိုးကျော်ထက် တို့ ဦးစီးအရာရှိအဖြစ် ပြောင်းရွေ့လာတယ်လို့ စည်ပင်နဲ့နီးစပ်သူတွေက ပြောပါတယ်။ စစ်ကောင်စီက ဇန်နဝါရီလအတွင်းမှာ ဗိုလ်မှုး၊ဗို လ်ကြီးအယောက် ၂၀ နီးပါးကို ဌာနဆိုင်ရာရုံး တွေကို ပြောင်းရွေ့ခဲ့ပြီး အခုလဖေဖော်ဝါရီလအ တွင်းမှာလည်း ထပ်မံပြောင်းရွေ့ဖို့ စီစဥ်နေတယ် လို့ တပ်တွင်းသတင်းအရင်းအမြစ်တွေဆီက သိ ရပါတယ်။
#ကနေဦးသတင်း #myanmar