Category: News
-
တောင်သာ နှစ်ရက်ဆက် တိုက်ပွဲအတွင်း စစ်အုပ်စုနဲ့ပျူ ၃၀ နီးပါးသေဆုံး
တောင်သာ နှစ်ရက်ဆက် တိုက်ပွဲအတွင်း စစ်အုပ်စုနဲ့ပျူ ၃၀ နီးပါးသေဆုံး MFP၊ ဇန်နဝါရီ – ၁၃ မန္တလေးတိုင်း၊ တောင်သာမြို့နယ်မှာ နှစ်ရက်ဆက် ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်အုပ်စုနဲ့ ပျူစောထီး ၃၀ ခန့် သေဆုံးခဲ့တယ်လို့ မြင်းခြံခရိုင် တပ်ရင်း အမှတ် (၃)က MFP ကို ပြောပါတယ်။ တောင်သာမြို့စွပ်ကျယ်စက်ရုံမှာ တပ်စွဲထားတဲ့ စစ်အုပ်စုအင်အား ၃၀ ပါ စစ်ကြောင်းနဲ့ သီတာယုမွန်ဦးဆောင်တဲ့ ပျူစောထီး ၁၀၀ န့်ဟာ ဇန်နဝါရီလ ၁၁ရက် မနက်အစောပိုင်းမှာ တောင်သာမြို့ကို ခြေလျင်စစ်ကြောင်းထိုးဖို့ ရောက် ရှိလာတာကြောင့် တော်လှန်ရေးပူးပေါင်းတပ်က ဒရုန်းတွေနဲ့ အနီးကပ်တိုက်ခိုက်ခဲ့ရာ စစ်အုပ်စုနဲ့ ပျူစော ထီး ခုနစ်ဦးခန့်သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ “ဒရုန်းတိုက်ခိုက်မှုနဲ့အနီးကပ် battle. (တိုက်ပွဲ)…
-
ပန်းတောင်းသို့ စစ်ကောင်စီ စစ်အင်အားဖြည့်၊ စက်လေထီးဝဲပျံ ကင်းထောက်
ပန်းတောင်းသို့ စစ်ကောင်စီ စစ်အင်အားဖြည့်၊ စက်လေထီးဝဲပျံ ကင်းထောက် ရွှေနွယ် မဇ္ဈိမ။ ။ ပဲခူးတိုင်း ၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့သို့ ဇန်နဝါရီလ ဒုတိယပတ်အတွင်း စစ်ကောင်စီတပ်က အင်အားဖြည့်တင်းမှုများလုပ်ဆောင်နေပြီး မြို့ကောင်းကင်ယံ၌လည်း စက်လေထီးများဝဲပျံကင်းထောက်မှုများရှိနေကြောင်း ဒေသခံများနှင့် ဒေသတွင်း ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ပြောသည်။ ပန်းတောင်းမြို့သည် အာရက္ခတပ်တော်( AA) သိမ်းပိုက်ထားသည့် ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နှင့်နယ်နိမိတ်ချင်းထိစပ်ရာမြို့ဖြစ်ပြီး စစ်လက်နက်ပစ္စည်းထုတ်စက်ရုံ (ကပစ) များ တည်ရှိရာမြို့လည်း ဖြစ်သည်။ ပြီးခဲ့သည့် ဇန်နဝါရီ ၁၀ ရက်ခန့်မှ စတင်ကာ ယနေ့ ဇန်နဝါရီလ ၁၃ ရက်အထိ နေ့စဥ် စက်တပ်လေထီးများဝဲပျံကင်းထောက်မှုများရှိနေကြောင်းလည်း ပန်းတောင်းဒေသခံများ၏ သတင်းပေးပို့ချက်ကို ကိုးကား၍ ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေး တပ်ရင်းအမှတ် (၃၆၀၂) တပ်ဖွဲ့ဝင်ကလည်း ပြောသည်။ “စက်တပ်လေထီးတွေကတော့ တောက်လျှောက်ပျံနေတယ်။…
-
ကျိုက်မရော၊ ကဒါကျေးရွာ ရဲစခန်းနှင့် တောင်ကလေးကျေးရွာ ရဲစခန်းတို့ကို ဒရုန်းနှင့် တိုက်ခိုက်မှု စစ်သား ၆ ဦး သေ ၅ ဦး ဒဏ်ရာရ
ကျိုက်မရော၊ ကဒါကျေးရွာ ရဲစခန်းနှင့် တောင်ကလေးကျေးရွာ ရဲစခန်းတို့ကို ဒရုန်းနှင့် တိုက်ခိုက်မှု စစ်သား ၆ ဦး သေ ၅ ဦး ဒဏ်ရာရ ရန်ကုန်၊ ဇန်နဝါရီ ၁၃ မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ကဒါကျေးရွာ ရဲစခန်းနှင့် တောင်ကလေးကျေးရွာရဲစခန်းတို့ကို ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီဝင် ၆ ဦးသေဆုံးကာ ၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မွန်ပြည်သစ်ပါတီ(AD) တပ်ထံမှ သိရှိရသည်။ ဇန်နဝါရီလ ၁၀ ရက်နေ့ အကြမ်းဖက်စစ်သား များနေရာယူထားသည့် ကဒါကျေးရွာ ရဲစခန်းအတွင်း NMSP-AD တပ်၏ ဒရုန်းတပ်ဖွဲ့က ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၅ ဦးသေဆုံးကာ ၄ ဦး ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။ ထို့ပြင် ဇန်နဝါရီလ ၁၂…
-
Breaking News- ဖားကန့်မြို့နယ်ရှိ ကျောက်မျက် ကုမ္ပဏီဝင်းများ အပါအဝင် နေရာ ၃ ခုကို စစ်တပ်က တိုက်လေယာဉ်ဖြင့် ဗုံးကျဲချပြီး စက်သေနတ်ဖြင့် ပစ်ခတ်မှု ပြည်သူများအပြား သေဆုံးထိခိုက် (ရုပ်/သံ)
Breaking News- ဖားကန့်မြို့နယ်ရှိ ကျောက်မျက် ကုမ္ပဏီဝင်းများ အပါအဝင် နေရာ ၃ ခုကို စစ်တပ်က တိုက်လေယာဉ်ဖြင့် ဗုံးကျဲချပြီး စက်သေနတ်ဖြင့် ပစ်ခတ်မှု ပြည်သူများအပြား သေဆုံးထိခိုက် (ရုပ်/သံ) ရန်ကုန်၊ ဇန်နဝါရီ ၁၃ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းအုပ်စု၊ ဆန်ခါကျေးရွာရှိ ကျောက်မျက်တူးဖော်ရေးကုမ္ပဏီဝင်း အပါအဝင် နေရာ ၃ ခုကို စစ်တပ်က တိုက်လေယာဉ်ဖြင့် ဗုံးကျဲချပြီး စက်သေနတ်ဖြင့် ပစ်ခတ်မှု ပြည်သူများအပြား သေဆုံးထိခိုက်ကြောင်း KIA သတင်းရင်းမြစ်နှင့် ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ ဇန်နဝါရီလ ၁၃ ရက်နေ့၊ နံနက် ၁၀ နာရီ ၃၈ မိနစ်အချိန် မန္တလေးတိုင်း၊ တံတားဦးလေတပ်စခန်းမှ တက်လာသော Yak-130 ဂျက်ဖိုက်တာလေယာဉ်က…
-
မင်္ဂလာဒုံလေတပ်ပတ်လည်၌ ကတုတ်ကျင်းများတူးနေ
ရန်ကုန်၊ မင်္ဂလာဒုံမြို့နယ်က အမှတ် ၅၀၂ လေတပ်စခန်းနဲ့ လေယာဉ်ကွင်းပတ်လည်မှာ စက်ယန္တရားတွေအသုံးပြုပြီး ကတုတ်ကျင်းတွေတူးနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။ မင်္ဂလာဒုံမြို့ခံတယောက်က “မြေသားကျင်းက တလိုင်း၊ အခု ကျောက်တွေထပ်ဖို့တာက တလိုင်း၊ အခုရက်ပိုင်းမှ ကားတွေပိုများလာတာ။ ဝေဘာဂီဘူတာအနောက်က ဝင်ပေါက်မှာလည်း စစ်ကားတွေ အဝင်အထွက်ရှိတယ်” လို့ ပြောပါတယ်။ အခု ဇန်နဝါရီလဆန်းမှာ ပိုလုပ်ဆောင်လာတာဖြစ်ပြီး ကြံခင်းစုရပ်ကွက်ဘက်ခြမ်းမှာ ၂၀၂၄ ခုနှစ်၊ ဇွန်လလောက်ကတည်းက မြေသားမြောင်းတွေတူး၊ ကျောက်သားစီနေသလို၊ အနန်းပင်ဘက်မှာတော့ ဒီဇင်ဘာလလောက်မှာ လုပ်ဆောင်နေတာဖြစ်ပါတယ်။ စစ်ကောင်စီရဲ့ အမှတ် ၅၀၂ လေတပ်စခန်းဟာ မင်္ဂလာဒုံအပြည်ပြည်ဆိုင်ရာလေဆိပ်နဲ့ ကပ်လျက်ရှိနေတာဖြစ်သလို လူနေရပ်ကွက်တွေဖြစ်တဲ့ မင်္ဂလာဒုံမြို့နယ်၊ ကြံခင်းစုရပ်ကွက်နဲ့ အနန်းပင်ရပ်ကွက်၊ မြောက်ဥက္ကလာမြို့နယ် ပုရွက်ဆိပ်ကုန်းရပ်ကွက်၊ ဝေဘာဂီ မြို့သစ်ရပ်ကွက်တို့နဲ့ ထိစပ်နေတာပါ။ ၂၀၂၂ ခုနှစ်ကတည်းက မင်္ဂလာဒုံ ၅၀၂…
-
လူငယ် ၁ ယောက်ကို ပေါ်တာဆွဲသွားတဲ့ စစ်အုပ်စုကို လိုက်လံရှာဖွေတိုက်ခိုက်မှု ပျူစောထီး အများအပြားသေပြီး ဖမ်းဆီးခံ လူငယ် ပြန်လည်လွတ်မြောက် (ရုပ်/သံ)
လူငယ် ၁ ယောက်ကို ပေါ်တာဆွဲသွားတဲ့ စစ်အုပ်စုကို လိုက်လံရှာဖွေတိုက်ခိုက်မှု ပျူစောထီး အများအပြားသေပြီး ဖမ်းဆီးခံ လူငယ် ပြန်လည်လွတ်မြောက် (ရုပ်/သံ) ဇန်နဝါရီ ၁၃၊ ၂၀၂၅ မန္တလေးတိုင်း၊ တောင်သာမြို့နယ် စွပ်ကျယ်စက်ရုံကနေ အင်အား ၃၀ ခန့်နဲ့ ထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေဟာ ဇန်နဝါရီ ၁၁ ရက် မနက်ပိုင်းက ခြေလျင်စစ်ကြောင်းထိုးပြီး ဒေသခံပြည်သူ လူငယ် ၁ ယောက်ကို ပေါ်တာဆွဲသွားတဲ့အတွက် တော်လှန်ရေးပူးပေါင်းတပ်တွေက လိုက်လံရှာဖွေ တိုက်ခိုက်ခဲ့တယ်လို့ မြင်းခြံခရိုင်တပ်ရင်း(၃) ထံက သိရပါတယ်။ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေဟာ တောင်သာမြို့နယ် နန်းမြင့်ရွာအရှေ့ဘက် နန်းမြင့်စွယ် ဘုန်းကြီးကျောင်းအတွင်း အင်အားအများအပြားနဲ့ စုပေါင်းထားပြီး တောင်သာမြို့နယ်အတွင်း စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေချိန် မြင်းခြံခရိုင်တပ်ရင်း(၃) ဒရုန်းအဖွဲ့က 28KG ဗုံးသီးတွေ ကြဲချပြီး တောင်သာမြို့နယ်ပကဖနဲ့အတူ…
-
မြင်းခြံ-တောင်သာ-မန္တလေးလမ်းတွင် စစ်ယာဉ်တန်းကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ အနည်းဆုံး ၂၀ ထက်မနည်းသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ
မြင်းခြံ-တောင်သာ-မန္တလေးလမ်းတွင် စစ်ယာဉ်တန်းကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ အနည်းဆုံး ၂၀ ထက်မနည်းသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ ရန်ကုန်၊ ဇန်နဝါရီ၁၂ မန္တလေးတိုင်း၊ မြင်းခြံ-တောင်သာ-မန္တလေးလမ်းတွင် စစ်ယာဉ်တန်းကို တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ အနည်းဆုံး ၂၀ ဦးထက်မနည်းသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိကြောင်း တော်လှန်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယမန်နေ့ ဇန်နဝါရီလ ၁၂ ရက်နေ့ နံနက် ၈ နာရီ ၅၀ မိနစ်အချိန် မြင်းခြံ- တောင်သာ-မန္တလေးသွားကားလမ်းတွင် စစ်ကောင်စီယာဉ်တန်းကို တော်လှန်ရေးတပ်များက ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ခိုက်မှုအတွင်း စစ်တပ်ဘက်မှ သေဆုံးမှုများပြားပြီး လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိကြောင်း သိရှိရသည်။ “ကျနော်တို့သိထားရတာက မနက်ခင်းပိုင်းက တိုက်ပွဲဖြစ်တယ်။ တိုက်ပွဲအတွင်းပါတဲ့အဖွဲ့တွေက မြင်းခြံခရိုင် တပ်ရင်း ၇ Zero ပြောက်ကျားတပ်ဖွဲ့ရဲ့ အထူးကွန်မာဒိုအဖွဲ့…
-
အထက်မင်းလှမြို့နယ်၊ ပုသိမ်-မုံရွာလမ်းပိုင်းကို ပြည်သူ့ကာကွယ်ရေးတပ်များက ၄ နာရီကျော်ကြာ လုံခြုံရေး စစ်ဆေးမှုများ လုပ်ဆောင်
အထက်မင်းလှမြို့နယ်၊ ပုသိမ်-မုံရွာလမ်းပိုင်းကို ပြည်သူ့ကာကွယ်ရေးတပ်များက ၄ နာရီကျော်ကြာ လုံခြုံရေး စစ်ဆေးမှုများ လုပ်ဆောင် ရန်ကုန်၊ ဇန်နဝါရီ ၁၃ မကွေးတိုင်း၊ အထက်မင်းလှမြို့နယ်၊ ပုသိမ်-မုံရွာလမ်းပိုင်းကို ပြည်သူ့ကာကွယ်ရေးတပ်များက ၄ နာရီကျော်ကြာ စစ်ဆေးမှုများ လုပ်ဆောင်ခဲ့ကြောင်း အထက်မင်းလှမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) ၏ တာဝန်ခံ ရန်ကြီးအောင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဇန်နဝါရီလ ၁၂ ရက်နေ့ အထက်မင်းလှမြို့နယ်၊ ပုသိမ်-မုံရွာကားလမ်းတွင် ယာဉ်သွားယာဉ်လာများကို စစ်ဆေးခြင်းနှင့် လမ်းပိုင်း လုံခြုံရေးအတွက် တော်လှန်ရေးတပ်ဖွဲ့က ဆောင်ရွက်ခဲ့ကြောင်း၊ ယင်း လုံခြုံရေး စစ်ဆေးမှု လုပ်ငန်းစဉ်တွင် ပြည်သူများ တက်ကြွစွာ ပူးပေါင်းပါဝင်ခဲ့ကြောင်း၊ ၄ နာရီကျော်ကြာ စစ်ဆေးခဲ့သည့်အပြင် ပြည်သူများကိုလည်း မိတ်ဆက်ခဲ့ကြောင်း သိရှိရသည်။ “အဓိက ကတော့ သတင်းရရင်ရသလို စကစ ဒေါက်တိုင်တွေ အရပ်သားအယောင်ဆောင်ပြီးသွားလာတာကို…
-
မံစီမြို့အခြေစိုက် စစ်ကောင်စီတပ်ရင်းများမှ ထွက်ပြေးသွားသော စစ်သား ၁၄၀ ကို KIA က ချေမှုန်းသုတ်သင်
မံစီမြို့အခြေစိုက် စစ်ကောင်စီတပ်ရင်းများမှ ထွက်ပြေးသွားသော စစ်သား ၁၄၀ ကို KIA က ချေမှုန်းသုတ်သင် ရန်ကုန်၊ ဇန်နဝါရီ ၁၃ ကချင်ပြည်နယ်၊ မံစီမြို့နယ်အခြေစိုက် စစ်ကောင်စီတပ်ရင်းများမှ ထွက်ပြေးသွားသော စစ်သား ၁၄၀ ကို KIA ဦးဆောင်သော တော်လှန်ရေးတပ်များက လိုက်လံ ချေမှုန်းသုတ်သင်လိုက်ကြောင်း KIA သတင်းရင်းမြစ်က ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဇန်နဝါရီလ ၈ ရက်နေ့ နံနက် ၁၀ နာရီ ၂၀ မိနစ်အချိန် မံစီမြို့အခြေစိုက် စစ်ကောင်စီ၏ နောက်ဆုံးလက်ကျန် တပ်ရင်းများဖြစ်သော ခမရ ၃၁၉၊ ခမရ ၆၀၁ နှင့် အမြောက်တပ် ၃၅၂ တပ်ရင်းအားလုံးကိုအပြီးသတ်သိမ်းပိုက်ခဲ့ပြီး မံစီမြို့ နယ်တစ်ခုလုံးကို KIA ဦးဆောင်သော တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်း…
-
တရုတ်နိုင်ငံသား ၃,၉၀၀ အပါအဝင် မြန်မာကို လူကုန်ကူးခံရသူ ၆ထောင်ကျော်ထိရှိ၊ စောချစ်သူ ဦးဆောင်တဲ့ BGF/DKBA က အဆိုပါလူကုန်ကူးမှုများကို ကူညီပေးနေ
တရုတ်နိုင်ငံသား ၃,၉၀၀ အပါအဝင် မြန်မာကို လူကုန်ကူးခံရသူ ၆ထောင်ကျော်ထိရှိ၊ စောချစ်သူ ဦးဆောင်တဲ့ BGF/DKBA က အဆိုပါလူကုန်ကူးမှုများကို ကူညီပေးနေ ဇန်နဝါရီ ၁၂၊ ၂၀၂၄ နိုင်ငံပေါင်း ၂၁ နိုင်ငံက လူပေါင်း ၆,၀၀၀ ကျော်ဟာ မြန်မာပြည်ကို လူကုန်ကူးခံထားရကြောင်း လူကုန်ကူးမှုစောင့်ကြည့်ကူညီရေးအဖွဲ့တွေက ဇန်နဝါရီလ ၇ ရက်နေ့ ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ တရုတ်နိုင်ငံသား ၃,၉၀၀ အပါအဝင် နစ်နာသူတွေဟာ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ညှင်းပန်းနှိပ်စက်မှုတွေ အပြင်းအထန် ခံခဲ့ရပြီး မိသားစုဝင်တွေဟာလည်း မတန်တဆ ပြန်ပေးငွေတွေ တောင်းခံခြင်း ခံနေရကြောင်း သိရပါတယ်။ မြန်မာနိုင်ငံ၊ မြဝတီမြို့ရဲ့တဖက်ကမ်း ထိုင်းနိုင်ငံ မဲဆောက်မြို့ဟာ လူကုန်ကူးရာမှာ အဓိကကျတဲ့ အကူးအပြောင်းနေရာဖြစ်ပြီး တရုတ်ရာဇဝတ်ဂိုဏ်းတွေက မြန်မာစစ်ကောင်စီရဲ့ မဟာမိတ်ဖြစ်တဲ့…