ကမ္ဘောဒီးယားနှင့်ထိုင်းတို့ ဒုတိယနေ့အဖြစ် နယ်စပ်တွင် နှစ်ဖက်တိုက်ပွဲပြင်းထန်ပြီး ထိုင်းဘက်မှ ၁၅ ဦးသေဆုံးကာ ထိုင်းပြည်သူ ၁ သိန်းကျော် စစ်ဘေးရှောင်ရ

ကမ္ဘောဒီးယားနှင့်ထိုင်းတို့ ဒုတိယနေ့အဖြစ် နယ်စပ်တွင် နှစ်ဖက်တိုက်ပွဲပြင်းထန်ပြီး ထိုင်းဘက်မှ ၁၅ ဦးသေဆုံးကာ ထိုင်းပြည်သူ ၁ သိန်းကျော် စစ်ဘေးရှောင်ရ
ရန်ကုန်၊ ဇူလိုင် ၂၅

Cambodian soldiers stand on a military truck with an anti-aircraft gun in Oddar Meanchey province on July 25, 2025. Thailand and Cambodia fought their bloodiest military clashes in more than a decade on July 24, with at least 12 people killed as the two sides battled with tanks, artillery and ground forces over a disputed border zone. (Photo by TANG CHHIN Sothy / AFP)

Smoke is pictured in the air from a multi-rocket launcher near the Cambodia-Thailand border in Oddar Meanchey province on July 25, 2025. The UN Security Council was set to hold an emergency meeting on July 25 after a long-running border dispute between Thailand and Cambodia erupted into intense fighting with jets, artillery, tanks and ground troops. (Photo by TANG CHHIN Sothy / AFP)

ကမ္ဘောဒီးယားနှင့်ထိုင်းနိုင်ငံတို့အကြား ယနေ့ ဒုတိယနေ့အဖြစ် နယ်စပ်တွင် နှစ်ဖက်တိုက်ပွဲပြင်းထန်ပြီး ထိုင်းဘက်မှ ၁၅ ဦးသေဆုံးကာ ထိုင်းပြည်သူ ၁ သိန်းကျော် စစ်ဘေးရှောင်ရကြောင်း ထိုင်းအစိုးရက ထုတ်ပြန်ကြေညာသည်။
ယမန်နေ့ နံနက် ၈ နာရီကျော်မှ စတင်ဖြစ်ပွားခဲ့သော ထိုင်းနှင့် ကမ္ဘောဒီးယားတို့အကြား တိုက်ပွဲမှာ ယနေ့တွင်လည်း ဆက်လက် ပြင်းထန်လာကြောင်း၊ ထိုင်းအစိုးရ၏ ထုတ်ပြန်ချက်အရ ထိုင်းဘက်မှ ၁၅ ဦးသေဆုံးပြီး ကမ္ဘောဒီးယားက အရပ်သားပြည်သူများနေထိုင်ရာ နေရာများကို ဦးတည် ပစ်ခတ်နေကြောင်း၊ ထိုင်းပြည်သူများ စစ်ဘေးရှောင်ရပြီး ဆေးရုံ ၇ ရုံကိုလည်း ပိတ်သိမ်းထားရကြောင်း သိရှိရသည်။
ကမ္ဘောဒီးယားနှင့် တိုက်ပွဲများကြောင့် နယ်စပ်ဒေသတွင် ထိုင်းပြည်သူ ၁ သိန်းကျော် ထွက်ပြေးစစ်ရှောင်နေကြရသည်ဟု ထိုင်းအာဏာပိုင်များက ပြောကြားထားကြောင်း ဘန်ကောက်ပို့စ် သတင်းက ယနေ့တွင် ဖော်ပြသည်။
ယမန်နေ့ ဇူလိုင် ၂၄ ရက်နေ့ နံနက်ပိုင်းက စတင်ခဲ့သည့် ထိုင်းနှင့် ကမ္ဘောဒီးယား နှစ်နိုင်ငံကြားစတင် ဖြစ်ပွားခဲသည့် နယ်စပ်ပြဿာနာတွင် ဆယ်စုနှစ်အတွင်း အပြင်းထန်ဆုံးသော သွေးထွက်သံယို နယ်စပ်တိုက်ပွဲမှာ ယနေ့တွင်လည်း နှစ်ဖက် ပစ်ခတ်မှုများဖြင့် ဆက်လက်ဖြစ်ပွားနေကြောင်း သိရှိရသည်။
ထို့အပြင် နယ်စပ်ပြည်နယ် လေးခုမှ လူပေါင်း ၃၀၀,၀၀၀ ကျော်ကိုလည်း ယာယီခိုလှုံရေးစခန်း ၃၀၀ နီးပါးသို့ ရွှေ့ပြောင်းထားရသည်ဟု ထိုင်းပြည်ထဲရေးဝန်ကြီးဌာနက ပြောကြားထားကြောင်း သိရသည်။
ထိုင်းစစ်တပ်၏ ပစ်ခတ်မှုများကြောင့်လည်း ကမ္ဘောဒီးယာ ဘက်တွင် အရပ်သား ၁ ဦးသေဆုံးပြီး ၅ ဦးအထိ ဒဏ်ရာရရှိခဲ့ကြောင်း ကမ္ဘောဒီးယားအရာရှိများက ပြောဆိုထားကြသည်။
ထိုင်းနှင့် ကမ္ဘောဒီးယား ပဋိပက္ခအား ငြိမ်းချမ်းသောနည်းလမ်းဖြင့် ဖြေရှင်းကြရန် အာဆီယံ၊ မလေးရှား၊ မြန်မာ၊ တရုတ်၊ စင်္ကာပူ စသည့် နိုင်ငံများမှ တိုက်တွန်းထားကြသည်။
ယမန်နေ့က ထိုင်းနှင့် ကမ္ဘောဒီးယားကြား ဂျက်တိုက်လေယာဉ်များ၊ အမြောက်များ၊ တင့်ကားများနှင့် မြေပြင်တပ်များဖြင့် တိုက် ပွဲများ ပြင်းထန်စွာဖြစ်ပွားခဲ့ပြီးနောက်တွင် ကုလသမဂ္ဂက လုံခြုံရေးကောင်စီ အရေးပေါ်ခေါ်ယူ ကျင်းပရန် စီစဉ်ပြင်ဆင်ထားကြောင်း သိရသည်။
ရှေးဟောင်းအမွေအနှစ် ဟိန္ဒူဘာသာရေး အဆောက်အဦးတစ်ခုအား ပိုင်ဆိုင်မှု အငြင်းပွားရာမှ ထိုင်းနှင့် ကမ္ဘောဒီးယားမှာ ရာစု နှစ်ပေါင်းများစွာကြာ ပဋိပက္ခဖြစ်ပွားမှု တင်းမာနေခဲ့ပြီးနောက် ယမန်နေ့တွင် အပြင်းထန်ဆုံးသို့ ရောက်ရှိလာကြခြင်းဖြစ်သည်။
ယနေ့ ဇူလိုင် ၂၅ ရက်နေ့ နံနက်ပိုင်းတွင် ထိုင်းနိုင်ငံမှ ကမ္ဘောဒီးယား လူမျိုး ရွှေ့ပြောင်း အလုပ်သမား ၃၀၀၀ နီးပါးသည် လုံခြုံရေးအတွက် စိုးရိမ်သဖြင့် ၎င်းတို့နိုင်ငံသို့ ပြန်ရန် ဘန်လမ်နယ်စပ်ဖြတ်ကျော် အိမ်ပြန်သွားကြပြီဖြစ်ကြောင်း သိရှိရသည်။