Category: News
-
၂၀၂၅ ပြည်သူ့ဂုဏ်ရည်ဆု ဒေါ်အောင်ဆန်းစုကြည် ရရှိ
၂၀၂၅ ပြည်သူ့ဂုဏ်ရည်ဆု ဒေါ်အောင်ဆန်းစုကြည် ရရှိ ဧရာဝတီ၊ ဧပြီ ၂၂၊ ၂၀၂၅ ၂၀၂၅ ခုနှစ်အတွက် ရွေးချယ်ချီးမြင့်သည့် ၁၆ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆုကို ဒေါ်အောင်ဆန်းစုကြည်အား ရွေးချယ်ဂုဏ်ပြုလိုက်ကြောင်း ဆုရွေးချယ်ရေးအဖွဲ့က ယမန်နေ့၌ ထုတ်ပြန်သည်။ လူထုခေါင်းဆောင်ဖြစ်သလို မတရား ဖမ်းဆီးခံ နိုင်ငံရေး အကျဉ်းသားတဦးဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်ကို ပြည်သူဂုဏ်ရည်ဌာနခွဲ အသီးသီးရှိ အဖွဲ့သားများမှ ရိုသေ လေးစား တန်ဖိုးထားပြီး ဂုဏ်ယူဝင့်ကြွားစွာဖြင့် ဂုဏ်ပြုပါကြောင်း အသိပေး ကြေညာအပ်သည်ဟု ဖော်ပြထားသည်။ ၁၆ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆု ဂုဏ်ပြုပွဲ အခမ်းအနားကို အမေရိကန် ပြည်ထောင်စု တက္ကဆက်ဌာနခွဲ (ဟူစတန်မြို့)တွင် လာမည့်မေလ ၂၄ ရက်၌ ကျင်းပသွားမည် ဖြစ်ပြီး ဂုဏ်ပြုပွဲ အစီအစဥ်အများကို ထပ်မံ အသိပေး ကြေညာသွားမည်ဟု…
-
ချင်းတော်လှန်ရေးတပ် ထိုးစစ် အညာလွင်ပြင်ထိ ရောက်လာ
ချင်းတော်လှန်ရေးတပ် ထိုးစစ် အညာလွင်ပြင်ထိ ရောက်လာ /MFP ၊ ဧပြီ- ၂၂ စစ်ရေးဗျူဟာအရ အရေးပါတဲ့ စစ်အုပ်စုရဲ့ ကမ်းပါးနီစခန်းအပါအဝင် စခန်းငါးခုကို သိမ်းယူထားနိုင်တဲ့ ချင်းတော် လှန် ရေးတပ်တွေရဲ့ မြေပြန့်လွင်ပြင် စစ်ဆင်ရေးဟာ စစ်ကိုင်းနဲ့ မကွေးတိုင်း နယ်ဘက်အစပ်ဆီထိ ရောက်ရှိခဲ့ပြီလို့ တော်လှန်ရေးအင်အားစုတွေက ပြောပါတယ် ။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၂ ရက် ပြည်ထောင်စုနေ့က စတင်ခဲ့တဲ့ ချင်းတော်လှန်ရေးအင်အားစုတွေရဲ့ မြေပြန့်လွင် ပြင် စစ်ဆင်ရေးဟာ ဧပြီလ ၁၂ ရက်ထိ နှစ်လတာကြာမြင့်ခဲ့ပြီး စစ်ကိုင်းနဲ့ မကွေးနယ်အနီးရှိ စစ်အုပ်စု စခန်း တွေ ဖြစ်တဲ့ ကမ်းပါးနီစခန်း၊ မှန်တော၊ အရှေ့အောင်သာယာ ၊ အနောက်အောင်သာယာ ၊ ကြံသာစတဲ့ စခန်းငါးခုကို သိမ်း…
-
ထိုင်း − မြန်မာ နယ်စပ်မှာ မူးယစ်မှောင်ခိုအဖွဲ့နဲ့ တိုက်ပွဲနှစ်ကြိမ် ဖြစ်ခဲ့တယ်လို့ ထိုင်းစစ်တပ်ပြော
ထိုင်း − မြန်မာ နယ်စပ်မှာ မူးယစ်မှောင်ခိုအဖွဲ့နဲ့ တိုက်ပွဲနှစ်ကြိမ် ဖြစ်ခဲ့တယ်လို့ ထိုင်းစစ်တပ်ပြော ထိုင်း − မြန်မာနယ်စပ်မှာ လှုပ်ရှားနေတဲ့ မူးယစ်မှောင်ခို အဖွဲ့တစ်ခုနဲ့ ချင်းမိုင်မှာ နှစ်ကြိမ် တိုက်ပွဲဖြစ်ပြီး မှောင်ခိုသမား ၂ ဦးကို ရှင်းလင်းနိုင်ခဲ့သလို မူးယစ်ဆေးဝါးတွေကို သိမ်းဆည်း ရမိခဲ့ကြောင်း ထိုင်းစစ်တပ်က ပြောပါတယ်။ ဧပြီလ ၂၀ ရက်က ဒေသတွင်း မူးယစ်မှောင်ခိုမှု တိုက်ဖျက်ရေး ရည်မှန်းချက်တွေရဲ့ အစိတ်အပိုင်းအဖြစ် ဆင်နွှဲတဲ့ စစ်ဆင်ရေးတွေမှာ အခုလို တိုက်ပွဲတွေ ဖြစ်ခဲ့တာလို့ ဆိုပါတယ်။ ထိုင်းစစ်တပ်ဟာ နယ်စပ်ဖြတ်ကျော် မူးယစ်မှောင်ခို အဖွဲ့တစ်ခုအကြောင်း သတင်းရခဲ့တဲ့နောက် တောလမ်းကနေ ဝင်ရောက်လာမယ့် မူးယစ်မှောင်ခို ဂိုဏ်းသားတွေကို တားဆီးဖို့ ကင်းလှည့်ယူနစ် နှစ်ခုကို ဖြန့်ကျက်ပြီး စောင့်ဆိုင်းခဲ့တယ်လို့ သိရပါတယ်။…
-
လားရှိုးမြို့သို့ စစ်ကောင်စီယာဉ်တန်း စတင်ဝင်ရောက်လာ (ရုပ်သံ)
လားရှိုးမြို့သို့ စစ်ကောင်စီယာဉ်တန်း စတင်ဝင်ရောက်လာ (ရုပ်သံ) ဧပြီ၂၂၊၂၀၂၅။ဇော်ရမ်း/People’s Spring MNDAAတပ်ဖွဲ့များဆုတ်ခွာသွားသည့်လားရှိုးမြို့သို့ စစ်ကောင်စီယာဉ်တန်း ယနေ့(ဧပြီ-၂၂) နံနက်ပိုင်း၌ စတင်ဝင်ရောက်လာသည်။ နမ့်ပေါင်ရွာဘက်မှ ဝင်ရောက်လာခြင်းဖြစ်ပြီး မိုးကာအုပ်ကားအစီးရေ ၅၀ ထက်မနည်းပါဝင်ကြောင်း မြို့ခံတစ်ဦးကပြောသည်။ “အခြေအနေကတော့ စိတ်မသန့်သလိုပဲဗျာ။ ဘာဆက်ဖြစ်မလဲမသိပါဘူး”ဟုမြို့ခံကပြောသည်။ စစ်ကောင်စီထောက်ခံသူအချို့ကမူ စိုးရိမ်စရာမရှိကြောင်းရေးသားနေကြသည်။ပြန်ဝင်လာသူများသည် လားရှိုးမြို့ရှိ အရှေ့မြောက်တိုင်းစစ်ဌာန ချုပ်(ရမခ)ဘက်သို့ ဦးတည်ဝင်ရောက်သွားသည်ဟုဒေသခံများကပြောသည်။ တရုတ်အကူအညီဖြင့် လားရှိုးမြို့သို့ စစ်ကောင်စီတပ်ပြန်ဝင်လာပြီးနောက် လားရှိုးမြို့တော်ခန်းမရှေ့တွင်လွှင့်ထူထားသော MNDAAနှင့် ကိုးကန့်အထူးဒေသ (၁)အလံကိုဧပြီလ၂၁ ရက်ကဖြုတ်ချခဲ့သည်။ထိုနောက် ဧပြီ ၂၂ ရက်နေ့တွင်စစ်ကောင်စီအင်အားအများအပြား ပြန်လည်ဝင်ရောက်လာခြင်းဖြစ်သည်။ မြန်မာနိုင်ငံဆိုင်ရာ တရုတ်အထူးသံတမန် တိန့်ရွှီကျွင်းသည် လားရှိုးမြို့သို့ ရောက်နေသည်။တိန့်ရွှီကျွင်း၊စစ်ကောင်စီအမှတ် (၁) စစ်ဆင်ရေးအထူးအဖွဲ့မှူးဒုတိယဗိုလ်ချုပ်ကြီးကိုကိုဦးနှင့် MNDAA အထွေထွေအတွင်းရေးမှူး နှင့် စစ်ဦးစီးချုပ်တို့ သည် က လားရှိုးမြို့၌တွေ့ဆုံဆွေးနွေးခဲ့သည်။ သို့သော်ဆွေးနွေးပွဲရလဒ်ကိုမသိရသေးပေ။ ကနဦးတွင် လားရှိုးမြို့ကို…
-
လားရှိုးမြို့သို့ တရုတ်၏ ကြားဝင်စွက်ဖက်မှုဖြင့် စစ်ကောင်စီတပ်များ အလုံးအရင်းဖြင့် ပြန်လည် ဝင်ရောက်လာသော်လည်း မြန်မာ့အရေး စွက်ဖက်မှု မရှိဟု တရုတ်အစိုးရ ဗြောင်ငြင်းပြန်
လားရှိုးမြို့သို့ တရုတ်၏ ကြားဝင်စွက်ဖက်မှုဖြင့် စစ်ကောင်စီတပ်များ အလုံးအရင်းဖြင့် ပြန်လည် ဝင်ရောက်လာသော်လည်း မြန်မာ့အရေး စွက်ဖက်မှု မရှိဟု တရုတ်အစိုးရ ဗြောင်ငြင်းပြန် ရန်ကုန်| ဧပြီ ၂၂ MNDAA ကိုးကန့်က သိမ်းပိုက်ထားသော လားရှိုးကို တရုတ်၏ ကြားဝင်အကျပ်ကိုင်မှုဖြင့် စစ်ကောင်စီတပ်များ ပြန်လည် ဝင်ရောက်ခွင့်ရရှိချိန် မြန်မာ့အရေးတွင် တရုတ်အနေဖြင့် ကြားဝင်စွက်ဖက်မှုမရှိကြောင်း တရုတ်အစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Guo Jiakun က ဗြောင် ငြင်းဆန်ပြောဆိုသည်။ ယမန်နေ့ ဧပြီလ ၂၁ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Guo Jiakun က သတင်းထောက်များ မေးမြန်းမှုအပေါ် ယင်းကဲ့သို့ တုန့်ပြန်ပြောဆိုခဲ့ခြင်းဖြစ်သည်။ ကိုးကန့်တပ် MNDAA သိမ်းပိုက်ထားသော ရှမ်းပြည်မြောက်ပိုင်းက လားရှိုးမြို့ကို တရုတ်ဖိအားကြောင့်…
-
ခြောက်လုံးတန်း “ခွင့်တိုင်ရပြီ”
နေပြည်တော် ခြောက်လုံးတန်းကို မြန်မာ့ နိုင်ငံရေး အသိုင်းအဝိုင်းမှာ သိကြပါသည်။ မြန်မာနိုင်ငံကို အုပ်ချုပ်ခဲ့သော ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အပါအဝင် အခြား ထိပ်ပိုင်း ဗိုလ်ချုပ်ကြီးများ ဖြစ်သော ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေး၊ ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦး၊ ဗိုလ်ချုပ်ကြီး တင်အေး၊ ဗိုလ်ချုပ်ကြီး ရွှေမန်း နှင့် ဗိုလ်ချုပ်ကြီး သိန်းစိန်တို့ နေထိုင်သော အိမ်ရာများ ဖြစ်ကြသည်။ ပင်စင်စား ထိပ်ပိုင်း ဗိုလ်ချုပ်ကြီးများ၏ Villa Mansion များကို မြန်မာပြည်၏ ထိပ်တန်း ခရိုနီကြီးများ ဖြစ်သော ဦးတေဇ၊ ဦးထွန်းမြင့်နိုင်၊ ဦးချစ်ခိုင် တို့က တည်ဆောက်ပေးခဲ့ခြင်း ဖြစ်သည်။ ထိုနေရာကိုတော့ ရာဇသင်္ဂဟ အဝိုင်းဟု တရားဝင် ခေါ်ပြီး ဦးသန်းရွှေ အိမ်ဘေးမှာတော့ ဦးတင်အေး၊…
-
စစ်ကောင်စီနဲ့အတူ တရုတ်အထူးကိုယ်စားလှယ် လားရှိုးမြို့ထဲရောက်နေပေမယ့် မြန်မာ့အရေးကြားဝင်မစွက်ဘူးလို့ တရုတ် ထပ်ပြောပြန်
စစ်ကောင်စီနဲ့အတူ တရုတ်အထူးကိုယ်စားလှယ် လားရှိုးမြို့ထဲရောက်နေပေမယ့် မြန်မာ့အရေးကြားဝင်မစွက်ဘူးလို့ တရုတ် ထပ်ပြောပြန် ဧပြီ-၂၁၊၂၀၂၅။အီယိုရီ/People’s Spring လားရှိူးမြို့ထဲ စစ်ကောင်စီ ပြန်လည်ဝင်ရောက် လာနိုင်ဖို့ တရုတ်က ဖိအားပေးခဲ့ပေမယ့် ‘တခြားတိုင်းပြည်ရဲ့ ပြည်တွင်းရေးကို ကြားဝင်မစွက်ဖက်တဲ့မူကို လိုက်နာကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Guo Jiakun က ပြောဆိုလိုက်ပါတယ်။ ဧပြီ ၂၁ ရက်မှာ ပြုလုပ်တဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ သတင်းစာရှင်းလင်းပွဲမှာ AFP သတင်းဌာနကမေးမြန်းမှုကို Guo Jiakun က တရုတ်ဟာ တခြားတိုင်းပြည်ရဲ့ ပြည်တွင်းရေးကို ကြားဝင်မစွက်ဖက်ဘူးလို့ထပ်မံပြောကြားခဲ့တာ ပါ။ MNDAA နဲ့မဟာမိတ်တွေက၂၀၂၄ ခုနှစ်ဩဂုတ် လဆန်းမှာရှမ်းပြည်မြောက်ပိုင်း၊လားရှိူးမြို့ကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ၉ လနီးပါးအကြာ ထိန်း ချုပ်နိုင်ခဲ့ပေမယ့်တရုတ်နိုင်ငံရဲ့တရစပ်ပြင်းထန်တဲ့ဖိအားပေးမှုတွေကြောင့်ဒီဧပြီလထဲမှာဆုတ်ခွါပေးရပါတယ်။ ဧပြီ ၁၈ရက်မှာတော့စစ်ကောင်စီတပ်တွေ၊ဝန်ထမ်းတွေလားရှိုးမြို့ထဲစတင်ဝင်ရောက်လာပြီး လက်ရှိမှာ တရုတ်အထူးကိုယ်စားလှယ်တိန့်ရွှီကျွင်းကိုယ်တိုင် လားရှိူးမြို့မှာ ရှိနေကာ…
-
မင်းအောင်လှိုင်ကို ICC တရားရုံးက ဖမ်း၀ရမ်းထုတ်ရေး ဆက်လက် လုပ်ဆောင်နေပြီး မကြာမီ ဖမ်း၀ရမ်းထွက်ရှိမည် 🟥 အာဂျင်တီးနားတရားရုံး၏ ဖမ်း၀ရမ်း နိုင်ငံတကာရဲတပ်ဖွဲ့ သို့ Red Alert အဖြစ် ပေးပို့ထား
မင်းအောင်လှိုင်ကို ICC တရားရုံးက ဖမ်း၀ရမ်းထုတ်ရေး ဆက်လက် လုပ်ဆောင်နေပြီး မကြာမီ ဖမ်း၀ရမ်းထွက်ရှိမည် 🟥 အာဂျင်တီးနားတရားရုံး၏ ဖမ်း၀ရမ်း နိုင်ငံတကာရဲတပ်ဖွဲ့ သို့ Red Alert အဖြစ် ပေးပို့ထား ရန်ကုန်၊ ဧပြီ ၂၁ အကြမ်းဖက် မင်းအောင်လှိုင်အပေါ် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး (ICC) က ဖမ်း၀ရမ်းထုတ်ရေး လုပ် ငန်း စဉ်မှာ ဆက်လက် သွားနေပြီး မကြာမီ မင်းအောင်လှိုင်အတွက် ICC ဖမ်း၀ရမ်းထွက်ရှိလာမည်ဖြစ် ကြောင်း ဗြိတိန်အခြေစိုက် မြန်မာ-ရိုဟင်ဂျာအသင်း ဥက္ကဋ္ဌ ဦးထွန်းခင်က ရန်ကုန်ခေတ်သစ်သတင်းဌာနနှင့် တွေ့ဆုံမေး မြန်းခန်းတွင် ထုတ်ဖော်ပြောဆိုသည်။ ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၂၇ ရက်နေ့ ရခိုင်ပြည်မှ ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှုအတွက် ပြစ်မှုထင်ရှားသဖြင့် မြန်မာ…
-
ညောင်လေးပင်မြို့နယ်၊ ပုဇွန်မြောင်းရွာအတွင်း ဝင်ရောက်လာသည့် စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ အရာရှိအပါအဝင် ၃ ဦး သေဆုံး
ညောင်လေးပင်မြို့နယ်၊ ပုဇွန်မြောင်းရွာအတွင်း ဝင်ရောက်လာသည့် စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ အရာရှိအပါအဝင် ၃ ဦး သေဆုံး ရန်ကုန်၊ ဧပြီ ၂၁ ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ ပုဇွန်မြောင်းရွာအတွင်း ဝင်ရောက်လာသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်ရာ စစ်တပ်ဘက်မှ အရာရှိအပါအဝင် ၃ ဦး သေဆုံးခဲ့ကြောင်း P2-3703 Fire Dragon (မီးနဂါး) စစ်ကြောင်းက ပြောဆိုသည်။ ဧပြီလ ၂၀ ရက်နေ့ နံနက် ၅ နာရီ ၂၀ မိနစ်ခန့်တွင် အင်အား ၆၀ ခန့်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ညောင်လေးပင်မြို့နယ်၊ ပုဇွန်မြောင်းကျေးရွာ အတွင်းကို ဒရုန်း၊ လေကြောင်းတို့ဖြင့် ပစ်ကူပြီး စစ်ကြောင်းထိုး ဝင်ရောက်ခဲ့ကြောင်း…
-
ငဖဲမြို့နယ်တွင် ဇန်နဝါရီလမှ ဧပြီလအတွင်း တိုက်ပွဲ ၂၃ ကြိမ် ဖြစ်ပွားပြီး ဗိုလ်မှူးသီဟအောင် အပါအဝင် စစ်သား ၆၃ ဦး သေဆုံးကာ ဗိုလ်ကြီးအောင်ငြိမ်းချမ်း၊ ဗိုလ်ကြီးတင်ကိုထက် အပါအဝင် စစ်သုံ့ပန်း ၁၈ ဦး အရှင်မိ
ငဖဲမြို့နယ်တွင် ဇန်နဝါရီလမှ ဧပြီလအတွင်း တိုက်ပွဲ ၂၃ ကြိမ် ဖြစ်ပွားပြီး ဗိုလ်မှူးသီဟအောင် အပါအဝင် စစ်သား ၆၃ ဦး သေဆုံးကာ ဗိုလ်ကြီးအောင်ငြိမ်းချမ်း၊ ဗိုလ်ကြီးတင်ကိုထက် အပါအဝင် စစ်သုံ့ပန်း ၁၈ ဦး အရှင်မိ ရန်ကုန်၊ ဧပြီ ၂၁ မကွေးတိုင်း၊ ငဖဲမြို့နယ်တွင် ဇန်နဝါရီလမှ ဧပြီလအတွင်း တိုက်ပွဲ ၂၃ ကြိမ် ဖြစ်ပွားပြီး ဗိုလ်မှူးသီဟအောင် အပါအဝင် စစ်သား ၆၃ ဦး သေဆုံးကာ ဗိုလ်ကြီးအောင်ငြိမ်းချမ်း၊ ဗိုလ်ကြီးတင်ကိုထက် အပါအဝင် စစ်သုံ့ပန်း ၁၈ ဦး အရှင်ဖမ်းဆီးရမိခဲ့ကြောင်း လူထုတော်လှန်ရေး မဟာမိတ်အင်အားစု (PRA-Magway) မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ဖေဖော်ဝါရီလ ၂၅…