Category: News
-
ကျောက်ဖြူမြို့နယ်၊ ပြိုင်းစေ့ကေရွာ စစ်ကောင်စီ တပ်စခန်းကို AA တိုက်ခိုက်သိမ်းပိုက်မှု စစ်တပ်ဘက်မှ ၅၀ ထက်မနည်းသေဆုံးပြီး အများအပြား အရှင်ဖမ်းဆီးရရှိ
ကျောက်ဖြူမြို့နယ်၊ ပြိုင်းစေ့ကေရွာ စစ်ကောင်စီ တပ်စခန်းကို AA တိုက်ခိုက်သိမ်းပိုက်မှု စစ်တပ်ဘက်မှ ၅၀ ထက်မနည်းသေဆုံးပြီး အများအပြား အရှင်ဖမ်းဆီးရရှိ ရန်ကုန်| ဇွန် ၂၀ ရခိုင်ပြည်၊ ကျောက်ဖြူမြို့ အမှတ် ၃၂ ရဲတပ်ရင်း ကာကင်းစခန်းဖြစ်သော ပြိုင်းစေ့ကေကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို အာရက္ခတပ်တော် AA က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၅၀ ဦးထက်မနည်း သေဆုံးသွားပြီး အများအပြားကို အရှင်ဖမ်းဆီးရရှိကြောင်း AA သတင်းရင်းမြစ်က ပြောဆိုသည်။ စစ်အင်အား ၁၀၀ ရှိသော ပြိုင်းစေ့ကေကျေးရွာရှိ စစ်ကောင်စီစခန်းကို အာရက္ခတပ်တော် AA က အလုံးအရင်းဖြင့် ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီ၏ အမှတ် ၃၂ ရဲတပ်ရင်းကိုလည်း AA က ဝိုင်းရံပိတ်ဆို့ နေ့စဉ် တိုက်ခိုက်နေကြောင်း၊…
-
မြန်မာစစ်အုပ်စုကို စစ်လေယာဥ်ရောင်းချနေသည့် တရုတ်လက်နက်ကုမ္ပဏီ AVIC မှရင်းနှီးမြှုပ်နှံမှုအားလုံးကို Airbus ပြန်ရုပ်သိမ်း
မြန်မာစစ်အုပ်စုကို စစ်လေယာဥ်ရောင်းချနေသည့် တရုတ်လက်နက်ကုမ္ပဏီ AVIC မှရင်းနှီးမြှုပ်နှံမှုအားလုံးကို Airbus ပြန်ရုပ်သိမ်း ရန်ကုန်၊ ဇွန် ၁၉ မြန်မာစစ်အုပ်စုထံ Y-12 နှင့် K-8 အပါအဝင် စစ်လေယာဥ်များ ရောင်းချနေသည့် AviChina Industry & Technology Company Limited (AviChina) မှ ရင်းနှီးမြှုပ်နှံမှုအားလုံးကို ပြန်လည်ရုပ်သိမ်းလိုက်ကြောင်း ဥရောပလေကြောင်းကုမ္ပဏီကြီး Airbus ထုတ်ပြန်လိုက်သည်။ ထိုသို့ ရင်းနှီးမြှပ်နှံမှုများကို ပြန်ရုပ်သိမ်းလိုက်သည့် Airbus ကုမ္ပဏီ၏ ဆုံးဖြတ်ချက်ကို Justice For Myanmar၊ Info Birmanie နှင့် Blood Money အပါအဝင် မြန်မာ့အရေး တက်ကြွလှုပ်ရှားသည့်အဖွဲ့များက ကြိုဆိုလိုက်ကြသည်။ တရုတ်လက်နက်ကုမ္ပဏီ AVIC ၏ ကုမ္ပဏီခွဲဖြစ်သော AviChina Industry &…
-
ရန်ကုန်တွင် ပန်းပန်ပြီး အင်္ကျီဖြူပြာဝတ်ထားလို့ လူငယ်အချို့ ဖမ်းဆီးခံရ
ရန်ကုန်တွင် ပန်းပန်ပြီး အင်္ကျီဖြူပြာဝတ်ထားလို့ လူငယ်အချို့ ဖမ်းဆီးခံရ (DBA) ဇွန် – ၁၉ ရန်ကုန်မြို့တွင် ဒေါ်အောင်ဆန်းစုကြည် (၈၀) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အနေဖြင့် စစ်ကောင်စီက ပန်းပန်ပြီး အင်္ကျီဖြူပြာဝတ်ထားလို့ ဖမ်းဆီးခံရသူအချို့ ရှိခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ ယနေ့ မနက် ၇ နာရီခန့်တွင် မြောက်ဥက္ကလာမြို့နယ် ခေမာသီလမ်း ဂိတ်ဟောင်းဘက်တွင် အထည်ချုပ် အလုပ်သမား ၂ ဦးကို ပန်းပန်ပြီး အင်္ကျီဖြူပြာဝတ်ထားတဲ့အတွက် အကြမ်းဖက်တပ်သားနဲ့ လှည့်ကင်း များ ဖမ်းခေါ်သွားတယ်လို့ ရပ်ကွက်နေပြည်သူတစ်ဦးက ပြောပါတယ်။ အလားတူ နေ့လည် ၁၂ နာရီခွဲခန့်တွင်လည်း အင်းစိန်မြို့နယ် ကြို့ကုန်း ဆေးဝါးစက်ရုံလမ်းထဲတွင် လူငယ်ယောကျ်ားလေး ၂ ဦးကို ရှပ်အင်္ကျီ အပြာရောင်ဝတ်ထားတဲ့အတွက် စစ်ကား DC ၁ စီးနဲ့ကင်း…
-
လူထုခေါင်းဆောင်အသက် နှစ်လုံးထီထိုးသူအများအပြားထီပေါက် ■”ပိုက်ဆံ တစ်ထောင်လေးရှိတာ။ သုံးစရာမရှိတော့လို့အမေစုအသက်ကိုR(ဂဏန်းကိုအပြန် အလှန်ထိုး)လိုက်တာ ပေါက်တာပဲ။ ဟိုကောင်ကြီး(စစ်ခေါင်းဆောင်မင်းအောင်လှိုင်)သေတဲ့ အခါလည်း ရှိတာအကုန်ရောင်းပြီးထိုးဦးမှာ” -အသက်၆၀အရွယ်အမျိုးသမီတဦး
လူထုခေါင်းဆောင်အသက် နှစ်လုံးထီထိုးသူအများအပြားထီပေါက် ■”ပိုက်ဆံ တစ်ထောင်လေးရှိတာ။ သုံးစရာမရှိတော့လို့အမေစုအသက်ကိုR(ဂဏန်းကိုအပြန် အလှန်ထိုး)လိုက်တာ ပေါက်တာပဲ။ ဟိုကောင်ကြီး(စစ်ခေါင်းဆောင်မင်းအောင်လှိုင်)သေတဲ့ အခါလည်း ရှိတာအကုန်ရောင်းပြီးထိုးဦးမှာ” -အသက်၆၀အရွယ်အမျိုးသမီတဦး ဇွန်-၁၉၊ ၂၀၂၅။မေရီ/People’s Spring လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၈၀ ပြည့်မွေးနေ့မှာ နှစ်လုံးထီ ကစားသူအများအပြား ထီပေါက်ခဲ့ကြပါတယ် ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်၈၀ နှစ်ပြည့်မွေးနေ့မှာ နှစ်လုံးထီဟာ မွေးနေ့ ၈၀ ဂဏန်းရဲ့ပြောင်းပြန် ၀၈ ထွက်ခဲ့တာကြောင့် ထီပေါက်သူအများအပြားရှိခဲ့တာပါ။ ဒီကနေ့မှာကျရောက်တဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၈၀ ပြည့် မွေးနေ့မှာ နှစ်လုံးထီကစားတဲ့ ပြည်သူတွေဟာ ၈၀ ဆိုတဲ့ဂဏန်းကိုအပြန်အလှန် ထိုးခဲ့ကြပြီ ၊ဒီမနက်ထွက်တဲ့ ထိုင်းထီက နောက်ဆုံးဂဏန်းဟာ ၀၈ ဖြစ်နေတာကြောင့် နှစ်လုံးထီကစားသူအများအပြား ထီပေါက်ခဲ့ကြကြောင်း မန္တလေးမြို့ခံတွေက ပြောပါတယ်။ “ဒိုင်တော့သွားပြီပဲ။…
-
ဒေါ်အောင်ဆန်းစုကြည် မတ်လ ၂၈ ရက်နေ့ ငလျင်ဒဏ်ကြောင့် ဘယ်ဘက်လက် ဒဏ်ရာရရှိခဲ့ပြီး စိုးရိမ်ဟု Suu Foundation က သတင်းထုတ်ပြန်၊ ဒေါ်အောင်ဆန်းစုကြည်အခြေအနေ မည်သူမှ သိခွင့်မရဖြစ်နေဟု NUG မှတ်ချက်ပြု
ဒေါ်အောင်ဆန်းစုကြည် မတ်လ ၂၈ ရက်နေ့ ငလျင်ဒဏ်ကြောင့် ဘယ်ဘက်လက် ဒဏ်ရာရရှိခဲ့ပြီး စိုးရိမ်ဟု Suu Foundation က သတင်းထုတ်ပြန်၊ ဒေါ်အောင်ဆန်းစုကြည်အခြေအနေ မည်သူမှ သိခွင့်မရဖြစ်နေဟု NUG မှတ်ချက်ပြု ရန်ကုန်၊ ဇွန် ၁၉ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် စစ်ကောင်စီက အကျဉ်းချထားစဉ် မတ်လ ၂၈ ရက်နေ့ လှုပ်ခတ်ခဲ့သော ပြင်းအား ၇ ဒသမ ၇ အဆင့်ရှိ ငလျင်ကြီး၏ ဒဏ်ကြောင့် ဘယ်ဘက်လက်မောင်း ဒဏ်ရာရရှိခဲ့ပြီး စိုးရိမ်ရသည့်အခြေအနေရှိကြောင်း Suu Foundation က ယမန်နေ့ သတင်းထုတ်ပြန်သည်။ မတ်လ ၂၈ ရက်နေ့ လှုပ်ခတ်ခဲ့သော အင်အား ၇ ဒသမ ၇ အဆင့်ရှိ ငလျင်ဒဏ်ကြောင့် ၎င်းကို အကျဉ်းချထားသည့်…
-
ဒေါ်အောင်ဆန်းစုကြည်က လူထုသဘောထားနှင့် သွေဖီသော လုပ်ရပ်များ မလုပ်ဘဲ ပြည်သူ့ နွေဦးတော်လှန်ရေးနှင့်လည်း ထပ်တူ ရပ်တည်နေသည်ဟု NUG ယာယီသမ္မတနှင့် ဝန်ကြီးချုပ် ပြောဆို
ဒေါ်အောင်ဆန်းစုကြည်က လူထုသဘောထားနှင့် သွေဖီသော လုပ်ရပ်များ မလုပ်ဘဲ ပြည်သူ့ နွေဦးတော်လှန်ရေးနှင့်လည်း ထပ်တူ ရပ်တည်နေသည်ဟု NUG ယာယီသမ္မတနှင့် ဝန်ကြီးချုပ် ပြောဆို ရန်ကုန်၊ ဇွန် ၁၉ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က လူထုသဘောထားနှင့် သွေဖီသော လုပ်ရပ်များ မလုပ်ဘဲ ပြည်သူ့နွေဦးတော်လှန်ရေးကြီးနှင့်လည်း ထပ်တူထပ်မျှ ရပ်တည်နေသည်ဟု ယုံကြည်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ- NUG ယာယီသမ္မတ ဒူဝါလရှီးလနှင့် ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့က ထုတ်ဖော်ပြောဆိုလိုက်ကြသည်။ ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၈၀ ပြည့်နှစ် မိန့်ခွန်းများတွင် ၎င်းတို့ နှစ်ဦးစလုံးက အထက်ပါအတိုင်း ထုတ်ဖော်ပြောဆိုလိုက်ကြခြင်းဖြစ်သည်။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် စစ်အာဏာရှင်များ၏ မတရားဖမ်းဆီးမှုကြောင့် အသက် ၈၀ ပြည့်ချိန် အကျဉ်းကျခံရင်း ခက်ခဲသော နှစ်များကို ဖြတ်သန်းနေရကြောင်း၊ တိုင်းပြည်နှင့် လူထုမှာလည်း…
-
Breaking News- ပုလဲမြို့နယ်၊ ကန်ဒေါင့်စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေးမဟာမိတ်တပ်များက အပြီး သတ်သိမ်းပိုက်ရရှိထားပြီဖြစ်ကြောင်း PLA ပြောရေး ဆိုခွင့်ရှိသူ အတည်ပြု
Breaking News- ပုလဲမြို့နယ်၊ ကန်ဒေါင့်စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေးမဟာမိတ်တပ်များက အပြီး သတ်သိမ်းပိုက်ရရှိထားပြီဖြစ်ကြောင်း PLA ပြောရေး ဆိုခွင့်ရှိသူ အတည်ပြု ရန်ကုန်၊ ဇွန် ၁၉ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ရှိ ကန်ဒေါင့်စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေး မဟာမိတ်တပ်များက အပြီးသတ် သိမ်းပိုက်ရရှိခဲ့ပြီဖြစ်ကြောင်း ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – PLA ပြောရေးဆိုခွင့်ရှိသူ ရဲဘော် နီနီကျော်ကရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။ ဇွန်လ ၂ ရက်နေ့မှစ၍ ပုလဲမြို့နယ်၊ ကန်ဒေါင့်နယ်မြေရဲစခန်းကို PLA ဦးဆောင်သော မဟာမိတ်ပူး ပေါင်းတပ်ဖွဲ့များက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ နေ့စဉ်ရက်ဆက်တိုက်ပွဲပြင်းထန်ခဲ့ပြီး ဇွန်လ ၁၀ ရက် နေ့က စစ်ကောင်စီ လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့သော ဂျက်ဖိုက်တာတစ်စီးကို ပစ်ချဖျက်ဆီး နိုင်ခဲ့ကြောင်း၊ ထို့နောက် ဆက် လက်၍ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာယနေ့ ဇွန်လ…
-
ရန်ကုန်အခြေစိုက် ဥရောပသမဂ္ဂ၊ ဗြိတိန်၊ ကနေဒါ၊ ဆွီဒင်၊ ပြင်သစ် ၊ နော်ဝေး၊ ဒိန်းမတ် အပါအဝင် နိုင်ငံတကာသံရုံးများက ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ကို ဂုဏ်ပြုသည့်အနေဖြင့် သံရုံးဖေ့ဘုတ်စ်စာမျက်နှာများ၏ နှင်းဆီပန်း၊ လူထုခေါင်းဆောင်၏ ပုံများကို တင်ထား၊ အမေရိကန်ကလည်း ကြေညာချက်ထုတ်
ရန်ကုန်အခြေစိုက် ဥရောပသမဂ္ဂ၊ ဗြိတိန်၊ ကနေဒါ၊ ဆွီဒင်၊ ပြင်သစ် ၊ နော်ဝေး၊ ဒိန်းမတ် အပါအဝင် နိုင်ငံတကာသံရုံးများက ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ကို ဂုဏ်ပြုသည့်အနေဖြင့် သံရုံးဖေ့ဘုတ်စ်စာမျက်နှာများ၏ နှင်းဆီပန်း၊ လူထုခေါင်းဆောင်၏ ပုံများကို တင်ထား၊ အမေရိကန်ကလည်း ကြေညာချက်ထုတ် ရန်ကုန်၊ ဇွန် ၁၉ ရန်ကုန်အခြေစိုက် ဥရောပသမဂ္ဂ၊ ဗြိတိန်၊ ကနေဒါ၊ ဆွီဒင်၊ ပြင်သစ်၊ နော်ဝေး၊ ဒိန်းမတ် အပါအဝင် နိုင်ငံတကာသံရုံးများက ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ကို ဂုဏ်ပြုသည့်အနေဖြင့် သံရုံးဖေ့ဘုတ်စ်စာမျက်နှာများ၏ နှင်းဆီပန်း၊ လူထုခေါင်းဆောင်၏ ပုံများကို ယနေ့ နံနက်ပိုင်းတွင် ပြောင်းလဲတင်ထားကြသည်။ ရန်ကုန်အခြေစိုက် ဥရောပသမဂ္ဂ၊ ဆွီဒင်၊ ပြင်သစ် အပါအဝင် ဥရောပနိုင်ငံများ၏ သံရုံးများက ၎င်းတို့ ဖေ့ဘုတ်စ်စာမျက်နှာများတွင် ဒေါ်အောင်ဆန်းစုကြည် ပန်းပန်ထားသော…
-
ဒေါ်အောင်ဆန်းစုကြည် ၈၀နှစ်ပြည့် မွေးနေ့မှာ ဗြိတိန်နဲ့ အီးယူတို့ သဘောထားရပ်တည်ချက်ထုတ်ဖော်ပြသ ■ ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ မတရားဖမ်းဆီးခံထားရသူများအားလုံးကို ချက်ချင်းပြန်လွှတ်ပေးဖို့ ဗြိတိန်တောင်းဆို
ဒေါ်အောင်ဆန်းစုကြည် ၈၀နှစ်ပြည့် မွေးနေ့မှာ ဗြိတိန်နဲ့ အီးယူတို့ သဘောထားရပ်တည်ချက်ထုတ်ဖော်ပြသ ■ ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ မတရားဖမ်းဆီးခံထားရသူများအားလုံးကို ချက်ချင်းပြန်လွှတ်ပေးဖို့ ဗြိတိန်တောင်းဆို ဇွန်-၁၉၊ ၂၀၂၅။ People’s Spring မတရားဖမ်းဆီးချုပ်နှောင်ခံထားရဆဲ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်(၈၀)နှစ်ပြည့် မွေးနေ့မှာ ရန်ကုန်မြို့ရှိ ဗြိတိန်သံရုံးနှင့် ဥရောပသမဂ္ဂ(EU)တို့က ၎င်းတို့ရဲ့ ရပ်တည်ချက်များကို ထုတ်ဖော်ပြသကြပါတယ်။ ဗြိတိန်သံရုံးက ဖမ်းဆီးချုပ်နှောင်ခံထားရဆဲဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၀) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် ဒီနေ့ သံရုံးဖေ့စ်ဘုတ်စာမျက်နှာ profile picture ကို ပြောင်းလဲထားပါတယ်။ ပြောင်းလဲလိုက်တဲ့ သံရုံးရဲ့ဓာတ်ပုံမှာ မြန်မာပြည်သူတွေက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်စားပြုမှုအဖြစ် တင်စားကြတဲ့ နှင်းဆီပန်းပွင့်များကို ထည့်သွင်းထားပါတယ်။ တဆက်တည်းမှာ ဗြိတိန်အစိုးရအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ မြန်မာနိုင်ငံအတွင်း မတရားဖမ်းဆီးခံထားရသူများအားလုံးကို ချက်ချင်းပြန်လွှတ်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။ ဥရောပသမဂ္ဂ(EU)သံရုံးကလည်း…
-
မြ၀တီမြို့လယ်ခေါင်တွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၈၀ ပြည့် မွေးနေ့ ဗီနိုင်းချိတ်ဆွဲ
မြ၀တီမြို့လယ်ခေါင်တွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၈၀ ပြည့် မွေးနေ့ ဗီနိုင်းချိတ်ဆွဲ ရန်ကုန်၊ ဇွန် ၁၉ ကရင်ပြည်နယ်၊ ထိုင်း-မြန်မာနယ်စပ်၊ မြ၀တီမြို့ပေါ်တွင် ယနေ့ နံနက်ပိုင်း လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၈၀ ပြည့် မွေးနေ့ ဗီနိုင်းကပ်ထားကြောင်း မြ၀တီမြို့မှ ပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ နံနက် ၇ နာရီအချိန် ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်သော မြ၀တီမြို့လယ်ခေါင် ဘုရင့်နောင်စျေးရှေ့တွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၈၀ ပြည့်နှစ် ဗီနိုင်းကို ချထားခြင်းဖြစ်ကြောင်း၊ ယင်းနေရာသည် မြ၀တီမြို့မရဲစခန်းနှင့် မလှမ်းမကမ်းတွင် ရှိကြောင်း သိရှိရသည်။ “ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၈၀ ပြည့် ဗီနိုင်းကို ချထားတာက မြဝတီမြို့လယ်ခေါင် ဘုရင့်နောင်စျေးမှာကိုကြီးရှေ့မှာဖြစ်ပါတယ်။ ဘေးသိပ်မဝေးတဲ့နေရာမှာ…