Category: News
-
ဖယ်ခုံမြို့နယ်၊ ဆောင်နန်းခဲရွာကို စစ်တပ်နှင့် လက်အောက်ခံ PNO ပြည်သူ့စစ်တို့က ပူးပေါင်း မီးရှို့ဖျက်ဆီးနေ
ဖယ်ခုံမြို့နယ်၊ ဆောင်နန်းခဲရွာကို စစ်တပ်နှင့် လက်အောက်ခံ PNO ပြည်သူ့စစ်တို့က ပူးပေါင်း မီးရှို့ဖျက်ဆီးနေ ရန်ကုန်၊ ဇွန် ၂၅ ရှမ်းပြည်နယ်နှင့်ကရင်နီပြည်အစပ်၊ ဖယ်ခုံမြို့နယ်၊ ဖယ်ခုံအင်းအရှေ့ဘက်ကမ်းရှိ ဆောင်နန်းခဲကျေးရွာကို စစ်တပ်နှင့် လက်အောင်ခံ PNO ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့က အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီး လျက်ရှိကြောင်း ဖယ်ခုံမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့မှ တာဝန်ရှိသူနှင့် ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။ ယမန်နေ့ ဇွန်လ ၂၃ ရက်နေ့ ဖယ်ခုံမြို့နယ်၊ ဖယ်ခုံအင်းအရှေ့ဘက်ရှိ ဆောင်နန်းခဲကျေးရွာကို စစ်တပ်က လေ ကြောင်း၊ လက်နက်ကြီးပစ်ကူပေးပြီး မြေပြင်မှလည်း စစ်သားနှင့် PNO ပြည်သူ့စစ်များက ပူးပေါင်းစစ်ကြောင်းထိုးလာကြောင်း၊ ယင်းနောက် ဆောင်းနန်းခဲကျေးရွာ တစ်ရွာလုံးနီးပါးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ၊ ယင်းအကြမ်းဖက်စစ်တပ် စစ်ကြောင်းမှာ မိုးဗြဲမြို့ အရှေ့ဘက်မှ…
-
ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှု ပြည်သူ ၇ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရ၊ ပခုက္ကူတွင်လည်း Y-12 လေယာဉ်ဖြင့် ဗုံးအလုံး ၃၀ ကျော်ကျဲချ
ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှု ပြည်သူ ၇ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရ၊ ပခုက္ကူတွင်လည်း Y-12 လေယာဉ်ဖြင့် ဗုံးအလုံး ၃၀ ကျော်ကျဲချ ရန်ကုန်၊ ဇွန် ၂၅ ကရင်နီပြည်၊ ဖားဆောင်းမြို့နယ်၊ မောချီးဒေသကို စစ်ကောင်စီတပ်က လေ ယာဉ် ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၇ ဦးထက်မနည်းသေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသနေပြည်သူများက ရန်ကုန် ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။ ယနေ့ ဇွန်လ ၂၅ ရက်နေ့ နံနက် ၁၁ နာရီခန့်အချိန် ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသ၊ တောင်ပေါ်ရွာတွင် တိုက်ပွဲ ဖြစ်ပွာခြင်း မရှိဘဲ စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ခဲသတ္တုတူးဖော်ရေးလုပ်ငန်းခွင်နှင့် ကုန်စုံဆိုင်တစ်ဆိုင် ပေါ်သို့…
-
တရုတ် NETA တံဆိပ် EVကားကုမ္ပဏီ ဒေဝါလီခံမှု မြန်မာ EV ကားဈေးကွက်ကိုပါ ရိုက်ခတ်ပြီး ဝယ်လိုအားထိုးကျ၊ မင်းအောင်လှိုင်သားနှင့်သမီးတို့ တင်သွင်းရောင်းချနေသော EV ကားများ၏ ဈေးကွက် အခြေအနေမလှ
တရုတ် NETA တံဆိပ် EVကားကုမ္ပဏီ ဒေဝါလီခံမှု မြန်မာ EV ကားဈေးကွက်ကိုပါ ရိုက်ခတ်ပြီး ဝယ်လိုအားထိုးကျ၊ မင်းအောင်လှိုင်သားနှင့်သမီးတို့ တင်သွင်းရောင်းချနေသော EV ကားများ၏ ဈေးကွက် အခြေအနေမလှ ရန်ကုန်၊ ဇွန် ၂၅ တရုတ်နိုင်ငံအခြေစိုက် NETA တံဆိပ် EVကားများ ထုတ်လုပ်နေသော Zhejiang Hozon New Energy Automobile ကုမ္ပဏီမှာ ဇွန်လ ၁၉ ရက်နေ့ ဒေဝါလီခံလိုက်ပြီဖြစ်ကြောင်း တရားဝင် ထုတ်ပြန်ကြေညာခဲ့ရာ အဆိုပါ ကြေညာမှုမှာ မြန်မာနိုင်ငံ၏ လျှပ်စစ်ကား ခေါ် EV ကားဈေးကွက်ကိုပါ အရှိန်အဟုန်ပြင်းပြင်း ရိုက်ခတ်နေပြီး ဝယ်လိုအားထိုးကျနေကြောင်း ရန်ကုန်အခြေစိုက် ကားဈေးကွက်ကျွမ်းကျင်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ တရုတ်နိုင်ငံမှ လျှပ်စစ်ကား NETA တံဆိပ် EV…
-
မိုးဗြဲတိုက်ပွဲ နှစ်ပါတ်ဆက် ပြင်းထန်နေ ■စစ်တပ်နှင့် PNO ပြည်သူ့စစ်မှ ဖယ်ခုံဘက်တွင်လည်းစစ်ကြောင်းထိုး၍ တိုက်ပွဲပြင်းထန်နေ
မိုးဗြဲတိုက်ပွဲ နှစ်ပါတ်ဆက် ပြင်းထန်နေ ■စစ်တပ်နှင့် PNO ပြည်သူ့စစ်မှ ဖယ်ခုံဘက်တွင်လည်းစစ်ကြောင်းထိုး၍ တိုက်ပွဲပြင်းထန်နေ ဇွန်-၂၅၊၂၀၂၅။ရဲခေါင်/People’s Spring ရှမ်းပြည်နယ်တောင်ပိုင်း နှင့် ကရင်နီပြည်နယ်ကိုချိတ်ဆက်ရာ မိုးဗြဲမြို့၌ တိုက်ပွဲများပြင်းထန်နေပြီးနှစ်ဖက်ထိခိုက်ကျဆုံးမှုများရှိနေသည်။ စစ်ကောင်စီက စစ်ရေးအရ အရေးပါသည့် မိုးဗြဲမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ရန် ယခုနှစ်ဆန်းပိုင်းမှ စ၍ အကြိမ်ကြိမ်ထိုးစစ်ဆင်နေရာ ဇွန်လ ၁၄ ရက်နောက်ပိုင်း မြေပြင်တိုက်ပွဲမှာ ပို၍ပြင်းထန်နေသည်ဟုသိရသည်။ “အခုအခြေနေက ဒီကောင်(စစ်ကောင်စီ)တွေ အနောက် ၂လိုင်း ၊၃လိုင်းပြန်ဆုတ်နေရတဲ့အထိ ကျနော်တို့ရဲ့ထိုးစစ်ကပြင်းထန်နေတယ်”ဟု မိုးဗြဲစစ်မြေပြင်ရှိရဲဘော်တစ်ဦးကလူထုနွေဦးသို့ပြောသည်။ နှစ်ပတ်ကျော်တိုက်ပွဲများအတွင်း ကရင်နီပူးပေါင်းတပ်မှ ရဲဘော် ၁၀ ဦး ခန့်ကျဆုံးထားရပြီး စစ်ကောင်စီ၏သေဆုံးမှုသည်လေးဆယ်ထက်မနည်း ရှိနိုင်ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့ကပြောသည်။ စစ်ကောင်စီတပ်သားအချို့ကို စစ်သုံ့ပန်းအဖြစ်ဖမ်းဆီးရရှိပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိသည်ဟု သိရသော်လည်း ကရင်နီပူးပေါင်းတပ်များထံ လူထုနွေဦးက မေးမြန်းထားဆဲ ဖြစ်သည်။ “တပ်ပေါင်းစုအသွင်နဲ့ စကစ…
-
ဘယ်လာရုစ်နှင့်ရုရှားသို့ သွားမည့် မင်းအောင်လှိုင်မိသားစုနှင့်အတူ ခရိုနီစီးပွားရေးသမားများလည်း လိုက်ပါကြမည်
ဘယ်လာရုစ်နှင့်ရုရှားသို့ သွားမည့် မင်းအောင်လှိုင်မိသားစုနှင့်အတူ ခရိုနီစီးပွားရေးသမားများလည်း လိုက်ပါကြမည် ရန်ကုန်၊ ဇွန် ၂၅ ဘယ်လာရုစ်နှင့်ရုရှားနိုင်ငံသို့ ယနေ့ သွားရောက်မည့် အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်မိသားစုနှင့်အတူ ခရိုနီစီးပွားရေးသမားကြီးများလည်း လိုက်ပါကြမည်ဖြစ်ကြောင်း UMFCCI သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဇွန်လ ၂၆ ရက်နေ့မှ ၂၇ ရက်နေ့ ဘယ်လာရုစ်နိုင်ငံ၊ မင့်စ်မြို့တွင် ပြုလုပ်မည့် စတုတ္တအကြိမ်မြောက် ဥရောပ-အာရှ စီးပွားရေး ဖိုရိမ် (EEF 2025 ) သို့တက်ရောက်မည်ဖြစ်ပြီး EAEU ၏ အလှည့်ကျဥက္ကဋ္ဌဖြစ်သည့် ဘယ်လာရုစ်နိုင်ငံသမ္မတနှင့် သီးခြားတွေ့ဆုံဆွေးနွေးခြင်း၊ ဥရောပ-အာရှ စီးပွားရေးကော်မရှင်ဘုတ်အဖွဲ့ဥက္ကဋ္ဌနှင့် တွေ့ဆုံဆွေးနွေးခြင်း၊ စက်ရုံ၊ အလုပ်ရုံများသို့ သွားရောက်လေ့လာခြင်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ခရီးစဉ်အတွင်း နှစ်နိုင်ငံအစိုးရနှင့် ပြည်သူများအကြား ချစ်ကြည်ရေး၊ စီးပွား…
-
ကန့်ဒေါင့်စခန်းသိမ်းတိုက်ပွဲတွင် ကျဆုံးခဲ့သည့် ရဲဘော်ကျော်ကြီး (ခ) ကျော်မျိုးသူရဲ့ မိဘများအား ရဲဘော်ရဲဘက်များ သွားရောက်ဂါရဝပြု (ရုပ်/သံ)
ကန့်ဒေါင့်စခန်းသိမ်းတိုက်ပွဲတွင် ကျဆုံးခဲ့သည့် ရဲဘော်ကျော်ကြီး (ခ) ကျော်မျိုးသူရဲ့ မိဘများအား ရဲဘော်ရဲဘက်များ သွားရောက်ဂါရဝပြု (ရုပ်/သံ) ဇွန် ၂၄၊ ၂၀၂၅ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကန့်ဒေါင့်ရဲစခန်းသိမ်းတိုက်ပွဲမှာ ကျဆုံးခဲ့ရတဲ့ တပ်စုမှူး ရဲဘော်ကျော်ကြီး (ခ) ကျော်မျိုးသူရဲ့ နာရေးစျာပနကို ဇွန်လ ၂၃ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ ကျားသစ်နက်တပ်မတော်က သတင်းထုတ်ပြန်ထားပါတယ်။ ရဲဘော်ကျော်ကြီး (ခ) ကျော်မျိုးသူဟာ ဇွန်လ ၁၉ ရက်က ကန့်ဒေါင့်ရဲစခန်းသိမ်းတိုက်ပွဲမှာ စစ် ကောင်စီတပ်သားတွေကို အလင်းဝင်ဖို့ ခေါ်ဆောင်ရာကနေ အသက်ပေးဆပ်ခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။ ကျဆုံးရဲဘော် ကျော်ကြီး (ခ) ကျော်မျိုးသူရဲ့ မိဘတွေကို ကျားသစ်နက်တပ်မတော်ရဲဘော်တွေက သွားရောက်ဂါရဝပြုခဲ့ကြပါတယ်။ Video – ကျားသစ်နက်တပ်မတော် မြိုင်တပ်ခွဲ
-
ရှေ့တန်းစစ်မြေပြင်သို့ စေလွှတ်ခံရသော စစ်မှုထမ်းတပ်သားသစ်များ အဆက်အသွယ်မရတော့ဘဲ ပျောက်ဆုံးနေပြီး သေသည်၊ ရှင်သည် မသိရဟု မိသားစုဝင်များပြော၊ စစ်တပ်ကို မေးသော်လည်း တိကျသော အဖြေမပေး
ရှေ့တန်းစစ်မြေပြင်သို့ စေလွှတ်ခံရသော စစ်မှုထမ်းတပ်သားသစ်များ အဆက်အသွယ်မရတော့ဘဲ ပျောက်ဆုံးနေပြီး သေသည်၊ ရှင်သည် မသိရဟု မိသားစုဝင်များပြော၊ စစ်တပ်ကို မေးသော်လည်း တိကျသော အဖြေမပေး ရန်ကုန်၊ ဇွန် ၂၅ ရခိုင်၊ မကွေးနှင့် စစ်ကိုင်းရှေ့တန်းစစ်မြေပြင်များသို့ စေလွှတ်ခံရသော စစ်မှုထမ်းတပ်သားသစ်များမှာ အဆက်အသွယ်မရတော့ဘဲ ပျောက်ဆုံးနေကာ သေသည်၊ရှင်သည် မသိရတော့ကြောင်း မိသားစုဝင်တချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ရန်ကုန်တိုင်း၊ ဒလမြို့နယ်မှ အသက် ၂၀ နှစ်အရွယ် မောင်ကျော်မြင့်သည် ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁၂ ရက်နေ့ ည ၇ နာရီအချိန် ပန်းရံလုပ်ပြီးပြန်လာချိန် ရန်ကုန်-ဒလကမ်းကူး ဇက်ရေယာဉ် စီးနင်းရင်း ပေါ်တာဆွဲ ဖမ်းဆီးခံခဲ့ရကြောင်း၊ ဖမ်းဆီးခံရချိန်က ခါးပိုက်နှိုက်အဖြစ် မသင်္ကာဟုဆိုကာ အမျိုးသား ၃ ဦးက ၀ိုင်းဝန်း…
-
ငါးဇွန်၊ မြို့သာရဲစခန်းမှ အိမ်စီးကားဖြင့် ထွက်လာသော စစ်ကောင်စီ တပ်သားများကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်ဗိုလ် ၁ ဦး အပါအဝင် ၂ ဦးသေဆုံး (ရုပ်/သံ)
ငါးဇွန်၊ မြို့သာရဲစခန်းမှ အိမ်စီးကားဖြင့် ထွက်လာသော စစ်ကောင်စီ တပ်သားများကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်ဗိုလ် ၁ ဦး အပါအဝင် ၂ ဦးသေဆုံး (ရုပ်/သံ) ရန်ကုန်၊ ဇွန် ၂၄ မန္တလေးတိုင်း၊ ငါးဇွန်မြို့နယ်၊ မြို့သာရဲစခန်းမှ အိမ်စီးကားဖြင့် ထွက်လာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို မိုင်းဆွဲ တိုက်ခိုက်ရာ စစ်ဗိုလ် ၁ ဦး အပါအဝင် ၂ ဦးသေဆုံးခဲ့ကြောင်း နဂါးနီ ပြောက်ကျားတပ်ဖွဲ့ – မြင်းခြံမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ ဇွန်လ ၂၄ ရက်နေ့ နံနက် ၇ နာရီ ၃၀ မိနစ်ခန့်တွင် ငါန်းဇွန်မြို့နယ်၊ မြို့သာ အထိုင်ရဲစခန်းမှ…
-
နောင်ချိုတွင် တော်လှန်ရေးတပ်များရဲ့ တန်ပြန်ထိုးစစ်စတင်
နောင်ချိုတွင် တော်လှန်ရေးတပ်များရဲ့ တန်ပြန်ထိုးစစ်စတင် ဇွန်-၂၄၊၂၀၂၅/People’s Spring+ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်မှာတော်လှန်ရေးတပ်ဖွဲ့တွေရဲ့ စစ်ကောင်စီတပ်အပေါ် တန်ပြန်ထိုးစစ် ဒီကနေ့ (ဇွန်လ ၂၄ရက်) မနက်မှာ စတင်ခဲ့လိုက်ပြီလို့လူထုနွေဦးကစုံစမ်းသိရပါတယ်။ “တန်ပြန်ထိုးစစ်ဒီမနက်စတာပါ”လို့ နောင်ချိုဒေသက စစ်မြေပြင်မှာရှိနေတဲ့ အမည်မဖော်လိုတဲ့ PDF တဦးက ပြောပါတယ်။ ၁၀၂၇ စစ်ဆင်ရေးအပိုင်း(၂) စတင်ခဲ့တဲ့နေ့ ရဲ့ ၁ နှစ်ပြည့် နှစ်ပါတ်လည်နေ့ မရောက်မီ တစ်ရက်အလိုမှာ နောင်ချိုမြို့နယ်ကို တော်လှန်ရေးတပ်ဖွဲ့တွေက တန်ပြန်ထိုးစစ် ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ၁၀၂၇ စစ်ဆင်ရေးအပိုင်း(၂)ကို ၂၀၂၄ ဇွန်လ ၂၅ရက်နေ့မှာစတင်ခဲ့ပြီး အဲဒီနေ့မှာဘဲ တအာင်းတပ်မတော်(TNLA)နဲ့ PDFပူးပေါင်းတပ်တွေက နောင်ချိုမြို့ကို စတင်သိမ်းပိုက်ခဲ့ပါတယ်။ TNLA ၊ မန္တလေးPDF ၊DPLA ၊အညာက PDF တွေ အပါအဝင် ပူးပေါင်းတပ်တွေဟာ ၁၀၂၇ ဒုတိယလှိုင်း…
-
ထီးကပလယ်စခန်းမှ ထွက်ပြေးသွားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို လိုက်လံ တိုက်ခိုက်မှု စစ်သား ၄ ဦးအရှင်ဖမ်းဆီးရရှိပြီး လက်နက် ၁၆ လက် သိမ်းဆည်းရရှိ
ထီးကပလယ်စခန်းမှ ထွက်ပြေးသွားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို လိုက်လံ တိုက်ခိုက်မှု စစ်သား ၄ ဦးအရှင်ဖမ်းဆီးရရှိပြီး လက်နက် ၁၆ လက် သိမ်းဆည်းရရှိ ရန်ကုန်၊ ဇွန် ၂၄ ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ ထိုင်း-မြန်မာနယ်စပ်ရှိ ထီးကပလယ်စစ်စခန်းကို ကရင့်တော်လှန်ရေးတပ်များက သိမ်းပိုက်ရရှိပြီးနောက် ထိုင်းဘက်သို့ ထွက်ပြေးသွားသော စစ်သားများကိုလိုက်လံတိုက်ခိုက်ရှင်းလင်းရာ စစ်သား ၄ ဦးအရှင်ဖမ်းဆီးရရှိထားကြောင်း ကရင့်တော်လှန်ရေးစစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဇွန်လ ၂၂ ရက်နေ့ မွန်းလွဲ ၃ နာရီ ၄၅ မိနစ်အချိန် ထိုင်း-မြန်မာနယ်စပ်ရှိ စစ်ကောင်စီတပ်၏ ထီးကပလယ် စစ်စခန်းကို သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါစခန်းမှ စစ်ကောင်စီတပ်သားများမှာ ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးသွားကြောင်း၊ ထွက်ပြေးသွားသော စစ်သားများကို တော်လှန်ရေးတပ်များက လိုက်လံ ဖမ်းဆီး နယ်မြေရှင်းလင်းရာ စစ်သား ၄…