Category: News
-
၂၄ နာရီအတွင်း ငလျင်ဒဏ်သင့်ဒေသများအပါ တိုင်းနှင့် ပြည်နယ်များတွင် မိုးရွာနိုင်
၂၄ နာရီအတွင်း ငလျင်ဒဏ်သင့်ဒေသများအပါ တိုင်းနှင့် ပြည်နယ်များတွင် မိုးရွာနိုင် * * * * * ငလျင်ဒဏ်သင့် ဒေသများအပါ တိုင်းနှင့် ပြည်နယ်များတွင် လာမည့် (၂၄) နာရီအတွင်း မိုးရွာနိုင်သည်ဟု မိုးလေဝသ ပညာရှင် ဦးဝင်းနိုင်က ယနေ့ ၂၀၂၅ခုနှစ် ဧပြီလ (၅)ရက်နေ့တွင် အသိပေးထားသည်။ ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းတွင် ဖြစ်ပေါ်နေသည့် လေပွေလှိုင်းကြောင့် လာမည့် (၂၄) နာရီအတွင်း ချင်း၊ ကချင်၊ ကရင်၊ မွန်နှင့် တနင်္သာရီတိုင်း ထားဝယ်မြို့ အထက်ဘက်တို့တွင် နေရာစိပ်စိပ်နှင့် ရှမ်းပြည်နယ် အရှေ့ပိုင်းတွင် မိုးများနိုင်ကာ (၂၄) နာရီအတွင်း (၄၀)မီလီမီတာအထက် (၁.၆)လက်မခန့် ရွာသွန်းနိုင်သည်ဟု ဆိုသည်။ ထို့အပြင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊…
-
ဘူတန်ဝန်ကြီးချုပ်က လူမှုကွန်ရက်မှာ တင်ထားသည့် မြန်မာစစ်ခေါင်းဆောင်နှင့် တွဲရိုက်ခဲ့သည့် ဓာတ်ပုံကို ပြန်လည်ဖယ်ရှား
ဘူတန်ဝန်ကြီးချုပ်က လူမှုကွန်ရက်မှာ တင်ထားသည့် မြန်မာစစ်ခေါင်းဆောင်နှင့် တွဲရိုက်ခဲ့သည့် ဓာတ်ပုံကို ပြန်လည်ဖယ်ရှား ဧပြီ ၅ ၊ ၂၀၂၅ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ဧပြီလ ၄ ရက်က မြန်မာစစ်ခေါင်းဆောင် အကြမ်းဖက်မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့တဲ့ ဓာတ်ပုံတစ်ပုံကို ဘူတန်ဝန်ကြီးချုပ်က လူမှုကွန်ရက်စာမျက်နှာမှာမှာ ချီးကျူးစကားတွေ ရေးသားတင်ခဲ့ပြီးနောက် ပြန်လည်ဖယ်ရှားလိုက်တယ်လို့ သိရပါတယ်။ အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင်ကို ချီးကျူးတဲ့ စာသားတွေနဲ့ တင်ထားတဲ့ အဆိုပါပို့စ်အောက်မှာ မြန်မာပြည်သူတွေက ပြင်းထန်တဲ့ ကန့်ကွက်စာတွေ ရေးသားခဲ့ပြီးနောက် ဧပြီ ၅ ရက် ဒီနေ့မှာတော့ ဘူတန်ဝန်ကြီးချုပ်က ပို့စ်ကို ပြန်လည်ဖယ်ရှားခဲ့တာဖြစ်ပါတယ်။ အကြမ်းဖက်မင်းအောင်လှိုင်ဟာ မြန်မာပြည်သူလူထုရဲ့ တရားဝင်ခေါင်းဆောင်မဟုတ်ဘဲ ပြည်သူတွေကို သတ်ဖြတ်နေတဲ့ အကြမ်းဖက်တစ်ယောက်သာ ဖြစ်ပြီး မင်းအောင်လှိုင်နဲ့ ထိတွေ့ဆက်ဆံတာ မပြုလုပ်ဖို့နဲ့ တရားဝင်မှုပေးတဲ့ လုပ်ရပ်မျိုးကို…
-
ကပစ ၁၁ မစ်ဇိုင်းဒုံးဖြင့် ပစ်ခတ်ခံရ
ကပစ ၁၁ မစ်ဇိုင်းဒုံးဖြင့် ပစ်ခတ်ခံရ ယမန်နေ့ ဧပြီလ ၄ ရက်နေ့ ည ၉ နာရီ ၅၀ မိနစ်ခန့်တွင် တိုက်ကြီးမြို့နယ်ရှိ အကြမ်းဖက်စစ်တပ်၏ အမှတ် ၁၁ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ ၁၁) ကို ပစ်မှတ်ထား၍ တာဝေးပစ် မစ်ဇိုင်းဒုံး ၃ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Urban Special Operation (USO) မှ သတင်းထုတ်ပြန်ထားသည်။ Shadow (S.A.F) အဖွဲ့နှင့် ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းလည်း ဆိုထားသည်။ 05 Apr 2025 #RangoonScoutNetwork
-
“စစ်ကိုင်းငလျင်ကြောင့် နေအိမ်ပျက်စီးဆုံးရှုံးခဲ့ပေမဲ့ တရားနဲ့ဖြေခဲ့တဲ့ မနော”
“စစ်ကိုင်းငလျင်ကြောင့် နေအိမ်ပျက်စီးဆုံးရှုံးခဲ့ပေမဲ့ တရားနဲ့ဖြေခဲ့တဲ့ မနော” စစ်ကိုင်းငလျင်ဒဏ်ကြောင့် နေအိမ်ပြိုကျ ပျက်စီးဆုံးရှူံးခဲ့ရသူတွေထဲမှာ တေးသံရှင်မနောရဲ့ နေအိမ်လည်း ပါဝင်သွားခဲ့ပါတယ်။ အောက်ထပ်တစ်ထပ်လုံး မြေကြီးထဲကျွံဝင်သွားခဲ့ကာ အပေါ်ထပ်ကလည်း ပျက်စီးသွားခဲ့ရတဲ့အခြေအနေပါ။ နေအိမ်ပျက်စီးဆုံးရှုံးခဲ့ပေမဲ့ မြတ်စွာဘုရားဟောကြားခဲ့တဲ့ တရားတော်တွေကို အလေးအနက်ထား နာယူလေ့ရှိတဲ့ မနောက ဒီဖြစ်ရပ်ပေါ်မှာလည်း တရားနဲ့သာဖြေကြောင်း အခုလို ရေးသားထားတာပါ။ “အရာအားလုံးက မမြဲဘူးဆိုတာ ပိုပြီးလက်တွေ့သိလာခဲ့ရတယ်” #MaNaw #မနော
-
မင်းအောင်လှိုင်အလိုမရှိကြောင်းဆန္ဒပြ ထိုင်းလူမျိုးများနှင့် ဆန္ဒပြပွဲလာရောက်ဟန့်တားသည့် ထိုင်းအမျိုးသားရေးလှုပ်ရှားသူများ ရုန်းရင်းဆန်ခတ်ဖြစ်
မင်းအောင်လှိုင်အလိုမရှိကြောင်းဆန္ဒပြ ထိုင်းလူမျိုးများနှင့် ဆန္ဒပြပွဲလာရောက်ဟန့်တားသည့် ထိုင်းအမျိုးသားရေးလှုပ်ရှားသူများ ရုန်းရင်းဆန်ခတ်ဖြစ် ဧပြီ ၅၊၂၀၂၅။နဒီ/People’s Spring စစ်ခေါင်းဆောင်မင်းအေင်လှိုင်အလိုမရှိကြောင်း ကန့်ကွက်ဆန္ဒပြသည့် ထိုင်းလူမျိုးများ၏ ဆန္ဒပြပွဲ လာရောက်ဟန့်တားသည့် ထိုင်းအမျိုးသားရေးလှုပ်ရှားသူများနှင့် ရုန်းရင်းဆန်ခတ်ဖြစ်ပွားပြီး ရဲတပ်ဖွဲ့က ဝင်ရောက်ထိန်းသိမ်းခဲ့ရကြောင်း သတင်းရရှိသည်။ ယနေ့(ဧပြီ ၅ရက်) နံနက် ၁၁နာရီခန့်က ဘန်ကောက်မြို့ရှိ ကုလသမဂ္ဂ UNရုံးရှေ့၌ ထိုင်းလူမှုအသင်းအဖွဲ့ဖြစ်သော Bright Future အဖွဲ့သည် နိုင်ငံသား ၆,၀၀၀ကျော်သတ်ဖြတ်ထားသည့် စစ်ခေါင်းဆောင်မင်းအောင်လှိုင်အား ထိုင်းနိုင်ငံသို့ ဖိတ်ခေါ်မှုအပေါ် ကန့်ကွက်ဆန္ဒပြခဲ့သည်။ အဆိုပါ ဆန္ဒပြပွဲလာရောက်ဟန့်တားသော ထိုင်းအမျိုးသားရေးအဖွဲ့ဖြစ်သည့် ပြည်သူ့ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကော်မတီ(PDRC)မှ နှုတ်ခမ်းမွှေး(နာမည်ပြောင်)ဦးဆောင်သော လူအချို့က မင်းအောင်လှိုင်ဆန့်ကျင်ရေးဆန္ဒပြသူများအား စတင်ရန်ရှာခဲ့ကြောင်း Bright Future အဖွဲ့နှင့် နီးစပ်သူက လူထုနွေဦးသို့ ပြောသည်။ ” ဆန္ဒပြပွဲမှာမြန်မာတွေမပါဘူ။ အခု ထိုင်းနှုတ်ခမ်းမွှေးက လာရန်ရှာတာ။…
-
ထိုင်းနိုင်ငံတွင် BIMSTEC အစည်းအဝေးတက်ရောက်ခဲ့သည့် အကြမ်းဖက် မင်းအောင်လှိုင် သတ်မှတ်ရက်ထက်စော၍ ညတွင်းချင်း နေပြည်တော်သို့ ပြန်လာ
ထိုင်းနိုင်ငံတွင် BIMSTEC အစည်းအဝေးတက်ရောက်ခဲ့သည့် အကြမ်းဖက် မင်းအောင်လှိုင် သတ်မှတ်ရက်ထက်စော၍ ညတွင်းချင်း နေပြည်တော်သို့ ပြန်လာ ရန်ကုန်၊ ဧပြီ ၅ ထိုင်းနိုင်ငံတွင် BIMSTEC အစည်းအဝေးတက်ရောက်ခဲ့သည့် အကြမ်းဖက် မင်းအောင်လှိုင်သည် အစည်းအဝေးပြီးသည်နှင့် သတ်မှတ်ရက်စော၍ ညတွင်းချင်း နေပြည်တော်သို့ ပြန်လည်ထွက်ခွာခဲ့ကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။ အကြမ်းဖက် မင်းအောင်လှိုင်သည် ယမန်နေ့ ည ၉ နာရီတွင် ဘန်ကောက်မြို့မှ ထွက်ခွာပြီး ည ၁၀ နာရီအချိန် နေပြည်တော်သို့ ပြန်လည်ရောက်ရှိခဲ့သည်။ ဧပြီလ ၃ ရက်နေ့တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့သို့ စစ်တပ် အထူးလေယာဉ်ဖြင့် ထွက်ခွာခဲ့ပြီး ဧပြီလ ၄ ရက်နေ့ BIMSTEC အစည်းအဝေး တက်ရောက်ခဲ့သော အကြမ်းဖက် မင်းအောင်လှိုင်သည် ယမန်နေ့ ညတွင်းချင်း…
-
မန္တလေးမြို့ပေါ်တွင် ရုပ်အလောင်းများ ပြန်မဖော်နိုင်သေးသည့် ပြိုကျ နေအိမ်နှင့် အဆောက်အအုံများစွာရှိနေပြီး မြေတူးစက် ငှားရမ်းခများ သိန်းရာချီထိ ဈေးမြင့်တက်နေ
မန္တလေးမြို့ပေါ်တွင် ရုပ်အလောင်းများ ပြန်မဖော်နိုင်သေးသည့် ပြိုကျ နေအိမ်နှင့် အဆောက်အအုံများစွာရှိနေပြီး မြေတူးစက် ငှားရမ်းခများ သိန်းရာချီထိ ဈေးမြင့်တက်နေ ရန်ကုန်၊ ဧပြီ ၅ မန္တလေးမြို့ပေါ်တွင် ရုပ်အလောင်းများ ပြန်မဖော်နိုင်သေးသည့် နေရာများစွာရှိနေပြီး မြေတူးစက် ငှားရမ်းခများ သိန်းရာချီထိ ဈေးမြင့်တက်နေကြောင်း အိမ်ပြိုကျခဲ့ရသည့် အိမ်ပိုင်ရှင်များက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ မတ်လ ၂၈ ရက်နေ့တွင် လှုပ်ခတ်ခဲ့သော အင်အားပြင်း မြေငလျင်ကြောင့် မန္တလေးမြို့သည် ၈၀ ရာခိုင်နှုန်းခန့် ပျက်စီးခဲ့ပြီး လက်ရှိချိန်ထိ အပျက်အစီး အားလုံးရှင်းလင်းနိုင်ခြင်းမရှိသေးဘဲ ရုပ်အလောင်းများစွာကိုလည်း တူးဖော်နိုင်ခြင်းမရှိသေးကြောင်း သိရသည်။ ရုပ်အလောင်းများ တူးဖော်နိုင်ရန် မြေတူးစက် ငှားရမ်းခများလည်း များစွာမြှင့်တက်နေပြီး သိန်းရာချီ ပေးဆောင်နိုင်မှသာ ငှားရမ်းနိုင်ကြောင်း၊ ထိုသို့ ငှားရမ်းခများ မြင့်တက်နေသော်လည်း ငွေကြေး ချမ်းသာသူများ၊…
-
နေပြည်တော်တွင် ငလျင်ဒဏ်သင့် Non-CDM ဝန်ထမ်းများ ရုံးမဖြစ်မနေ ပြန်လည်တက်ကြရန်နှင့် နေပြည်တော်ပြင်ပသို့ ပြောင်းရွှေ့ ထွက်ခွာခြင်းမလုပ်ရန် စစ်ကောင်စီက ညွှန်ကြား 🟥 ငလျင်ဒဏ်သင့် ဝန်ထမ်းများ စားဝတ်နေရေး အဆင်ပြေစေရန် စစ်ကောင်စီက ပံ့ပိုးမှု အလွန်နည်းပါး
နေပြည်တော်တွင် ငလျင်ဒဏ်သင့် Non-CDM ဝန်ထမ်းများ ရုံးမဖြစ်မနေ ပြန်လည်တက်ကြရန်နှင့် နေပြည်တော်ပြင်ပသို့ ပြောင်းရွှေ့ ထွက်ခွာခြင်းမလုပ်ရန် စစ်ကောင်စီက ညွှန်ကြား 🟥 ငလျင်ဒဏ်သင့် ဝန်ထမ်းများ စားဝတ်နေရေး အဆင်ပြေစေရန် စစ်ကောင်စီက ပံ့ပိုးမှု အလွန်နည်းပါး ရန်ကုန်၊ ဧပြီ ၅ . နေပြည်တော်တွင် ငလျင်ဒဏ်သင့် Non-CDM ဝန်ထမ်းများအနေဖြင့် ရုံးမဖြစ်မနေ ပြန်လည်တက်ကြရန်နှင့် နေပြည်တော်ပြင်ပသို့ ပြောင်းရွှေ့ ထွက်ခွာခြင်းမလုပ်ရန် စစ်ကောင်စီက ညွှန်ကြားလာကြောင်း နေပြည်တော် Non-CDM ဝန်ထမ်းများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ မတ်လ ၂၈ ရက်နေ့ မွန်းလွဲပိုင်း လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် နေပြည်တော်ရှိ ဝန်ထမ်းအိမ်ရာများ၊ ဝန်ကြီးဌာနရုံးများစွာ ပြိုကျပျက်စီးမှုများစွာဖြစ်ပေါ်ခဲ့သည့်အပြင် ဝန်ထမ်းများနှင့် မိသားစုဝင်များလည်း သေဆုံးမှုများ ရှိခဲ့ကြောင်း၊ မတ်လ ၂၈…
-
စစ်ကောင်စီတပ် ထိုးစစ်ဆင်လာ၍ တောင်းခမ်း၌ တိုက်ပွဲဖြစ် ▪️စဉ့်ကူးမြို့နယ်ကို စစ်ကောင်စီ ယနေ့ လေကြောင်းတိုက်ခိုက်၍ ပြည်သူ ၂ဦးထိခိုက်
စစ်ကောင်စီတပ် ထိုးစစ်ဆင်လာ၍ တောင်းခမ်း၌ တိုက်ပွဲဖြစ် ▪️စဉ့်ကူးမြို့နယ်ကို စစ်ကောင်စီ ယနေ့ လေကြောင်းတိုက်ခိုက်၍ ပြည်သူ ၂ဦးထိခိုက် ဧပြီ ၄၊၂၀၂၅။ဟန်နွေ/People’s Spring တအာင်းတပ်မတော်(TNLA)ပါဝင်သည့် ညီနောင်မဟာမိတ် (၃)ဖွဲမှ ငလျင်ဘေးကြောင့် တိုက်ပွဲဖြစ်ပွားနေသော နေရာများတွင် ထိုးစစ်ပြုလုပ်မည်မဟုတ်ဘဲ တစ်လတာ တစ်ဖက်သတ် အပစ်ရပ်ကြောင်းကြေညာခဲ့သော်လည်း စစ်ကောင်စီတပ်က ထိုးစစ်ဆင်လာ၍ နောင်ချိုမြို့နယ်၊တောင်းခမ်းဒေသ၌ တိုက်ပွဲဖြစ်ခဲ့ကြောင်း TNLAက ထုတ်ပြန်သည်။ TNLA၊ ကိုးကန့်(MNDAA)၊အာရက္ခတပ်တော် (AA) ညီနောင်သုံးဖွဲ့က ဧပြီ တစ်လလုံးအပစ် ရပ်ကြောင်း ကြေညာထားပြီး စစ်ကောင်စီကလည်း ဧပြီ ၂ရက်မှ ၂၂ရက်နေ့အထိ ရက်ပေါင်း ၂၀ကြာ ယာယီအပစ်ရပ်မည်ဟု ကြေညာထားသော်လည်း စစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှုများ၊ ထိုးစစ်ဆင်မှုများ ပြုလုပ်လျက်ရှိသည်။ အပစ်ရပ်ကြေညာပြီးသော်လည်း ဧပြီ ၃ရက် နေ့လည် ၁၂နာရီခန့်တွင်…
-
မြန်မာ့ငလျင်ဘေးအတွက် Quad အဖွဲ့ဝင် ၄ နိုင်ငံ ပူးပေါင်းကူညီမည်
မြန်မာ့ငလျင်ဘေးအတွက် Quad အဖွဲ့ဝင် ၄ နိုင်ငံ ပူးပေါင်းကူညီမည် ဧပြီ ၄၊ ၂၀၂၅ ဆိုးရွားပြင်းထန်ခဲ့တဲ့ မြန်မာနိုင်ငံရဲ့ ငလျင်ဘေးအတွက် Quad အဖွဲ့ ဝင် ၄ နိုင်ငံက ကူညီမှုတွေပြုလုပ်ပေးသွားမယ်လို့ ဒီနေ့ ဧပြီလ ၄ရက်နေ့မှာ ပူးတွဲကြေညာချက်တစ်စောင် ထုတ်ပြန်လိုက်ပါတယ်။ အဖွဲ့ဝင် ၄ နိုင်ငံဖြစ်တဲ့ အမေရိကန်၊ ဂျပန်၊ ဩစတြေးလျနဲ့ အိန္ဒိယ ဒုတိယနိုင်ငံခြားရေးဝန်ကြီးတွေ ဆက်သွယ်ဆွေးနွေးပြီး မြန်မာ့ငလျင်ဘေးကို ကူညီဖို့ ဆုံးဖြတ်လိုက်ကြတာ ဖြစ်ပါတယ်။ ငလျင်ကြောင့် ထိခိုက်သေဆုံးမှုတွေနဲ့ အခြေခံအဆောက်အအုံတွေ ကြီးကြီးမားမားပျက်စီးဆုံးရှုံးမှုတွေက လက်ရှိ လူသားချင်းဆိုင်ရာ ဒုက္ခတွေကို ပိုမိုဆိုးဝါးစေတယ်လို့ Quad အဖွဲ့ဝင်နိုင်ငံတွေက ပြောပါတယ်။ မြန်မာငလျင် ပျက်စီးဆုံးရှုံးမှုတွေအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီနဲ့ သဘာ၀ဘေးအန္တရာယ် ကယ်ဆယ်ရေးလုပ်ငန်းတွေကို အထိရောက်ဆုံး ကူညီမှုသွားမယ်လို့လည်း…